BEC-TERO TV

မလေးရှားတွင် ဆေးဝန်ထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုပြောကြား

23 Mar 2020     1,910 Views


အရှေ့တောင်အာရှနိုင်ငံများထဲမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံနေရမှုကို မလေးရှားနိုင်ငံက အလူးအလဲခံနေရပြီးနောက် လူနာများအား ကုမှုပေးနေသည့် ကျန်းများရေးဝန်ထမ်းတွေကိုပါ ကူးစက်ခံထားရပြီဖြစ်ကြောင်း မလေးရှား ကျန်မာရေးဝန်ကြီးဌါနမှ ဒါရိုက်တာဂျန်နရယ်လ် ‘ဒါတွတ် ဒေါက်တာ နော်ဟစ်ဟမ် အဘ်ဒူလာ’ က မတ်လ ၂၃ ရက်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။

Health Director-General Datuk Dr Noor Hisham Abdullah

မလေးရှားနိုင်ငံ တလုတ်အင်တန်မြို့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကို ဆးစစ်ကြည့်ရာ ဝန်ထမ်းအချို့တွင် Covid-19 positive တွေ့ရှိရခြင်းဖြစ်သည်။

လွန်ခဲ့သော ၆ နာရီ အချိန်ခန့်က ဖေ့စ်ဘွခ်တွင် တင်ထားခဲ့သော ‘ဒါတွတ် ဒေါက်တာ နော်ဟစ်ဟမ် အဘ်ဒူလာ’ ၏ ပိုစ့်အရ ဆေးရုံကဝန်ထမ်းများတွင်ပါ ကူးစက်မှုများရှိနေသဖြင့် အားလုံးသတိရှိရှိနေထိုင်ကြရန်၊ အဆိုပါဆေးရုံကိုလည်း လုံခြုံရေးအစီအမံများ ဖော်ဆောင်ကာကွယ်ကြရန် တိုက်တွန်းပြောကြားထားသည်။

မလေးသတင်းစာ Malay Mail တွင် ဖော်ပြထားသော သတင်းအရ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက အဆိုပါဆေးရုံတွင် ဝန်ထမ်းများအား ဆေးစစ်ကြည့်ရာ ၆ ဦးမှာ Covid-19 ကူးစက်ခံထားရကြောင်း သိရှိခဲ့ရပြီးနောက် ထိုသတင်းမှာ ပြန့်နှံ့သွားခဲ့သည်။ ကျန်မာရေးဝန်ကြီးဌါနမှ ဒါရိုက်တာဂျန်နရယ်လ် က ထိုသတင်းအား တာဝန်ရှိသူများမှ အတည်ပြုကြေညာချက် ထုတ်ပြန်ခြင်းမရှိသေးပဲ မလိုလားအပ်သည့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန် လက်ဆင့်ကမ်းမျှဝေခြင်းများ မပြုလုပ်ကြဖို့ အွန်လိုင်းသုံးသူများအား တိုက်တွန်းခဲ့ပါတယ်။

သို့သော် ယနေ့မှာတော့ ကျန်မာရေးဝန်ကြီးဌါနမှ ဒါရိုက်တာဂျန်နရယ်လ် ကိုယ်တိုင် သတင်းကို ထုတ်ပြန် အတည်ပြုပေးလိုက်သည်။ မလေးရှားနိုင်ငံတွင် မတ်လ ၂၂ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် အမှုပေါင်း ၈၉၀ ရှိလာပြီး သေဆုံးသူ ၉ ဦးထိ ရှိလာကာ နောက်ဆုံး ကိုးဦးမြောက် သေဆုံးခဲ့သူမှာ အသက် ၄၈ နှစ်အရွယ် ဆရာဝန်တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။


23 Mar 2020     1,910 Views




RELATED

Most Popular of International News

Most Popular of NEWS