BEC-TERO TV

နှာခေါင်းစည်း ဝတ်ခြင်းကြောင့်သာ ဗိုင်းရပ်စ်ကူးစက်ခံရမည့် အန္တရာယ်မြင့်မား

03 Mar 2020     895 Views


ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း၊ N95 နှာခေါင်းစည်၊ အသက်ရှုလမ်းကြောင်း ကာကွယ်သည့်နှာခေါင်းစည်း အစရှိတဲ့ မည်သည့် နှာခေါင်းစည်းကိုပဲ ဖြစ်ဖြစ် တပ်ဆင်ထားခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်နိုင်သည့်အပြင် ရောဂါပိုးကူးစက်ခံရမည့် အန္တရာယ် ပို၍မြင့်မားကြောင်း ဆေးသိပ္ပံပညာရှင် ပရော်ဖက်ဆာများက ထုတ်ဖော်ပြောကြားလိုက်သည်။

“အတန်အသင့် ကျန်းမာရေးကောင်းသူတွေအနေနဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ဖို့ မလိုပါဘူး၊ နှာခေါင်းစည်းတွေကို မဝတ်ဆင်သင့်ဘူး” ဟု အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်မှ ရောဂါကာကွယ်တားဆီးရေး အထူးကုဆရာဝန်ကြီး ပရော်ဖက်ဆာ Dr.Eli Perencevich က ပြောကြားလိုက်ပါတယ်။

“ကျန်းမာရေးကောင်းတဲ့ သူတွေ နှာခေါင်းစည်းဝတ်ဆင်လို့ ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်ဆိုတာ သက်သေပြစရာမရှိသေးပါဘူး၊ အကယ်၍ နှာခေါင်းစည်း တပ်ဆင်တဲ့ ပုံစံမမှန်မကန်ဖြစ်ခဲ့ရင်သာ ရောဂါပိုးကူးစက်ဖို့ အလားအလာရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ နှာခေါင်းစည်း တပ်ဆင်ထားတဲ့အတွက် မကြာခဏဆိုသလို မျက်နှာတဝိုက်ကို ပုံမှန်ထက်ပိုပြီး ထိတွေ့ကိုင်တွယ်မိတတ်ကြတာကြောင့်ပါ” လို့ Forbes မဂ္ဂဇင်းကြီးကို ပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။

နှာခေါင်းစည်ကို မှန်မှန်ကန်ကန် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကို သိသည့်တိုင်အောင် နှာခေါင်းစည်း မဝတ်ဆင်သင့်ပါဘူး၊ နှာခေါင်းစည်းကို သင်ကိုယ်တိုင်က ဖျားနာပြီး နေမကောင်းဖြစ်နေမှသာ ဝတ်ဆင်သင့်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူ့ခန္ဓာကိုယ်ကနေထွက်တဲ့ အရည် အစက် (နှာရည်၊ မျက်ရည်၊ တံတွေး) စတဲ့ အရာကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ လေထဲကနေ ကူးစက်တာ မဟုတ်ပါဘူး။ နှာခေါင်းစည်းတွေဟာ ကိုယ့်ရဲ့ အရည်အစက်တွေ ပြင်ပကို ထွက်မသွားအောင်၊ ကိုယ်တိုင်နေမကောင်းဖြစ်တာတွေ သူများကို မကူးစက်အောင် ကာကွယ်တဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ နေမကောင်းတဲ့အချိန် လူတွေကြားထဲသွားရတော့မယ်ဆိုရင် နှာခေါင်းစည်း တပ်ဆင်ပါ။ နောက်တစ်ချက်က ရောဂါပိုးရှိတဲ့သူတွေကို အနီးကပ်ပြုစုဖို့ လိုလာတဲ့အခါ ဘယ်လို နှာခေါင်းစည်းမျိုးကို တပ်ဆင်ဖို့ လိုတယ်ဆိုတာကို သေချာစွာ သိထားရပါမယ်” ဟု Dr.Perencevich က ဆိုပါတယ်။

N95 နဲ့ အသက်ရှုလမ်းကြောင်း ကာကွယ်ရေး နှာခေါင်းစည်းတွေကရော အပြည့်အဝ လုံခြုံစိတ်ချရမှုရှိပါသလားလို့ မေးရင် ‘မရှိပါဘူး’ လို့ ပြန်ဖြေရမှာဖြစ်ပါတယ်။ ဒီအဖြေကို ဟုတ်မှန်ကြောင်း 3M နဲ့ နှာခေါင်းစည်းတွေကို အဓိကထုတ်လုပ်နေကြတဲ့ စက်ရုံကြီးတွေကိုယ်တိုင်က “အသက်ရှုလမ်းကြောင်း ကာကွယ်ဖို့ မည်သို့ပင် အထပ်ထပ်ကာဆီးထားပါစေ မမျှော်လင့်ပဲ တစ်နေရာလေးမှာ သေးသေးလေး ပေါက်နေခဲ့ရင်တောင် ကူးစက်နိုင်ပါတယ်”လို့ ဝန်ခံထားပါတယ်။

နှာခေါင်းစည်း ဝတ်ဆင်ထားလို့ လုံခြုံတယ်ဆိုတဲ့ အထင်လွဲမှားမှုကြောင့် နှာခေါင်းစည်းကို ပြန်မဖြုတ်ခင် ဒါမှမဟုတ် မဝတ်ဆင်ခင်မှာ မိမိရဲ့လက်ကို စင်ကြယ်အောင် ဆေးမထားဖူးဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ပိုပြီးမြင့်တက်နိုင်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ကားကွယ်ဖို့ဆိုရင် အကောင်းဆုံးက မကြာခဏ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပါ၊ မျက်နှာတစ်ဝိုက်ကို အတတ်နိုင်ဆုံး ထိတွေ့ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါပိုးကို စာအိပ်ထဲထည့်ပိတ်ထားတာနဲ့ဆင်တူကြောင်း မကြာခဏ လက်ဆေးပေးခြင်းဖြင့် အရေပြားမှာ စေးကပ်နေတာတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဗိုင်းရပ်စ်ပိုးကို သေစေနိုင်ကြောင်း John Hopkins University မှ ပရော်ဖက်ဆာ Karen Fleming က အကြံပြုထားသည်။


03 Mar 2020     895 Views




RELATED

Most Popular of Special or Others

Most Popular of NEWS