BEC-TERO TV

အိမ်မှာနေရင်း လုပ်ချင်တာလေးတစ်ခုကို အပြီးသတ်လုပ်ဆောင်ခဲ့တဲ့ ကိုပေါက်

22 Apr 2020     1,653 Views


သရုပ်ဆောင်ဒါရိုက်တာအဖြစ် အနုပညာလောကမှာကျော်ကြားတဲ့ ကိုပေါက်ကတော့ ယခုလို covid-19 ရောဂါကြောင့် အိမ်မှာနေရစဉ်ကာလမှာ လုပ်ချင်တာလေးတွေကို အကောင်အထည်ဖော်လုပ်ဆောင်ရင်း မပျင်းမရိဖြတ်သန်းနေတာဖြစ်ပါတယ်။ မိသားစုနဲ့ နေ့စဉ်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း ဟာသဗီဒီယိုလေးတွေရိုက်လိုက်၊ လုပ်ချင်တဲ့အရာလေးတွေလုပ်လိုက်နဲ့ နေ့ရက်တိုင်းကို အကျိုးရှိရှိဖြတ်သန်းနေတာပါ။

 

ယခုလဲ အိမ်မှာနေရတုန်းလေး လုပ်ချင်တဲ့အရာတစ်ခုကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုပေါက်က လက်ဆောင်ရထားတဲ့အမေစုရဲ့ ပုံစံတူပန်းပုရုပ်လေးကို သက်ဝင်လှပအောင် ကိုယ်တိုင်အရောင်တင်ဆေးခြယ်ခဲ့တာဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ ကိုပေါက်က

“ဒီနေ့ အိမ်မှာ ဒါလေးလုပ်ဖြစ်တယ်။ စင်ကာပူကို ရိုးမပေါ်ကျတဲ့မျက်ရည် သွားပြတော့ ကိုဇော်အောင်(covid မင်းသားကြီးဘဇော်)က သူ့စက်နဲ့ထွင်ထားတဲ့ အမေစုပုံ စက်လုပ်ပန်းပုလေးလက်ဆောင်ပေးပါတယ်။ လက်ဆောင်ပေးတာရော အမေစုပုံဖြစ်နေတာရော တန်ဖိုးထားပြီးယူခဲ့ပါတယ်။ယူပြီးပြီးခြင်းပဲ ကိုဇော်အောင့်ကိုကျွန်ေတာ်ပြောပါတယ်။ဒီအတိုင်းသိမ်းထားရမှာ သိပ် မ good ဘူး။ ဒီပန်းပုလေး အပေါ်မှာ ဆေးတင်ပြီးသိမ်းမယ်လို့ပြောခဲ့ပါတယ်။ အခုတော့ ပြီးသွားပါပြီး။ စုတ်တံကမစုံတော့ အသေးစိတ်လေးတွေ နှိုက်လို့မရဘူး။ ပစ္စည်းစုံမှ လက်စသတ်ရဦးမယ်…”လို့ လုပ်ချင်တဲ့အရာလေးကို ဖန်တီးဖြစ်ပုံကို ပြောပြထားပါတယ်။

အသေးစိတ်မလုပ်ရသေးတာတောင် အမေစုရဲ့တကယ့်ပုံရိပ်အတိုင်း အသက်ဝင်လှပနေတာကြောင့် မိတ်ဆွေအပေါင်းအသင်းများကလဲ ကိုပေါက်ရဲ့လက်ရာကို ချီးကျူးနေကြပြီး သူကိုယ်တိုင်လဲ လုပ်ချင်တာလေးကို အောင်မြင်စွာလုပ်နိုင်ခဲ့လို့ ပျော်ရွှင်နေတာကို တွေ့မြင်ရပါတယ်။ အသေးစိတ်မလုပ်ရသေးတာတောင် အသက်ဝင်လှပနေတဲ့ ကိုပေါက်ရဲ့လက်ရာကတော့ ချီးကျူးရတော့မည်…

(ပိုပိုလေး)


22 Apr 2020     1,653 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment