BEC-TERO TV

Covid-19 ထိတ်လန့်မှုကြောင့် ထိုင်းထောင်တွင်း ဆူပူမှုဖြစ်ပွား (ရုပ်သံ)

30 Mar 2020     16,950 Views


မတ်လ ၂၉ ရက် (တနင်္ဂနွေနေ့) က ထိုင်းနိုင်ငံ ထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ် Covid-19 ပြန့်နှံ့နေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ထောင်သားများ ထိတ်လန့်ကာ ဆူပူမှုဖြစ်ပွားခဲ့ပြီး ထောင်တွင်းရှိ ပရိဘောဂပစ္စည်းများ ရိုက်ချိုးဖျက်ဆီး ထောင်ဖောက်ထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့သည်။

ဘူရီယံထောင်အတွင်း ဆူပူမှုဖြစ်ပွားခဲ့ပြီးနောက် ထောင်သားအချို့ လွတ်မြောက်သွားကာ ထောင်သား ၂,၀၀၀ ဝန်းကျင်ကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပြီး ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဒေသတွင်း သတင်းမီဒီယာဝဘ်ဆိုက်အချို့တွင် ဖော်ပြထားသော ရုပ်သံအရ နိုင်ငံ၏ အရှေ့မြောက်ဘက်ပိုင်းတွင် တည်ရှိသော ဘူရီယံထောင်အတွင်းမှ မီးခိုးလုံးများ ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။

“ထောင်သားအုပ်စု တစ်စုက ထောင်ဖောက်ပြေးဖို့ ရည်ရွယ်ချက်နဲ့ ဆုပူမှုဖြစ်အောင် ဖန်တီးခဲ့တာပါ၊ ထောင်းထဲက ပစ္စည်းအချို့ကိုလည်း မီးရှို့ဖျက်ဆီးတာခံလိုက်ရပါတယ်” ဟု ထိန်းကြောင်းပြုပြင်ရေးဌါနမှ ဒါရိုက်တာ နာရတ်ဆဝီတာနာ က ပြောကြားခဲ့ပါတယ်။

ထောင်အတွင်း Covid-19 နဲ့ ပက်သက်သည့် သတင်းအမှားများ ပြန့်နှံ့ခဲ့ပြီးနောက် စိတ်ကျန်းမာရေး ဝန်ထမ်းများက ထောင်သားများအား ဖျောင်းဖြပြောဆိုရန် တာဝန်များချထားပေးခဲ့ပြီး နောက်ဆုံးမှာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၁,၃၈၈ မှုရှိနေပြီး ၇ ဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထောင်အတွင်း ရောဂါကူးစက်ပြန်ါပွားမှဒကို ထိန်းချုပ်သည့်အနေနှင့် ထောင်ဝင်စာတွေ့ဆုံမှုကို တားမြစ်ထားပြီး အသစ်ဝင်ရောက်လာသော ထောင်သားများအား ၁၄ ရက်ကြာရောဂါခြေချုပ်ထားရှိပြီးမှ ထောင်တွင်းသို့ ပို့ဆောင်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။


30 Mar 2020     16,950 Views




RELATED

Most Popular of International News

Most Popular of NEWS