BEC-TERO TV

နိုင်ငံခြားက ပြန်လာမယ့်သားကိုကြိုဖို့ အဖေကိုယ်တိုင်စီစဉ်ထားတဲ့ကား

17 Mar 2020     1,459 Views


ကမ္ဘာ့နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်ပွားနေတာကြောင့် ရောဂါမကူးစက်အောင် ပြည်သူတွေ ကိုယ်တိုင်က လုံခြုံရေးအသိ၊ သတိ ရှိကြဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံက ဖခင်ဖြစ်သူတစ်ဦးဟာ သားဖြစ်သူကို လေဆိပ်ကနေ သွားကြိုဖို့ သူကိုယ်တိုင် ကျန်းမာရေးအသိ အပြည့်အဝနဲ့ ပြင်ဆင်ထားတဲ့ ကားရဲ့အတွင်းခန်း ဒီဇိုင်းပုံစံက လက်တလော အွန်လိုင်းပေါ်မှာ လူကြိုက်များသွားခဲ့ပါတယ်။

သာမန်အားဖြင့် ကြည့်လိုက်မယ်ဆိုရင်တော့ ရယ်စရာကြီးလို့ ထင်ရပေမယ့် လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် သူ့ရဲ့ စည်းစနစ်ကျနစွာ ပြင်ဆင်ထားမှုကြောင့် လူတွေက သူ့ကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

ထိုင်းနိုင်ငံ ဖစ်စနူလော့စီရင်စုမှာ နေထိုင်တဲ့ ဖခင်ဟာ အခြားအရပ်ဒေသကနေ လေယာဉ်နဲ့ ပြန်လာမယ့် သားကို သွားကြိုဖို့ သူ့ရဲ့ကိုယ်ပိုင်ကားထဲမှာ ရောဂါထိန်းချုပ်ခန်းကို ကိုယ်တိုင်ဖန်တီးထားပါတယ်။ ကားရဲ့ရှေ့ခန်းနဲ့ နောက်ခန်းကို ပလပ်စတစ်တွေနဲ့ လုံခြုံအောင် ကာထားပါတယ်။

ဒါပေမယ့် ‌နောက်ခန်းမှာ သားဖြစ်သူ သက်တောင့်သက်သာ စီးနိုင်အောင်လည်း စဉ်းစားထားပါတယ်။ ကားရှေ့ခန်း အဲယားကွန်းပေါက်ကနေ လေရှုပိုက်တစ်ချောင်းထုတ်ပေးထားသလို့ လေထွက်ပိုက်လိုင်းတစ်ခုကိုလည်း စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ဆင်ပြီးမှ လေဆိပ်ကို ကားမောင်းပြီး သွားကြိုခဲ့တယ်လို့ အခြားသတင်းရင်းမြစ်တွေကနေ ဖော်ပြထားပါတယ်။

ဖခင်ဟာ ကားကိုသာ ပြုပြင်ဖန်တီးထားတာမဟုတ်ပဲ သားဖြစ်သူ ပြန်ရောက်လာရင် နေဖို့အတွက် အိမ်ရဲ့အနောက်ဘက်မှာ သီးသန့်အိမ်လေတစ်လုံးကို အသင့်ဆောက်လုပ်ပေးထားပါတယ်။ အိမ်ရဲ့မလှမ်းမကမ်းမှာတော့ “အပြင်လူမဝင်ရ” ဆိုတဲ့ သတိပေးစာတန်းတွေကို ချိပ်ဆွဲထားတာတွေ့ရပါတယ်။

စေ့စပ်လွန်းအားကြီးစွာ စီစဉ်တတ်တဲ့ ဖခင်ကို ကျန်းမာရေအသိရှိလွန်းသူအဖြစ် အမွှမ်းတင်ပြီး လူတိုင်းလူတိုင်းလည်း သူ့လိုမျိုး ကျန်းမာရေးအသိစိတ်နဲ့ မိမိရဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ကြပါလို့ ချီးမွမ်းစကားတွေ ဝိုင်းပြောနေကြတာကို တွေ့ရပါတယ်။ ဒီဓါတ်ပုံတွေကိုတော့ ကာယကံရှင်ရဲ့ မိတ်ဆွေဖြစ်သူက တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူပေါင်း ၅၀၀၀ နီးပါးရှိကြောင်း သိရသည်။


17 Mar 2020     1,459 Views




RELATED

Most Popular of Special or Others

Most Popular of NEWS