BEC-TERO TV

Covid-19 နဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ဂျာမဏီဘဏ္ဍာရေးဝန်ကြီး အဆုံးစီရင်

30 Mar 2020     1,413 Views


ဂျာမဏီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ဖြစ်ပွားနေမှုနဲ့အတူ နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်လာရသောကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေများအပေါ် ဘဏ္ဍာရေးဝန်ကြီးက လွန်စွာ ပူပန်စိုးရိမ်သောကများခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြောင်း သိရသည်။

The Star သတင်းစာတွင် ဖော်ပြထားသော သတင်းအရ အသက် ၅၄ နှစ်အရွယ် ဘဏ္ဍာရေးဝန်ကြီး Thomas Schaefer ၏ အလောင်းကို မတ်လ ၂၈ ရက် စနေနေ့က မီးရထားလမ်းဘေးတစ်နေရာတွင် တွေ့ရှိရပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည့် လက္ခဏာများ တွေ့ရှိရကြောင်း ဝိုက်စ်ဘာဒန် တရားရေးရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ အရမ်းကို ထိတ်လန့်ပြီး မယုံကြည်နိုင်အောင် ဖြစ်ရပါတယ် ဒါ့အပြင် အလွန့်အလွန်လည်း ဝမ်းနည်းကြေကွဲရပါတယ်” ဟု နိုင်ငံတော်၏ ဝန်ကြီးချုပ် ‘ဗော့လ်ကာ ဘိုဖီယား’ က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး ‘Schaefer’ ဟာ လွန်ခဲ့သော ၁၀ နှစ်ခန့်မှစတင်ပြီး နိုင်ငံတော်၏ ဘဏ္ဍာရေးကိစ္စများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိကျရောက်နေသော ကပ်ရောဂါဆိုးကြီးအတွင်း ကုမ္ပဏီတွေနဲ့ အလုပ်သမားများ၏ အခက်အခဲကို နေ့ရောညပါ ကြိုးစားပြီး ဖြေရှင်းပေးနေသူဖြစ်ကြောင်း ‘ဘိုဖီးယား’ က ပြောကြားခဲ့သည်။ ဝန်ကြီး ‘Schaefer’ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဂျာမဏီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 အမှုပေါင်း ၆၂,၀၉၅ အတည်ပြုထားပြီး ၅၄၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


30 Mar 2020     1,413 Views




RELATED

Most Popular of International News

Most Popular of NEWS