BEC-TERO TV

Covid-19 အတွက် “ဟိုက်ဒရိုစီကလိုရိုကွင်း” စမ်းသပ်မှုများကို WHO က ရပ်တန့်လိုက်ပြီ

26 May 2020     1,456 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကုသရေးတွင် အလားအလာကောင်းသည်ဟု ယူဆထားသည့် ငှက်ဖျားရောဂါဆေး “ဟိုက်ဒရိုစီကလိုကွင်း” အား အခြားသော ဘေးထွက်ဆိုးကျိုး အန္တရာယ်များ ရှိနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က စမ်းသပ်မှုများမပြုလုပ်ကြရန် တားမြစ်လိုက်သည်။

နိုင်ငံအချို့တွင် ပြုလုပ်နေသော စမ်းသပ်မှုများအား ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကာကွယ်သည့်အနေနှင့် ယာယီရပ်ဆိုင်းထားရန် အေဂျင်စီက တနင်္လာနေ့မှာ ပြောကြားလိုက်သည်။ အခုလို ပိတ်ပင်လိုက်ခြင်းမှာ လက်တလောစမ်းသပ်လေ့လာမှုတစ်ခုအရ ထိုဆေးသည် Covid-19 လူနာများကို သေဆုံးနိုင်မှု မြင့်တက်စေနိုင်ကြောင်း တွေ့ရှိရသောကြောင့်ဖြစ်သည်။

“ဟိုက်ဒရိုစီကလိုကွင်း” ဆေးဟာ Covid-19 ကာကွယ်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သဘောတွေ့နေတဲ့ ဆေးဖြစ်ပါတယ်။ ဆေးပညာရှင်များ ဒီဆေးဟာ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အကြံပြုပေးခဲ့ပေမယ့် ဒါတွေကို ဆန့်ကျင်ပြီး ထရမ့်က ဒီဆေးအကြောင်းကို ထပ်ကာထပ်ကာ ညွှန်းဆိုခဲ့ကာ သူကိုယ်တိုင်းလည်း အသုံးပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဆေးပညာဂျာနယ် The Lancet က စမ်းသပ်လေ့လာခဲ့ပြီးနောက် “ဟိုက်ဒရိုစီကလိုကွင်း” ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေ သောက်လို့ ဘာမှ ကောင်းကျိုးမရှိနိုင်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီဆေးကြောင့် ဆေးရုံပေါ်မှာ လူနာတွေသေဆုံးမှုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ “ဟိုက်ဒရိုစီကလိုကွင်း” ဟာ ငှက်ဖျားရောဂါအတွက်တော့အန္တရာယ်ကင်းပေမယ့် Covid-19 ကုသရေးမှာ အသုံးပြုရန် စမ်းသပ်ဖို့ကိုတော့ မထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ ယူအန် ကျန်းမာရေးအေဂျင်စီက နိုင်ငံအချို့မှာ “ဟိုက်ဒရိုစီကလိုကွင်း” စမ်းသပ်မှုများပြုလုပ်ရန် ချမှတ်ထားတဲ့ အစီစဉ်များ၊ ခွင့်ပြုချက်များကို လုံခြုံရေးအရ ဖယ်ရှားကြောင်း ပြောဆိုခဲ့ပါတယ်။

The Lancet ရဲ့ စမ်းသပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ်လူနာပေါင်း ၉၆,၀၀၀ ပါဝင်ခဲ့ပြီး ၁၅,၀၀၀ နီးပါးကို ဟိုက်ဒရိုစီကလိုကွင်း သို့မဟုတ်ကလိုရိုကွင်း ဆက်စပ်ဆေးတွေကို ဆေးချည်းသက်သက်သော်၎င်း အခြားပဋိဇီဝဆေး ရောစပ်၍သော်၎င်း ပေးခဲ့ပါတယ်။

လေ့လာတွေ့ရှိချက်မှာတော့ Covid-19 လူနာချင်းအတူတူမှာ ဆေးပေးခံထားရတဲ့ လူနာတွေဟာ အခြားလူနာအုပ်စုနဲ့ယှဉ်ရင်ဆေးရုံပေါ်မှာ သေတော့မလိုအခြေအနေမျိုးနဲ့ နှလုံးခုန်နှုန်းတွေ ရှုပ်ရှုပ်ထွေးထွေး ပြောင်းလဲလာတာကို တွေ့ရပါတယ်။

လူနာတွေရဲ့သေဆုံးနှုန်းက ဟိုက်ဒရိုစီကလိုကွင်း ၁၈% ၊ ကလိုရိုကွင်း ၁၆.၄% ၊ ထိန်းချုပ်အုပ်စု ၉% တို့ဖြစ်ပါတယ်။ ဟိုက်ဒရိုစီကလိုကွင်း ဒါမှမဟုတ် ကလိုရိုကွင်း ဆေးတွေကို အခြားပဋိဇီဝဆေးတွေနဲ့ ရောစပ်ပြီး ကုသမှုခံယူသူတွေရဲ့ သေဆုံးနှုန်းက ပိုပြီးမြင့်တာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့်မို့ ဆေးသိပ္ပံသုတေသီတွေက “ ဟိုက်ဒရိုစီကလိုကွင်း” ကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုရဲ့ ပြင်ပမှာ အသုံးမပြုသင့်ကြောင်းသတိပေးခဲ့ကြတာဖြစ်ပါတယ်။


26 May 2020     1,456 Views




RELATED

Most Popular of International News

Most Popular of NEWS