BEC-TERO TV

နန်းတွင်းအမှူထမ်းများတွင် ဗိုင်းရပ်စ်တွေ့ရှိ မလေးရှားဘုရင်နဲ့ မိဖုရား ရောဂါခြေချုပ်ထား

26 Mar 2020     1,402 Views


မလေးရှားနိုင်ငံ နန်းတော်တွင်း အမှုထမ်းနေကြသူ ၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဘုရင်နှင့် မိဖုရားတို့အား ရောဂါခြေချုပ်ထားရှိကြောင်း ပူထရာဂျာယာမှ သတင်းထုတ်ပြန်လိုက်သည်။

မတ်လ ၂၆ ရက် (ယနေ့)တွင် ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ကူးစက်ခံထားရသူ အမှူထမ်း ၇ ဦးစလုံး ကွာလာလမ်ပူဆေးရုံကြီးတွင် ကုသမှုများ ခံယူနေကြပြီး အခြေအနေကောင်းမွန်ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌါန အနေနှင့် နန်းတွင်’အမှူထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ရင်းမြစ်ကို စုံစမ်းရှာဖွေလျှက်ရှိသည်။

ဘုရင်နှင့် မိဖုရားတို့ကို Covid-19 ကူးစ်ကမှုဖြစ်ပွားခဲ့သည့်နေရာမှ ခေါ်ထုတ်သွားပြီး စမ်းသပ်မှုများ ပြုလုပ်နေကြောင်း တော်ဝင်အိမ်တော်မှ တာဝန်ရှိသူ အာမက်ဖာဒီ ရှမ်ဆူဒင် က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ ဘုရင်နှင့် မိဖုရားတို့အား ၁၄ ရက်ကြာရောဂါခြေချုပ်ဖြင့် ဗုဒ္ဓဟူးနေက စတင်ကာ စောင့်ကြည့်စစ်ဆေးနေပြီဖြစ်သည်။

ထို့ပြင် ကူးစက်ခံခဲ့ရသူများနဲ့ အနီးကပ်ထိတွေခဲ့သူများ ဝန်ထမ်းများအား Covid-19 စစ်ဆေးမှုခံယူကြရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဘုရင်ရဲ့ အပတ်စဉ် အစည်းဝေးပွဲများ၊ လုပ်ငန်းဆောင်တာများကို ကပ်ရောဂါဘေးကြီး ကျော်လွှားနိုင်သည့်အချိန်ထိ ရွေ့ဆိုင်းထားလိုက်သည်။

မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အမှုပေါင်း ၁,၈၀၀ နီးပါးရှိနေပြီး Covid-19 ကြောင့် ၂၁ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြပါရှိသည်။


26 Mar 2020     1,402 Views




RELATED

Most Popular of International News

Most Popular of NEWS