BEC-TERO TV

မြောက်ကိုရီးယားတွင် ကွာရန်တီးချိုးဖောက်သူ ဇနီးမောင်နှံအား ပစ်သတ်

29 May 2020     1,409 Views


မြောက်ကိုရီးယားတွင် Covid-19 အရေးပေါ်အခြေအနေ ကွာရန်တီး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်းမှ ထွက်ပြေးရန် ကြိုးစားသူ ဇနီးမောင်နှံအား လက်နက်ကိုင် ပြည်နယ်ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ရန်ဂန်ပြည်နယ်မှ စုံတွဲဇနီးမောင်းနှံဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ချိန်မှာရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်ခြင်းမပြုပဲ ပစ်သတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သူတို့နှစ်ဦးနဲ့အတူ တူတော်စပ်သူကလေးတစ်ဦး လိုက်ပါခဲ့ပြီး ကလေးကိုတော့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ရန်ဂန်ပြည်နယ်တွင် ဒေသခံအချို့ RFA သတင်းဌါနကို ပြောကြားခဲ့ရာတွင် ဖြစ်စဉ်မှာ မေလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ကြိုးစားခဲ့သူ လင်မယားစုံတွဲနှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်ဖြစ်ပြီး သူတို့နဲ့အတူ အသက် ၁၄ နှစ်အရွယ်ကျောင်းသားလေး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ကျောင်းသားလေးမှာ အမျိုးသမီးကြီးရဲ့ မောင်ဖြစ်သူ၏ ကလေးဖြစ်ပြီး တူတော်စပ်သည်။ ကလေး၏ ဖခင်မှာ အစောပိုင်းအချိန်များကပင် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ယခုတစ်ခါ သူက အစ်မဖြစ်သူ လင်မယားအား မြောက်ကိုရီးယားမှ ထွက်ပြေးရန်နှင့် သူ၏ သားကိုပါ တစ်ပါတည်းခေါ်လာရန်တိုက်တွန်းသဖြင့် ထွက်ပြေးဖို့ ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ အခုလို ထွက်ပြေးမှုမျိုးဟာ ပုံမှန်အချိန်မှာ ဆိုရင် လွတ်သွားနိုင်ပေမယ့်Covid-19 ကြောင့် ကွာရန်တီး အတွက် လုံခြုံရေး တင်းကြပ်ထားချိန်ဖြစ်သဖြင့် နယ်မြေလုံခြုံရေး ရဲအဖွဲ့က တွေ့ရှိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပမ်းနှိပ်စက်ခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သူက အရေးပေါ်ကာလအတွင်း နိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားသူတွေကိုအပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် အမိန့်ထုတ်ထားခဲ့သဖြင့် နယ်မြေလုံခြုံရေး တပ်ဖွဲ့အနေနဲ့ တောင်ကိုရီးယားဘက်သို့ ပြောင်းပြေးမည့် သူများအပေါ် ရွေးချယ်စရာလမ်းမရှိပဲ ပစ်သတ်ခဲ့ရခြင်းဖြစ်ကြောင်း  သတင်းရင်းမြစ်အရ သိရှိရသည်။

 


29 May 2020     1,409 Views




RELATED

Most Popular of International News

Most Popular of NEWS