BEC-TERO TV

အိပ်စက်ခြင်းပြဿနာကြုံတွေ့နေသူများအတွက် ဆောင်ရန်ရှောင်ရန်များ

12 Mar 2020     1,375 Views


ညဘက်အိပ်မပျော်တဲ့အခိုက်အတန့်ကို လူတော်တော်များများကြုံဖူးကြမှာပါ။ ညဘက်ဆို အိပ်မပျော်လို့ နောက်နေ့မနက်မှာ လူက မလန်းမဆန်းဘဲ နေ့ခင်းချိန်မှာ အိပ်ငိုက်နေတတ်ပါတယ်။ ဒါဟာ ကြာလာရင် ကျန်းမာရေးရော အလုပ်မှာပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ပျော်နိုင်အောင် ဘယ်လိုတွေလုပ်ရမလဲ ဆိုတာကို ဒီနေ့မှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

အိပ်ပျော်ရန်ပြုလုပ်ပေးသောနည်းလမ်းကောင်းများ

1.         အိပ်ခန်းအတွင်းအပူရှိန် မပူလွန်း၊ မအေးလွန်ရ၊ အသံ နှင့် အလင်းရောင် အနှောင့်အယှက်မဖြစ်အောင် ထားပေးရပါမယ်။

2.         အိပ်ကာနီးအချိန်မှာ ကဖင်းဓါတ်ရှောင်ပေးပါ။

3.         အိပ်ယာဝင်ကာနီး နို့ပူပူနွေးနွေးလေးတစ်ခွက်လောက်သောက်ပေးပါ။

4.         နေ့လည်နေ့ခင်း အိပ်ငိုက်လို့ တစ်ရေးလောက်ခဏအိပ်တာက သင့်တော်ပြီး၊ အကြာကြီးအိပ်စက်ခြင်းကိုတော့ မလုပ်မိစေပါနဲ့၊ ညဘက်အိပ်စက်မှုအတွက် ထိခိုက်စေနိုင်ပါတယ်။

5.         တစ်နေ့တာလိုအပ်တဲ့ အိပ်စက်မှုပမာဏသာ အိပ်ပါ၊ အရမ်းကြီး အိပ်စက်ချိန်မပိုပါစေနဲ့၊ မနက်အိပ်ယာနိုးထပြီးတာနဲ့ လေကောင်း လေသန့်လေး ရှူသွင်းပေးပါ။

6.         အိပ်ချိန်ထချိန် မှန်အောင် အကျင့်လုပ်ပေးပါ၊ မနက်ဖြန် ပိတ်ရက်ပဲ နောက်ကျထလို့ရတယ်ဆိုပြီး ဒီည နောက်ကျအိပ်တာမျိုး မလုပ်ပါနဲ့၊ အကျင့်ပါတတ်သည့်အပြင် နောက်ထပ်အိပ်မပျော်တာမျိုး ဖြစ်ပွားစေနိုင်ပါတယ်။

7.         ညဘက်အိပ်မပျော်ရင် သာယာငြိမ့်ညောင်းတဲ့သီချင်းနားထောင်တာ (သို့) တရားစာဖတ်တာ၊ စာအုပ်စာပေဖတ်တာ တို့ဟာအထောက်အကူပြုပါတယ်။ တီဗီကြည့်တာ၊ ဂိမ်းဆော့တာ၊ ကွန်ပျူတာသုံးတာတွေ ရှောင်ပါ၊ ၎င်းတို့မှဖြာထွက်လာတဲ့အလင်းရောင်တွေကြောင့် မျက်စိကြောင်ပြီး ပိုပြီးအိပ်လို့မပျော်ဖြစ်စေနိုင်ပါတယ်။

8.         လေ့ကျင့်ခန်းကို တစ်နေ့မှာ  ၃၀-၄၅ မိနစ်၊ တစ်ပါတ်မှာ ၃-၄ ရက်လောက် မှန်မှန်ပြုလုပ်ပေးခြင်းကလည်း အိပ်စက်မှုကို အထောက်အကူဖြစ်စေပါတယ်။ မနက်ပိုင်း (သို့) ညနေပိုင်း ပြုလုပ်ပေးတာ ပိုကောင်းပါတယ်။ ညဉ့်နက်ချိန်မှ (သို့) အိပ်ယာဝင်ကာနီးအချိန်မှ ကပ်ပြီး မပြုလုပ်သင့်ပါ။

အထက်ပါနည်းလမ်းများဟာ လွန်စွာရိုးရှင်းလွယ်ကူတဲ့နည်းလမ်းများပဲဖြစ်ပါတယ်၊ ပိုပိုလေးရဲ့ပရိတ်သတ်တွေထဲမှာလည်း ညဘက်အိပ်ပျော်ရခက်တဲ့သူတွေရှိရင် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး  ဒီအချက်လေးတွေကို သေသေချာချာလိုက်နာကျင့်သုံးပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့အိပ်စက်ခြင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲမလွဲမသွေပါပဲဗျာ။

(ပိုပိုလေး)


12 Mar 2020     1,375 Views




RELATED

Most Popular of Health Fix

Most Popular of Life Style