BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြတိုက်ပိတ်ထားစဉ် ဗင်းဆင့်ဗန်ဂိုး ပန်းချီကား ခိုးယူခံရ

31 Mar 2020     1,513 Views


ကမ္ဘာကျော်အနုပညာရှင် ဒတ်ချ်လူမျိုးပန်ချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ရေးဆွဲထားခဲ့သော ပန်ချီကား ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချကာ ပြတိုက်ပိတ်ထားစဉ် ခိုးယူခံခဲ့ရမှု ဖြစ်ပွားခဲ့သည်။

နယ်သာလန်နိုင်ငံရှိ The Singer Laren ပြတိုက်တွင် ညတွင်းခြင်း အလစ်အငိုက် ခိုးယူခံခဲ့ရကြောင်း ပြတိုက်မှ တာဝန်ရှိသူများက မတ်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ခိုးယူခံလိုက်ရသော ဗင်းဆင့်ဗန်ဂိုး၏ ၁၈၈၄ ခုနှစ် လက်ရာ ‘Lentetuin (Spring Garden)’ ပန်းချီကားမှာ ပြပွဲအတွက် Groninger ပြတိုက်မှ ခတ္တငှားရမ်းထားသော ပန်းချီကားဖြစ်သည်။

“ကျွန်တော်တို့ အရမ်းကို ထိတ်လန့်ပြီး ကြေကွဲဝမ်းနည်းရပါတယ်” ဟု ပြတိုက်၏ အထွေထွေဒါရိုက်တာ Evert van Os က YouTube ကနေ ထုတ်လွှင့်ခဲ့သော သတင်းအစီစဉ်တွင် ပြောကြားခဲ့သည်။

ပြတိုက်မှ အခြားမည်သည့်အရာများပါ ခိုးယူခံရသည်ကို ရှင်းလင်းစွာမသိရသော်လည်း သူခိုးများက ဗန်ဂိုး၏ အနုပညာလက်ရာများကိုသာ အဓိက ပစ်မှတ်ထား ခိုးယူခဲ့ခြင်းဖြစ်သည်။

ဖောက်ထွင်းသူခိုးတွေဟာ ပြတိုက်ထဲသို့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

ပြတိုက်အနေနဲ့ လုံခြုံရေး လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားခဲ့ကြောင်း ပြောကြားခဲ့ပြီး ယခုကဲ့သို့ အချိန်မျိုးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲကြောင်း ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ် ထောင်သောင်းချီပြီး လည်ပတ်သူတွေရှိနေခဲ့တဲ့ ပြတိုက်တွေ၊ ကဇာတ်ရုံတွေ၊ ခရီးသွားများကို ဆွဲဆောင်ရာနေရာများနဲ့ အနုပညာပြခန်းတွေကို ပိတ်ထားကြရပါတယ်။


31 Mar 2020     1,513 Views




RELATED

Most Popular of Special or Others

Most Popular of NEWS