BEC-TERO TV

Covid-19 ကြောင့် သေဆုံးသူ ကမ္ဘာမှာ တစ်သန်းရဲ့ လေးပုံတစ်ပုံထိရှိလာ

05 May 2020     1,519 Views


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုပါက တစ်သန်းရဲ့ လေးပုံတစ်ပုံ အရေအတွက်ဖြစ်တဲ့ ၂၅၀,၀၀၀ ကို မေလ ၅ ရက် အင်္ဂါနေ့မှာ ရောက်ရှိခဲ့ပါပြီ။ ရှေ့လျှောက်မှာ တိုးလာဦးမယ့် အသေအပျောက်များရှိနေဦးမှာဖြစ်လို့ နိုင်ငံတစ်ကာအတွက်ဆိုရင် ကာကွယ်ဆေး ဒေါ်လာ ၈ ဘီလီယံဖိုးလောက် စုဆောင်းထားဖို့လိုမယ်လို့ အမေရိကန်အစိုးရက ကြိုတင်ခန့်မှန်းလိုက်ပါတယ်။

APF သတင်းဌါနက စုဆောင်းထားတဲ့ တရားဝင်ကိန်းဂဏန်းများအရ ဥရောပနိုင်ငံများမှာ အထိအနာဆုံးဖြစ်ပြီး သေဆုံးသူ ၁၄၅,၀၀၀ ဝန်းကျင်ရှိပါတယ်။ အမေရိကန်မှာတော့ သေဆုံးသူ ၆၈,၇၀၀ ထိ အနီးစပ်ဆုံး ရှိလာပြီဖြစ်သည်။ ထိုနှစ်ခုပေါင်း သေဆုံးမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ Covid-19 ကြောင့် သေဆုံးသူ ၈၅% ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း တရုတ်နိုင်ငံမှာ ရောဂါပြန့်နှံ့မှု စတင်ခဲ့ချိန်မှ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ Covid-19 အတည်ပြုလူနာပေါင်း ၃.၆ သန်း နီးပါးရှိလာခဲ့ပြီဖြစ်သည်။

အမေရိကန်နိုင်ငံမှာ Covid-19 ကြောင့် ရုန်းကန်နေရပြီး ဒီဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ ဓါတ်ခွဲခန်းမှ ပေါ်ထွက်လာတာဖြစ်ကြောင်း သက်သေအထောက်အထား အများကြီးရှိတယ်ဟု အမေရိကန်နိုင်ငံရဲ့ အတွင်းရေးမှူး ‘မိုက်ခ် ပွန်ပီရို” က စွပ်စွဲပြောကြားခဲ့ပါတယ်။

ဒီစွပ်စွဲချက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ပယ်ချလိုက်သလို ယူအက်စ် ကပ်ရောဂါဗေဒပညာရှင်လည်ဖြစ် အစိုးရ၏ အကြံပေးလည်းဖြစ်တဲ့ ‘အန်သနီ ဖောင်ချီ’ ကလည်း ငြင်းဆိုလိုက်ပါတယ်။

ဒီရောဂါပိုးဟာ သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာပြီး သက်ရှိသတ္တဝါကို ကူးစက်သွားတာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ကုန်ထုတ်လုပ်မှုစက်ရုံကြီး General Electric က လေယာဉ်ထုတ်လုပ်မှု အပိုင်းက နောက်ထပ် အလုပ်အကိုင်နေရာပေါင်း ၁၀,၀၀၀ ကို ရပ်စဲမည်ဟု တနင်္လာနေ့က ကြေညာခဲ့ပါတယ်။


05 May 2020     1,519 Views




RELATED

Most Popular of International News

Most Popular of NEWS