BEC-TERO TV

အင်္ဂလန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံခဲ့ရတဲ့ အောင်ရင်

03 Apr 2020     9,277 Views


တေးသံရှင် အဆိုတော်ကြီးဦးအောင်ရင်ဟာဆိုရင် လက်ရှိမှာ အင်္ဂလန်နိုင်ငံတွင် သွားရောက်နေထိုင်နေတာဖြစ်ပြီး သိပ်မကြာသေးခင်က နေမကောင်းဖြစ်ခဲ့ကာ COVID-19 ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံကို ပြန်ရောက်ချိန် Quaratine ၁၄ ရက်ဝင်နေစဉ်မှာ နေမကောင်းဖြစ်ခဲ့တာကြောင့် ကျန်းမာရေးစစ်ဆေးရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လက္ခဏာများတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေအရမ်းမဆိုးရွားတာကြောင့် ဆရာဝန်များ၏ညွှန်ကြားချက်များဖြင့် နေအိမ်တွင်ပင် Self Quarantine လုပ်ခဲ့ပြီးကုသခဲ့ရာမှ ယခုဆိုရင် ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာပြီလို့ သိရှိရပါတယ်။ COVID-19 ဖြစ်ပွားစဉ်ကြုံတွေ့ခဲ့ရမှုများနှင့် ၎င်း၏အခြေအနေကို ဦးအောင်ရင်က ယခုလိုပဲပြောပြလာပါတယ်။

“မင်္ဂလာပါ ကိုဗစ်လား ငဗစ်လားမသိပါဘူး… ကျနော်နေမကောင်းတော့ ဘိလပ်က သူငယ်ချင်းဆရာဝန်က Covid 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ်… အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား Negative လားသိနိုင်ပါမယ်… ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ် ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ်… ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ… ဆုတောင်းမေတ္တာပို့သပေးသူများအားလုံး ကျေးဇူးတင်ရှိပါတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ အကြောက်မလွန်ဖို့နဲ့ ဘယ်လိုမျိုးဂရုစိုက်နေထိုင်သင့်ကြောင်းကိုလည်း မျှဝေပြောပြထားပါတယ်။

“ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက် မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်.. ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်း Corona Virus ကြောင့်နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်… ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ” ဆိုပြီး ရေးသားထားပါတယ်။

ယခုဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး မြန်မာနိုင်ငံတွင် COVID-19 ရောဂါတွေ့ရှိသူ အယောက် (၂၀) ဖြစ်လာတာကြောင့် ဦးအောင်ရင်က မြန်မာနိုင်ငံတွင်ကျန်ရှိခဲ့တဲ့ သားဖြစ်သူမိုးအောင်ရင်ကိုလဲ စိတ်ပူမိတယ်လို့ ဆိုပါတယ်။

(ပိုပိုလေး)


03 Apr 2020     9,277 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS