BEC-TERO TV

စောရ(သူခိုး)နက္ခတ်နဲ့ယှဉ်ဖွားတာလား..? စိတ်ရောဂါလား..?

11 Mar 2020     1,790 Views


မခိုးရရင်မနေနိုင်တာဟာ  စိတ်ရောဂါနဲ့ဘယ်လိုသက်ဆိုင်နေလဲ..?

သတင်းတွေထဲမှာလည်း ကြာဖူးမြင်ဖူးနေကြဖြစ်မှာပါ၊ တချို့လူတွေက အရမ်းလည်းချမ်းသာတယ်၊ အလုပ်အကိုင်ရာထူးကြီးတွေလည်းရှိတယ်  ဒါပေမယ့် ပစ္စည်းခိုးတတ်တဲ့အကျင့်တစ်ခုရှိနေတယ်။ ခိုးတဲ့ပစ္စည်းတန်ကြေးကလည်း တခါ တလေမှာ အများကြီးတွေမဟုတ်ဘဲ ရာဂဏန်း ထောင်ဂဏန်းလေးတွေပါ။ ဒါဟာ မခိုးရမနေနိုင်သော ရောဂါများလား ဒါမှမဟုတ် စိတ်ရောဂါနဲ့ ဘယ်လိုများသက်ဆိုင်နေတာလဲဆိုတာကို ဒီနေ့မှာ ပြောပြတင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

မခိုးရမနေနိုင်သောရောဂါ (Kleptomania)

မခိုးရမနေနိုင်သောရောဂါ (Kleptomania) ဆိုတာ ယေဘုယျအားဖြင့် ကိုယ့်အတွက်မလိုအပ်တဲ့ပစ္စည်းတွေ၊ တန်ဖိုးနည်းပစ္စည်းလေးတွေကို ခိုးချင်တဲ့စိတ်ကို ထိန်းလို့မရတာ၊ ထိန်းပေမယ့်လည်း ခဏခဏပြန်လုပ်ချင်တဲ့ စိတ်မျိုးရှိတာကို ခေါ်တာပါ။

ဖြစ်စေနိုင်သောအကြောင်းအရင်း

တစ်နည်းအားဖြင့် ဦးနှောက်မှာ စီရိုတိုနင်း (Serotonin) ဓါတ် ထုတ်လုပ်မှုနည်း၍ ကိုယ့်စိတ်ကိုမထိန်းနိုင်သော မူမမှန်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ တခါတလေ စိတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြလွန်ခြင်း စတဲ့ လက္ခဏာတွေပါတွဲပြီး ပါနိုင်ပါတယ်။

မျိုးရိုးဗီဇ၊ ငယ်စဉ်ကတည်းက မှားယွင်းသောကျွေးမွေးစောင့်ရှောက်မှုပုံစံ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်စိတ် အစရှိသော အကြောင်းရင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ ဒီရောဂါဖြစ်နေလောက်ပြီလို့ ဖော်ပြနေတဲ့အချက်တွေကတော့  သင့်မှာ စိတ်ဖိစီးမှုရှိနေရင်သော်လည်းကောင်း၊ ပြဿနာတစ်ခုခုရှိနေရင်သော်လည်းကောင်း၊ ပစ္စည်းတန်းဖိုး နည်းပေမယ့်လည်း သူများပစ္စည်းကို ခိုးရတဲ့အချိန်တိုင်းမှာ စိတ်ပျော်တယ် ဒါမှမဟုတ် စိတ်ကျေနပ်မှုရှိနေတယ် ဆိုရင်တော့ သင်ဟာ သေချာနေပြီ။ ဒါပေမယ့် ခိုးပြီးသွာရင်လည်း စိတ်ထဲမှာတော့ အမှားလုပ်မိသလို ခံစားရပြီး၊ စိတ်မကောင်း ဖြစ်နေမိတတ်ပါတယ်။ သို့သော်လည်း ခိုးချင်တဲ့စိတ်ကို လုံဝမတွန်းလှန်နိုင်တာမျိုး၊ ထိန်းမနိုင်တာမျိုး ဖြစ်နေတာပါ။

ကုသနည်း

ကုသနည်းကတော့ (၂) မျိုးခွဲခြားထားပါတယ်။

•           စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေက ပစ္စည်းခိုးခြင်းရဲ့ ဆိုးကျိုးသက်ရောက်မှုများကို လူနာကိုယ်တိုင်ရော၊ ကိုယ်ချစ်ခင်ရတဲ့ လူတွအပေါ်မှာရော ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲဆိုတာ သေချာရှင်းပြပြီး လူနာကိုယ်တိုင်ရဲ့ အသိစိတ်လေးနဲ့ ပြန်လည်ပြုပြင်သွားရန် ဆွေးနွေးအကြံပြုလျက်ရှိပါတယ်။ 

•           ဒုတိယတစ်ခုကတော့ ဆေးနဲ့ကုသတဲ့ ကုထုံးပါ၊ ဦးနှောက်ထဲမှာ စီရိုတိုနင်း (Serotonin) ဓါတ် များလာအောင် ဆေးပေးပြီး စိတ်ခံစားမှုကို ထိန်းချုပ်ရန် အထောက်အကူဖြစ်စေတဲ့ကုထုံးဖြစ်ပါတယ်။ ဒီကုထုံးက စိတ်ဖိစီးမှု၊ စိတ်ကျခြင်းတို့ကို လျှော့နည်းစေပြီး ပစ္စည်းခိုးခြင်း ရဲ့နောက်ဆက်တွဲဆိုးကျိုးများကို ပိုပြီးသတိကြီးကြီး ထားမိလာစေပါတယ်။

ဒါပေမယ့်လည်း ပစ္စည်းခိုးတတ်တဲ့လူတိုင်းမှာ ရောဂါ (မခိုးရမနေနိုင်သောရောဂါ) ဖြစ်နေတာလား ဒါမှမဟုတ် ခိုးတတ် တဲ့အကျင့်ကိုပါနေတာလား ဆိုတာ သေချာခွဲခြားတတ်ဖို့တော့ လိုပါတယ်။ သေချာတာကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် ပြသစစ်ဆေးပြီး နည်းလမ်းမှန်ကန်တဲ့ကုသမှုခံယူတာက အကောင်းဆုံးပါ။

(ပိုပိုလေး)


11 Mar 2020     1,790 Views




RELATED

Most Popular of Health Fix

Most Popular of Life Style