BEC-TERO TV

ကင်ဆာရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရကြောင်း ရင်ဖွင့်လာတဲ့ မီးမီးခဲ

21 Apr 2020     1,588 Views


တစ်ချိန်က ဂီတလောကထဲမှာ အချစ်သီချင်း အေးအေးလေးတွေ၊ အသဲကွဲသီချင်းတွေနဲ့ ပရိသတ်ရင်ကိုဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်မီးမီးခဲကို ပရိသတ်ကြီးအားလုံးကြိုက်နှစ်သက်ခဲ့ရတာပါ။ အသံချိုချိုအေးအေးလေးနဲ့ သီဆိုထားတဲ့ သူမရဲ့သီချင်းတိုင်းက ပရိသတ်တွေကြားမှာ နာမည်ကြီးအောင်မြင်ခဲ့တာပါ။

သို့ပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ မီးမီးခဲက ကျန်းမာရေးပိုင်းမှာချူချာကာ ရင်သားကင်ဆာရောဂါကို ဆိုးဝါးစွာ ခံစားခဲ့ရပါတယ်။ ဆရာဝန်တွေကတောင်လက်လျှော့လိုက်ရသည်အထိ ရင်သားကင်ဆာနောက်ဆုံးအဆင့်ကို အချိန်အတော်ကြာ ခံစားခဲ့ရတာပါ။ မီးမီးခဲက ဘုရားကပေးသောခွန်အား၊ သူ့ကိုချစ်ခင်ကြသူတွေရဲ့ မေတ္တာတွေကြောင့် စိတ်ဓာတ်ခွန်အားများပြန်လည်ရရှိကာ ယခုဆိုရင် ရင်သားကင်ဆာရောဂါ နောက်ဆုံးအဆင့်ကနေလွန်မြောက်ခဲ့ပြီးဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဦးခေါင်းမှာအကြိတ်ထပ်မံတွေ့ရှိခဲ့တာကြောင့် ပုံမှန်ဆေးစစ်မှုပြုလုပ်ပြီး ဓာတ်ကင်ကုသနေရတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ မီးမီးခဲက သူမအနေဖြင့် ကျန်းမာရေးသိပ်မကောင်းကြောင်း ကင်ဆာဝေဒနာရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရကြောင်း ရင်ဖွင့်လာပါတယ်။

သူမဟာ မကြာခင်းမှာ ဆေးစစ်မှုပြုလုပ်ရတော့မှာကြောင့် ဝိုင်းဝန်းဆုတောင်းပေးကြဖို့နဲ့ သူမလို ကင်ဆာရောဂါကိုခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက်လည်း နည်းလမ်းကောင်းလေးတစ်ခုကို ဝေမျှပေးခဲ့ပါတယ်။

“မနက်ဖြန်မှာ၃ လတခါ ဆေးပြန်စစ်ရတော့မှာပါဆုတောင်းသတိရပေးကြပါနော်.. ကျွန်မလဲ ဒီအတောအတွင်း အမှန်အတိုင်းပြောရင် သိပ်နေမကောင်းပါ..ကင်ဆာ ဝေဒနာရဲ့ဘေးထွက်ဆိုးကျိုးကို ဖိဖိစီးစီး ခံစားနေရတာ ဖြစ်ပါတယ်..ဆေးဒဏ်တွေကြောင့် ကိုက်ခဲခြင်းဝေဒနာ ကို ညဘက်တွေမှာတောင် အိပ်ရေးပျက်ပေါင်းများစွာနဲ့ပေါ့… ဒါ့ကြောင့်facebook မသုံးဖြစ်တာပါ..

ဒါနဲ့ကြားဖြတ် ကျွန်မရဲ့အထူးကုဆီဖုန်းဆက်မေးတော့ သူက ဘာဆေးပေးတယ်မှတ်လဲ.. ဝမ်းပျော့ဆေးကိုသာပေးပါတယ်..ပထမတော့ လူက ဘာလဲပေါ့နော်..နောက်တော့သူပေးတဲ့ဆေးမုန့်ထုတ်ကို ၃ ရက်လောက်သောက်ပြီးချိန်မှာတော့ သက်သာပြီး ကိုက်ခဲမှုလျော့သွားခဲ့တာပါ..ကျွန်မ မျှဝေချင်တာလေးက ကင်ဆာရောဂါသည်တိုင်းဝမ်းပုံမှန်သွားရပါမယ်… တနေ့ကို ဝမ်းထဲမှာရှိတဲ့ဝမ်းအကုန်အစင်သွားရင်တော့ဖြင့် ကိုက်ခဲခြင်းတွေလျော့ပါးသွားမှာပါလို့ ထပ်ဆင့်မျှဝေပေးချင်ပါတယ်.. မနက်ဖြန်အတွက်လဲ သတိတရဆုတောင်းပေးကြပါနော်..မိတ်ဆွေများလဲ ရောဂါ များကင်းဝေးကြပါစေ” လို့ ဆုတောင်းပေးထားပါတယ်။

ပရိသတ်ကြီးရေ ကင်ဆာဝေဒနာကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ အဆိုတော်မီးမီးခဲအတွက် ဆုတောင်းမေတ္တာပို့သပေးကြပါဦးနော်..

(ပိုပိုလေး)

 


21 Apr 2020     1,588 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment