BEC-TERO TV

နှစ်ပတ်အတွင်း လူတစ်သိန်းကနေ နှစ်သိန်းခွဲနီးပါး သေဆုံးမည်ဟု ထရမ့်သတိပေး

01 Apr 2020     1,347 Views


အမေရိကန်နိုင်ငံတွင် အဆိုးဝါးဆုံး နှစ်ပတ်တာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၀၀,၀၀၀ ကနေ ၂၄၀,၀၀၀ ထိ သေဆုံးနိုင်ဖွယ်ရာရှိကြောင်း သမ္မတဒေါ်နယ်ထရမ့် က မတ်လ ၃၁ ရက် အင်္ဂါနေ့တွင် အိမ်ဖြူတော်ကနေ သတိပေးပြောကြားလိုက်သည်။

ပြည်သူ့ကျန်းမာရေးအရာရှိများက အကယ်၍ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားသည့် တစ်ဦးနဲ့တစ်ဦး ရှိသင့်သည့် အကွာအဝေးကို တိတိကျကျလိုက်နာပါက သေဆုံးမှု နည်းနိုင်ချေရှိကြောင်း အလေးပေးပြောကြားထားသည်။

“ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်များတွင် ပူပေါင်းလုပ်ဆောင်နေသူ Dr. Deborah Birx က ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုရင် အမေရိကန်နိုင်င့မှာရှိတဲ့ လူတစ်ဦးခြင်းစီတိုင်းက သူတို့လိုက်နာရမယ့် ကိစ္စတွေကို လိုက်နာဖို့လိုမှာလို့ သူမက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အစိုးရ၏ ကူးစက်ပြန့်ပွားရောဂါ ကျွမ်းကျင်သူ Dr, Anthony Fauci က “ဒီကိန်းဂဏန်းတွေက ကျွန်တော်အနေနဲ့ ကြိုတင်မျှော်လင့်ထားရမယ့် အရာတွေပါ ဒါပေမယ့်လည်း ကျိန်းသေပေါက်ကြီး ဒီလိုဖြစ်မယ်ဆိုတာကိုတော့ လက်ခံထားစရာ မလိုသေးပါဘူး” ဟု ပြောကြားသည်။

ဒီကိစ္စအပေါ် ထရမ့်က “သေရေးရှင်ရေးအခြေအနေ” ဟု မှတ်ယူထားပြီး အမေရိကန်တွေအနေနဲ့ သူ၏အစိုးရ အုပ်ချုပ်ရေး လမ်းညွှန်ချက်များကို အလေးထားလာစေရန်နှင့် လှိုဏ်ခေါင်းကြီးရဲ့အဆုံးကိုရောက်ရင် အလင်းရောင်တွေ့ရမည့် အခြေအနေကို ကြိုတင်မှန်းဆထားခြင်းဖြစ်သည်။ လက်ရှိမှာတော့ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ၁၇၀,၀၀၀ ကျော်ရှိနေပြီး ၃,၅၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

“အမေရိကန်ပြည်သူတွေအားလုံး ရှေ့မှာကြုံတွေ့လာရမယ့် အလွန်ခက်အခဲတဲ့ နေ့ရက်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားစေချင်ပါတယ်” ဟု ထရမ့် က ပြောကြားခဲ့သည်။

“ဒီကိစ္စဟာ နှစ်ပတ်ကနေ သုံးပတ််လောက်ထိ ကြာနိုင်ပြီး ကျွန်တော်တို့နိုင်ငံမှာ အကြမ်းတမ်းဆုံး ကာလတွေအဖြစ် ကြုံတွေ့ကြရလိမ့်မယ်၊ လူထောင်ပေါင်းများစွာရဲ့ အသက်‌‌တွေဆုံးရှုံးကြရလိမ့်မယ်” ဟု ပြောကြားခဲ့ပါတယ်။

အားလုံးအံ့အားသင့်ခဲ့ရတဲ့ စိတ်မချမ်းမြေ့စရာ ဒေါ်နယ်ထရမ့် ရဲ့ ရှင်းလင်းညွှန်ကြားချက်တွေကို အိမ်ဖြူတော်မှာ နှစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။


01 Apr 2020     1,347 Views




RELATED

Most Popular of International News

Most Popular of NEWS