BEC-TERO TV

ရေသောက်များလွန်းခြင်းက ကျန်းမာရေးအတွက်သင့်တော်ရဲ့လား..?

11 Mar 2020     2,050 Views


ရေဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ နေ့တစ်နေ့အတွက်  ရေပမာဏလုံလုံလောက်လောက် သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ရေကိုလုံလောက်စွာသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်အတွက် သွေးလည်ပတ်မှုကိုအထောက်အကူပြုခြင်း၊ ရေဓါတ်ဖြည့်ဆည်းပေးခြင်း စသောအကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုသလို အတိုင်းထက်အလွန် လိုအပ်တာထက်ပိုနေရင် ဘယ်အရာမှ သိပ်မကောင်းလှပါ၊ ဒါ့ကြောင့် ရေသောက်များလွန်းရင်လည်း ဘယ်လိုကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်သလဲဆိုတာ အဖြေရှာကြည့်ကြရအောင်။

သင်သာ ရေများများသောက်ခဲ့ရင် ခဏနေမှာ ဆီးသွားချင်လာမယ်။ တကယ်လို့ သင်ဆီးသွားတဲ့အခါ သင်ရဲ့ဆီးအရောင်က ကြည်နေရင် အဲဒါ သိပ်ပြီးတော့မကောင်းလှပါဘူး  ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲဝင်ရောက်သွားတဲ့ ရေများဟာ အစာချေစနစ်ကိုဖြတ်ကျော်ရပြီး ဆီးအဖြစ်နဲ့ ပြန်လည်စွန့်ထုတ်သွားရပါတယ်။ ဗိုက်ထဲမှာအစာရှိမနေရင်၊ အထူးသဖြင့် ဗိုက်ထဲအစာမရှိသေးဘဲ ရေသောက်ခဲ့တာမျိုးဟာ ပုံစံဟာ သိပ်မမှန် လှပါဘူး။

အမှန်တကယ်တော့ ဆီးအရောင်ကြည်တာဟာ “ရေဓါတ်ဆုံးရှုံးခြင်း” ကိုအဓိကဖော်ပြနေတဲ့အချက်ပါပဲ။ ထို့ကြောင့် ရေများများ သောက်ခြင်းဟာ အမြဲဆိုသလို ခန္ဓာကိုယ်အတွက်အကောင်းဆုံးမဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။

၂၀၁၅ ခုနှစ်မှာ အမေရိကန်နိုင်ငံက ရေဓါတ်စိုပြေမှုပေးစွမ်းသော၊ ဥပမာ - ရေ၊ နို့၊ လက်ဖက်ရည်၊ ဘီယာ အစရှိသော အရည်များအား ၁၂ မျိုးနှင့်အထက် သုတေသနပြုလုပ်ခဲ့ပါတယ်။ စမ်းသပ်ခံသူတွေရဲ့ဆီးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ လက်ဖက်ရည်၊ နို့၊ ဖျော်ရည် တို့ဟာ ရေထက် ရေဓါတ်စိုပြေမှု ပိုမိုပေးစွမ်းနိုင်တာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် သေချာတာတစ်ခုက မည်သူမှ ရေအစားနို့သောက်ပါလို့ အကြံမပြုခဲ့ကြပါဘူး။ လူအတော်များများ နားလည်ထားတာက ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဆီးနဲ့တကွစွန့်ထုတ်သွားတယ်လို့ ထင်မြင်ကြတယ်၊ ဒါဟာ တစ်ဝက်တော့မှန်တယ်လို့ပြောလို့ရပါတယ် ဘာဖြစ်လို့တစ်ဝက်ပဲမှန်ရတာလဲဆိုတော့ ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်ရေသောက်ရင် အထက်ပါဖြစ်စဉ်ဟာ ဖြစ်လာစရာအကြောင်းမရှိပါဘူး။

တချို့လူတွေအတွက် ရေများများသောက်ခြင်းဟာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အချိန်ကြာမြင့်စွာလေ့ကျင့် ခန်းပြုလုပ်တဲ့သူတွေ အားကစားသမား တွေမှာဖြစ်ပြီး ဆီးအတွင်း ဆိုဒီယမ် အရမ်းများစေနိုင်ကာ၊ ဆိုဒီယမ်မမျှတခြင်း (Hyponatremia) အခြေအနေဖြစ်ပွားစေပါတယ်။ တခါတလေ အသက်ကို အန္တရာယ်ပေးသည်အထိဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေမျိုးဆိုရင် ရေသောက်မည့်အစား ဓါတ်ဆားရည် (သို့) တခြားသော ဖျော်ရည်တစ်ခုခုဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။

ထမင်မစားခင် (သို့) ထမင်းစားနေစဉ် ရေသောက်ခြင်းဟာ ခန္ဓာကိုယ်တွင်းရေဓါတ်ထိန်းသိမ်းရာ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နို့၊ အသီးဖျော်ရည်၊ အမိုင်နို၊ ဗီတာမင်နှင့် သတ္တုဓါတ်ပါသောအရည်တစ်ခုခုသောက်ခြင်းဟာလည်း ရေဓါတ်ပိုမိုရစေပါတယ်။ တချို့သောသုတေသနများအရဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ငှက်ပျောသီးစားခြင်းဟာ ဓါတ်ဆား ရည်သောက်ခြင်းထက် ပိုပြီးခန္ဓာကိုယ်ရေဓါတ်ထိန်းသိမ်းမှု ပုံမှန်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

အထက်ပါအကြောင်းအရာများအားလုံးမှာ ရေလျှော့သောက်ပေးရမယ် (သို့) ရေအစား အခြားအရာများသောက်သုံးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။  မိမိခန္ဓာကိုယ် ရေဓါတ်စိုပြေမှုထိန်းသိမ်းထားရန်အတွက် ရေကိုနည်းနည်းချင်းပုံမှန်သာသောက်ပေးသွားသင့်ကြောင်း အသိပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 


11 Mar 2020     2,050 Views




RELATED

Most Popular of Health Fix

Most Popular of Life Style