BEC-TERO TV

နာဆာနဲ့ လက်တွဲပြီး အာကာသထဲမှာ ရုပ်ရှင်ရိုက်တော့မည့် "တွန်််မ်ခရုစ်"

12 May 2020     1,602 Views


ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား ‘တွန်မ်ခရုစ်’ က အာကသအေဂျင်စီ နာဆာနဲ့ ပူးပေါင်းကာ ရုပ်ရှင်ဇာတ်ကားတစ်ကားကို အပြည်ပြည်ဆိုင်ရာအာကသစခန်းထဲမှာ ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်ကြောင်း နာဆာ၏ အကြီးအကဲဖြစ်သူက မေလ ၁၂ ရက်နေ့ အင်္ဂါနေ့တွင် အတည်ပြုပြောကြားလိုက်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန်အတွက် ‘တွမ်ခရုစ်’ အား ကမ္ဘာမြေမှ မိုင်ပေါင်း ၂၅၀ အကွာအဝေးတွင်ရှိသော၊ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် အပြည်ပြည်ဆိုင်ရာအကာသစခန်းသို့ မကြာမီ စေလွှတ်သွားမည်ဖြစ်ကြောင်း နာဆာ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားလိုက်သည်။

ထိုအာကာသစခန်းဟာ ၂၀၀၀ ခုနှစ်ကတည်းက အာကာသယာဉ်မှူးများက အလှည့်ကျသွားလာနေထိုင်ရင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့်အပြင် လက်မှတ်ခဈေးနှုန်း မြင့်မားလှသည့် စီးပွားဖြစ် အာကာသခရီးစဉ် အချို့ကိုလည်း စီစဉ်ပြီးလည်ပတ်ခဲ့ကြပါတယ် ဒါပေမယ့် တစ်နှစ်ကျော်ခန့်အကြာမှာတော့ အာကသအလည်အပတ်ခရီးစဉ်တွေကို ရပ်နားခဲ့ပါတယ်။

အခုလို အာကာသစခန်းထဲမှာ ရုပ်ရှင်ရိုက်ကူးခြင်းဟာ ဒီတစ်ခါ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်ကထုတ်လုပ်ခဲ့ပြီး ‘တွန်မ်ခရုစ်’ ကိုယ်တိုင် နောက်ခံစကားပြောပေးခဲ့တဲ့ IMAX မှတ်တမ်းတင်ရုပ်ရှင်၊ ၂၀၁၂ ခုနှစ်ကထွက်ခဲ့တဲ့ "Apogee of Fear" စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကားတွေကို ဒီအပြည်ပြည်ဆိုင်ရာ အကာသစခန်းထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ "Apogee of Fear" ဇာတ်ကားကို အကာသာယာဉ်မှုးတစ်ဦး၏သားဖြစ်သူ အာကာသခရီးသွားလုပ်ငန်း စွန့်ဦးတီထွင်လုပ်ငန်းရှင် ‘ရစ်ချက်ဂါးရီးယက်’ က ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် ‘တွန်မ်’ ကတော့ အာကာသထဲမှာ ရက်ပေါင်းများစွာနေထိုင်ပြီး ရုပ်ရှင်ရိုက်ကူးမယ့် ပထမဦးဆုံး ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာပါလိမ့်မယ်။

ဒီဇာတ်ကားဟာ အာကာသထဲမှာ ပထမဦးဆုံးရိုက်ကူးမယ့် အက်ရှင်နှင့် စွန့်စားခန်း အမျိုးအစား နောက်ခံစကားပြော ရုပ်ရှင်ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ‘တွန်မ်’ အနေနဲ့ အာကာသထဲကို  ဘယ်တော့သွားရမလဲ၊ ဘယ်လိုပုံစံနဲ့ သွားမလဲ၊ သူနဲ့အတူ ဘယ်သူတွေ လိုက်ပါသွားကြဦးမလဲဆိုတာကို ရှင်းလင်းစွာ မသိရသေးပါဘူး။

လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ လူလိုက်ပါပြီး လပေါ်ကို အသွားအပြန်လုပ်နိုင်တာဆိုလို့ ရှရှားနိုင်ငံ တစ်နိုင်ငံပဲ ရှိပါသေးတယ်။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ SpaceX နဲ့ Boeing တို့က လပေါ်ကို ခရီးသည်တင်ပြီး အသွားအပြန်လုပ်နိုင်အောင် ဆောင်ရွက်နေတာ နှစ်အနည်းငယ်ခန့်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် ဒီယာဉ်ပျံတွေဟာ အခြားကုမ္ပဏီတစ်ခုအတွက် တည်ဆောက်ပေးနေတာမို့ နာဆာအနေနဲ့ SpaceX ကိုလည်း မပိုင်သလို Boeing ယာဉ်ပျံတွေကိုလည်း မပိုင်ကြောင်း သိရှိရသည်


12 May 2020     1,602 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS