BEC-TERO TV

စည်းကမ်းမလိုက်နာသော ဈေးဝယ်သူများကို စစ်သားများက ရာဘာကျည်နဲ့ပစ်

30 Mar 2020     1,329 Views


တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 တိုက်ဖျက်ရေးအတွက် အစိုးရက ဆိုင်များတွင် ဈေးဝယ်သူများအနေနဲ့ တစ်ဦးနဲ့တစ်ဦး ၂ မီတာ (၆ ပေခွဲ) အကွာခန့်တွင် တန်းစီစောင့်ဆိုင်းကြရန် ထုတ်ပြန်ထားပြီး စည်းကမ်းမလိုက်နာသူများအား ရာဘာကျည်များဖြင့် ပစ်ရန် စစ်တပ်ကို ပစ်မိန့်ပေးထားသည်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပစ် ပြန့်နှံ့မှုကို လျှော့ချနိုင်စေရန် သမ္မတ Cyril က ၂၁ ရက်ကြာ Lockdown လုပ်ရန် ညွှန်ကြားပြီး ဒုတိယမြောက်နေ့ဖြစ်သည့် မတ်လ ၂၈ ရက် စနေနေ့က စတိုးဆိုင်တစ်ခု၏ရှေ့တွင် ရာနဲချီသော လူအုပ်ကြီး ရောက်ရှိလာသဖြင့် စစ်တပ်အဖွဲ့တစ်ဖွဲ့ကို စောင့်ကြပ်ရန် စေလွှတ်လိုက်သည်။ နှာခေါင်းစည်း၊ လက်အိတ်များ ဝတ်ဆင်ထားသော စစ်သားများက လူများကို အိမ်ပြန်ကြရန် လက်နက်ပြကာ ပြောဆိုခဲ့ကြသည်။

အလက်ဇန်းဒရားမြို့တွင် နေထိုင်သူ အလုပ်သမားတစ်ဦးဖြစ်သည့် Emily Ndemande က “ကျွန်မတို့က ဈေးဝယ်သွားကြတာလေ၊ အဲဒီမတိုင်ခင်လည်း ဘယ်မှမသွားပဲ အိမ်မှာပဲ နေနေကြတာပါ၊ ဒါပေပမယ့် စစ်သားတွေက လူတွေကိူရိုက်နှက်တာကြောင့် အခုအားလုံး အထဲမှာပြန်ဝင်နေကြရတယ်” ဟု ဆိုသည်။

ရဲဌါန၏ ဝန်းကြီးဖြစ်သူ Bheki Cele က “ဒီလိုလုပ်တာက လူတွေကောင်းဖို့အတွက်ပါ၊ လူတွေက မလုပ်ရဘူးလို့ ပြောထားတာတွေကို လုပ်ကြတယ်လေ” လို့ ဂါးဒီးယန်းသတင်းဌါနကို ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပက်သက်ပြီး ထုတ်ပြန်ချက်တွေကို ချိုးဖောက်သူ ၅၅ ဦးကို ဖမ်းဆီးထားကြောင်း ရဲအဖွဲ့ကပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၁,၁၀၀ ရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


30 Mar 2020     1,329 Views




RELATED

Most Popular of International News

Most Popular of NEWS