BEC-TERO TV

အစာအဆိပ်သင့်ပြီး လူသေဆုံးမှုကြောင့် စစ်ဆေးရာ ဖက်ထုတ်တွင် ရောဂါပိုးတွေ့ရှိ

14 May 2020     1,399 Views


ထိုင်းနိုင်ငံ ဆာမွတ်ပရာခမ် စီရင်စုတွင် လမ်းဘေးဈေးသည်ထံမှ ဖက်ထုတ် ဝဘ်စားခဲ့သူ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီးနောက် ဖက်ထုတ်များကို သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့ရာ လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုး ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဓါတ်ခွဲစမ်းသပ်မှုကို ချွန်ဘူရီနယ်မြေ ဆေးသုတေသနစင်တာ(၆) က တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဖက်ထုတ်များတွင် အန္တရာယ်ဖြစ်စေသော ကိုလိုနီက်တီးရီးယားပိုး တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဌါနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အူပတ်စ် ခမ်ကဝင်ပေါင် က မေလ ၁၄ ရက်နေ့က ပြောဆိုလိုက်သည်။

အဆိုပါ ဖက်ထုတ်များကို စားခဲ့ပြီး လူသေဆုံးခဲ့ရသည့်တိုင် ဘာကြောင့် သေဆုံးရသလဲဆိုတာကို အတိအကျကို အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးပါ။

မေလ ၉ ရက်နေ့က ဆာမွတ်ပရာခမ် စီရင်စုမှာရှိတဲ့ လူ ၂၀ ခန့်ဟာ ‘မင့်’ ဟု အမည်ရတဲ့ ဈေးသည်ဆီကနေ ဖက်ထုတ် ဝယ်စားခဲ့ပြီးနောက် ဝမ်းပျက် ဝမ်းလျှောဝေဒနာများကို ခံစားခဲ့ကြရပါတယ်။ အဲဒီလူတွေထဲမှာ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း ပါဝင်ပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးသည့် ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီး မေလ ၁၃ ရက်နေ့က သင်္ဂြိုလ်ခဲ့ကြပါတယ်။

အသက် ၂၉ နှစ်အရွယ် လမ်းဘေးဈေးသည် ‘မင့်’ က မေလ ၁၁ ရက်နေ့က ရောင်းချခဲ့တဲ့ ဖက်ထုတ်တွေဟာ သူမကိုယ်တိုင်လုပ်တာမဟုတ်ပဲ ချာချဲအုံဆာ စီရင်စုမှာရှိတဲ့ ဖက်ထုတ်လုပ်ငန်းကနေ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲတွေကို ထွက်ချက်ပေးခဲ့ပါတယ်။

ဖက်ထုပ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးက သူမဟာ ဖက်ထုပ်လုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး အခုလိုအဖြစ်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးကြောင်း ပြောဆိုပါတယ်။ ဒါ့အပြင် သူမရဲ့ အလုပ်ရုံမှာ တစ်ကိုယ်ရေးသန့်ရှင်းမှုကို အလေးထားကြောင်းနှင့် ဖက်ထုတ်တွေကို မရောင်းချခင်မှာ ပြဿနာမဖြစ်အောင် ဘက်တီးရီးယား စစ်ဆေးမှုတွေပြုလုပ်ကြောင်း ပြောဆိုခဲ့ပါတယ်။


14 May 2020     1,399 Views




RELATED

Most Popular of Special or Others

Most Popular of NEWS