BEC-TERO TV

ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်တော့မယ့် Katy Perry

06 Apr 2020     1,378 Views


အမေရိကန်အိုင်ဒေါရဲ့ Judge တစ်ယောက်ဖြစ်သူ၊ ဂရမ်မီဆုတံဆိပ်တွေကို ရရှိပိုင်ဆိုင်ထားသူ ကမ္ဘာကျော်အမေရိကန်အဆိုတော် Katy Perry ဟာဆိုရင် Hollywood မင်းသားချော Orlando Bloom နဲအချိန်အတော်ကြာ တွဲခုတ်ခဲ့ရာမှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Valentine’s day နေ့မှာတော့ Bloom ဟာ သူမကို လက်ထပ်ခွင့်တောင်းခဲ့ပြီး သူမတို့ရဲ့အချစ်ဇာတ်လမ်းကို နောက်တစ်ဆင့် တက်လှမ်းတော့မည်ဖြစ်ကြောင်းကိုတော့ စေ့စပ်လက်စွပ်လေးကိုပြသပြီး အားလုံးကိုအသိပေးခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူမအတွက် အလွန်ကိုဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။

နှစ်ယောက်သားအလုပ်ကိုယ်စီနဲ့မို့ မင်္ဂလာပွဲကိုမကျင်းပဖြစ်သေးပေမယ့် Katy ဟာ Bloom နဲ့အတူ သူမဘ၀အတွက် ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်ဆောင်ခဲ့ရပါပြီ။ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းကိုတော့ လျှို့ဝှက်ထားခဲ့ပြီး ပြီးခဲ့တဲ့လက အသစ်ထွက်ရှိလာတဲ့ သူမရဲ့သီချင်းဗီဒီယို “Never Worn White” ထဲမှာ ဗိုက်ဖုံးအင်္ကျီလေးနဲ့သရုပ်ဆောင်ရင်း ပရိသတ်တွေကို အသိပေးခဲ့တာပါ။

ဒါ့အပြင် သူမအတွက်ပထမဆုံးရင်သွေးလေးက သားသားလေးလား၊ မီးမီးလေးလားဆိုတာကိုတော့ ပြီးခဲ့တဲ့စနေနေ့က ခင်ပွန်လောင်း Orlando Bloom ရဲ့မျက်နှာမှာ ပန်းရောင်ခရင်မ်တွေပေနေတဲ့ ပုံလေးနဲ့အတူ ရင်သွေးလေးက သမီးလေးဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ Katy ဟာ မကြာခင်မှာ ကလေးအမေတစ်ယောက်ဖြစ်တော့မှာမို့ အရမ်းကိုစိတ်လှုပ်ရှားနေပြီး သူမတို့နှစ်ယောက်လုံး အရမ်းကိုပျော်ရွှင်နေတယ်လို့လဲ ဆိုပါတယ်။

ယခုရမယ့် ရင်သွေးလေးဟာ Katy အတွက်တော့ ပထမဆုံးဖြစ်ပေမယ့် Bloom အတွက်ကတော့ ဒုတိယမြောက်ကလေးဖြစ်ပါတယ်။ Bloom ဟာ ဇနီးဟောင်းဖြစ်သူ Victoria’s secret မော်ဒယ် Miranda Kerr နဲ့ ၉ နှစ်အရွယ် သားတစ်ယောက်ကို မွေးဖွားထားပါတယ်။

အသက် (၄၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bloom နဲ့ အသက် (၃၅) အရွယ် Katy တို့ဟာ သူမတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က တိတ်တဆိတ်ကျင်းပခဲ့တာဖြစ်ပြီး ထိုအချိန်ကတည်းက ကိုယ်ဝန်ရနေပြီဆိုတဲ့အကြောင်းကို ကိုယ်ဝန်ကြီးနဲ့မင်္ဂလာပွဲလုပ်ခဲ့ရတာ အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားခဲ့တယ်လို့ Katy ကထုတ်ဖော်ပြောပြလာခဲ့ပါတယ်။ သူမတို့နှစ်ယောက်ရဲ့ရင်သွေးလေးကို လာမယ့်နွေဦးရာသီမှာမွေးဖွားရမှာဖြစ်ပြီး သူမကလေးမွေးတဲ့အချိန်ကျရင် ယခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြီးလဲ အမြန်ဆုံးပြီးဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

(ပိုပိုလေး)

 


06 Apr 2020     1,378 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment