BEC-TERO TV

မလေးရှားနိုင်ငံကို အမြန်ဆုံးပိတ်ရန် ဆရာဝန်များ အစိုးရကို အရေးပေါ်တိုက်တွန်း

16 Mar 2020     2,492 Views


မလေးရှားနိုင်ငံရှိ ဆရာဝန်များ၊ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက အစိုးရအား မလေးရှားတစ်နိုင်ငံလုံကို အမြန်ဆုံးပိတ်ထားသင့်ပြီဖြစ်ကြောင်း အရေးပေါ်တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၁၅ ရက်နေ့ တစ်ရပ်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၁၉၀ ရုတ်တရက် မြင့်တက်လာပြီးနောက် ယခုလို အရေးပေါ်တိုက်တွန်းမှုများ ပြုလုပ်လိုက်ခြင်းဖြစ်သည်။ လက်ရှိ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၄၂၈ မှု ရှိနေသည်။

ရောဂါဆင့်ပွားပြန့်နှံ့မှုဟာ ဆရီပတ်တလင်း ရပ်ကွပ်ရှိ Masjid Jamek ဘုရားကျောင်းတွင် လူပေါင်း ၁၄,၅၀၀ ကျော် စုပေါင်း ဘုရားဝတ်ပြုမှုများနဲ့ ဆက်စပ်မှုရှိနေကြောင်း သိရသည်။ အရှေ့တောင်အာရှတွင် မလေးရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေ အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာသည့်အတွက် ကျန်းမာရေးပညာရှင် ၆ ဦးဖြစ်သည့် (Dr Teoh Boon Wei, Dr Asha Prerna, Dr Devindran Manoharan, Dr Sivaneswaran Annandan, Dr Kumar Neeraj, and Dr Komella Prakasam) တို့က အစိုးရအား အချိန်များစွာနောက်မကျသေးမီ တစ်နိုင်ငံလုံးကို ပိတ်လိုက်သင့်ပြီဖြစ်ကြောင်း အရေးပေါ် တိုက်တွန်းချက်များ တင်ပြလိုက်သည်။

အခြားသော ဆေးပညာကျွမ်းကျင်ပညာရှင်များကလည်း တစ်နိုင်ငံလုံးကို ပိတ်လိုက်ရုံမျှနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှုဟာ မလုံလောက်သေးပဲ ရောဂါပြန့်နှံ့မှုနှုန်း နည်းနိုင်သမျှနည်းနိုင်မည့် နည်းလမ်းမျာကိုပါ ချမှတ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားလိုက်သည်။

Dr Noor Hisham Abdullah

“တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အကွာအဝေးမှာ ရှိနေသင့်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကို ပြည်သူတွေက အရေးမစိုက်ပဲ ပုံမှန်အတိုင်း သွားလာနေကျအတိုင်း ဘာမှမဖြစ်သလို ပြုမှုနေတာတွေကိုလည်း တွေ့နေရတယ်”

“နိုင်ငံကို ပိတ်လိုက်ရင် ဖြစ်လာနိုင်တဲ့ အခြားသော အကျိုးဆက်တွေကိုလည်း စဉ်းစားထားပါတယ်၊ ဒါပေမယ့် တခြားနိုင်ငံတွေလို အခြေနေဆိုးပြီး နောက်ကျသွားမှာမျိုးကိုတော့ မလိုလားဘူး။ သူတွေက အခုဆိုရင် နေ့စဉ်ရောဂါပိုးနဲ့ စစ်ပွဲဖြစ်နေကြရတယ်” ဟု Dr Noor Hisham Abdullah က ပြေဆိုကြောင်း MalayMail သတင်းတွင် ဖော်ပြပါရှိသည်။


16 Mar 2020     2,492 Views




RELATED

Most Popular of International News

Most Popular of NEWS