BEC-TERO TV

သင့်သွားတွေဘာကြောင့် ပျက်စီးနေရတာလဲ.. ?

16 Mar 2020     1,411 Views


သွားတွေဟာ ခန္ဓာကိုယ်ရဲ့အခြားသောအင်္ဂါရပ်တွေလိုပဲ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သွားကျန်းမာရေးမကောင်းရင် ကိုယ်စားချင်တာတွေကိုမစားရဘဲ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ သွားကျန်းမာရေးဂရုစိုက်ခြင်း အားနည်း၍ သွားကျန်းမာရေးမကောင်းစေနိုင်သလို တစ်ခါတရံမှာ ကိုယ်သတိမထားဘဲ အမှတ်တမဲ့ လုပ်မိလိုက်တဲ့အပြုအမူတချို့တွေကြောင့်လည်း သွားကိုထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်နေမလဲဆိုတာကို ကြည့်လိုက်ကြရအောင် ……။

1.         လက်သည်းကိုက်ခြင်း

လက်သည်းတွေကို ပါးစပ်နဲ့ကိုက်တာဟာ ကြည့်မကောင်းတဲ့အပြင် မသန့်ရှင်းတဲ့လက်တွေကနေတစ်ဆင့် ရောဂါပိုးမွှားတွေကို ကူးစက်စေနိုင်ရုံသာမက သွားကျန်းမာရေးကိုလည်း ထိခိုက်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်သည်းတွေမကြာခဏကိုက်ခြင်းဟာ သွားတွေကို ပွန်းပဲ့စေတဲ့အကြောင်းအရင်း တစ်ခုဖြစ်ပြီးတော့ သွားတွေတအားပွန်းပဲ့သွားပါက သွားကျဉ်တာတွေကို ဖြစ်သွားစေနိုင်တယ်။

2.         သွားတအားတိုက်ခြင်း

သွားမှန်မှန်တိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် သွားကို မကြာခဏတိုက်တာ၊ အားအရမ်းစိုက်ပြီး တိုက်တာတွေကတော့ သိပ်မကောင်းလှပါဘူး။ ကြာလာရင် သွားဖုံးရောင်ခြင်းကို ဖြစ်သွားစေနိုင်ပါတယ်။

3.         သွားနဲ့အဖုံးဖွင့်ခြင်း

သွားနဲ့ မုန့်ထုပ်တွေဖေါက်တာ၊ အဖုံးဖွင့်တာ၊ မာတဲ့အရာဝတ္ထုတစ်ခုခုကိုက်တာ ဒါမျိုးတွေ မကြာခဏလုပ်မိကြမှာပါ။ ဒါဟာ အခန့်မသင့်ရင် သွားကျိုးတာ၊ သွားအက်တာ၊ သွားစောင်းတာ၊ သွားပုံပျက်တာတွေကို ဖြစ်စေနိုင်တယ်။

4.         ရေခဲဝါးခြင်း

ပူပြင်းတဲ့ရာသီဥတုမှာ ရေခဲရေအေးအေးလေးသောက်ရတာ အတော်လေးကိုလန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။ ဒါပေမယ့် တချို့ကလည်း ရေအေးအေးသောက်ရုံတင်မက ရေခဲတုံးကိုပါ ဝါးစားတတ်လေ့ရှိပါတယ်။ ဒါကလည်း သွားတွေကို ကျိုးပဲ့စေနိုင်ပါတယ်။

5.         အရမ်းချဉ်လွန်းတဲ့အရသာများစားခြင်း

ချဉ်သောအရသာမှာ အက်ဆစ်ဓါတ်ရှိတယ်ဆိုတာ အားလုံးလည်းသိနေမှာပါ။ သဘာဝကရတဲ့အချဉ်ပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲပြီးရတဲ့ အချဉ်ပဲဖြစ်ဖြစ် စားတာများသွားရင် ကြွေသွားအလွှာတွေကို ပါးစေပြီး၊ သွားကျဉ်ခြင်း သွားပိုးပေါက်ဖြစ်ခြင်းများကို ဖြစ်လာစေနိုင်ပါတယ်။

6.         အချိုများ အစားများခြင်း

ချိုတဲ့ မုန့်၊ ပဲ၊ သွားရည်စာတွေ များများစားခြင်းကလည်း သွားပိုးပေါက်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

7.         အချိုရည်တွေ အအေးတွေ ခဏခဏသောက်ခြင်း

ကြွေသွားလွှာတွေကို တိုက်စားတတ်တဲ့ အက်ဆစ်အစွမ်းပါဝင်တဲ့အချိုရည်တွေ အအေးတွေ များများသောက်စားခြင်းသည်လည်း သွားပိုးပေါက်ဖြစ်ခြင်း၊ သွားကျင်ခြင်းများဖြစ်ရန် အခွင့်အလမ်းကို ပိုများစေပါတယ်။

 

သွားကျန်းမာရေးဂရုစိုက်နည်းတွေကတော့....

1.         လက်သည်းကို သွားနဲ့ကိုက်ခြင်းအား ရှောင်ကြဉ်ပါ။

2.         အရမ်းကြမ်းကြမ်းတမ်းတမ်းကြီးမဟုတ်တဲ့ နူးညံ့တဲ့သွားပွတ်တံတွေကို ရွေးသုံးပါ၊ အားအရမ်းစိုက်ပြီးမတိုက်ပါနှင့်၊ သွားကိုတစ်နေ့နှစ်ကြိမ်ပုံမှန်တိုက်ပေးပါ၊ အစာစားပြီးပြီးချင်း သွားတိုက်တာကိုရှောင်ကြဉ်ပါ၊ မိနစ် ၂၀-၃၀ ခန့်အချိန်ခြားပြီးမှ တိုက်ချင်တိုက်ပါ၊ သွားနှင့်ခံတွင်းသန့်ရှင်းရေး ပုံမှန်ဂရုစိုက်ပါ။

3.         မာတဲ့အရာတွေကို သွားနဲ့ ကိုက်တာ၊ ဆွဲဖဲ့တာ၊ ဝါးတာတွေ ရှောင်ကြဉ်ပါ။

4.         ချိုလွန်း ချဉ်လွန်းတဲ့ အစားအစာတွေ၊ အက်ဆစ်ဓါတ်ရှိတဲ့ အချိုရည်တွေ အအေးတွေ ခဏခဏသောက် တာတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပါ၊ ဒါမှမဟုတ် ကြွေသွားလွှာများထိခိုက်မှုနည်းပါးရန်အတွက် စားပြီးသွားရင် ရေသောက်ပေးပါ။

5.         ၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ သွားစစ်ဆေးမှုတွေ မှန်မှန်ပြုလုပ်ပေးပါ။

(ပိုပိုလေး)


16 Mar 2020     1,411 Views




RELATED

Most Popular of Health Fix

Most Popular of Life Style