BEC-TERO TV

ထီမထိုးတော့ဘူးဟုဆုံးဖြတ်လိုက်တဲ့ကျောင်းဆရာမ ၃ နှစ်ကြာပြီးနောက် အိမ်တစ်လုံးတည်ဆောက်နိုင်ခဲ့

04 Jun 2020     1,656 Views


ထိုင်းနိုင်ငံ ရွိုက်အိစ်ဝိတရာလိုင်စာသင်ကျောင်းက သင်္ချာဘာသာရပ်သင်ကြားပေးနေသော အသက် ၅၂ အရွယ် ဆရာမ “အာရယာ ဆွတ်ပရာ့စိတ်”ဟာ သူမရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ထီအစောင်ရေများစွာနဲ့တွဲရိုက်ထားတဲ့ သူမဓါတ်ပုံအား တင်လိုက်ပြီးနောက် အွန်လိုင်းမှာတော်တော် ပျံ့နှံ့သွားခဲ့ပါတယ်။ အရေအတွက်အလွန်များပြားနေတဲ့ထီအစောင်ရေ ကြောင့် လူအများအပြားစိတ်ဝင်စားသွားစေခဲ့တယ်။ သို့သော် ပုံတွင်ပါသောရုပ်ပုံတွေထက် “ထီမထိုးတာ ၃ နှစ်ကြာပြီးတဲ့နောက် ငွေများစွာစုဖြစ်” ဆိုတဲ့ သူမရေးသားထားတဲ့ ကပ်ရှင်ကတော့ လူပိုပြီးစိတ်ဝင်စားသွား စေခဲ့တယ်။

သတင်းထောက်တွေ ဆရာမနှင့်တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ ကျောင်းဆရာမ တာဝန်ထမ်းဆောင်လာခဲ့တာ သက်တမ်း ၂၉ နှစ်ရှိပြီး၊ ထီထိုးတာ အလွန်ဝါသနာပါတဲ့ လူတစ်ယောက်ပါ။ သူမဟာဆိုရင် ခင်ပွန်းနှင့်ကွာရှင်းနေထိုင်ခဲ့တာ ၇ နှစ်ကျော် ရှိပါပြီ။ ကျောင်းတွင်စာသင်သည့်အပြင် ကလေးတွေကို ကျူရှင်သင်ပေးပါတယ်။ တစ်လဝင်ငွေ ပျမ်းမျှအားဖြင့် ဘတ်ငွေ တစ်သိန်းနီးပါးရရှိနေသော်လည်း သမီးနှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက်ရုန်းကန်တာ အလွန်ပင်ပန်းတယ်လို့ ဆိုပါတယ်။

သူမကလည်း လူအများစုလို ထီဆုကြီးပေါက်ချင်လို့ ထီထိုးကံစမ်းနေကြတဲ့ လူအများထဲက လူတစ်ယောက်ပါလို့ ဆိုပါတယ်။ ထီပေါက်ခဲ့လို့ရှိရင် သူမရဲ့အကြွေးတွေပြန်ဆပ်ပြီး၊ မိသားစုအားလုံးအတူတူနေထိုင်ဖို့ သူမလိုချင်တဲ့ အပန်းဖြေစခန်းလိုအိမ်ပုံစံမျိုး အိမ်တစ်လုံးတည်ဆောက်သွားမယ်လို့ စိတ်ကူးအိမ်မက်ထား ပါတယ်။

ထီတစ်ခေါက်ထိုးလျှင်  ဘတ် ၄၀၀၀၀ ဝန်းကျင်ကုန်ကျပြီး၊ တစ်နှစ်မှာဆိုရင်တော့  ဘတ် ၄၈၀၀၀၀ ခန့် ကုန်ကျခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ သူမဝယ်ယူခဲ့သော ထီအစောင်ရေများကို ပြန်ကြည့်မိသောအခါ အများအပြားရှိနေပြီဆိုတာကို တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ အစောပိုင်းမှာဆိုရင် သူမဟာ ထီဆက်မထိုးဖို့  ဆုံးဖြတ်လိုက်ပါတော့တယ်။ သူမအတွက် အစပိုင်းက အနေခက်ခဲပေမယ့် နေသားကျအောင် မနည်းကျင့်နေရတယ်လို့ ဆိုပါတယ်။ ထီထိုးမည့်ပိုက်ဆံများကို စုဆောင်းထားပြီး ၃ နှစ်ကြာကာလအတွင်းမှာ တော်တော်များများစုမိဆောင်းမိ ခဲ့ပါတယ်။ ဘဝမှာ သူမ လိုချင်တဲ့ အိမ်မက်အိမ်ကလေးကို လက်ရှိသူမ ရှာနေတဲ့ပိုက်ဆံ နှင့် ထီထိုးမည့်အစား စုထားတဲ့ငွေနဲ့ပေါင်းပြီး အိမ်တစ်လုံး ဝယ်ယူကာ သူမရဲ့အိမ်မက်ကို အကောင်အထည်ဖော်လိုက်နိုင်ခဲ့ ပါတယ်။

ထီဆုကြီးပေါက်ချင်တဲ့ မျှော်လင့်ချက်ကြီးမားတဲ့လူတွေ၊ ထီအလွန့်အလွန်ထိုးတဲ့လူတွေ ကို သူမလို ငွေပြောင်းစုပေးပါ၊ ထီဆုကြီးကိုပဲမျှော်လင့်နေမည့်အစား တကယ့်လက်တွေ့ဘဝမှာ ကိုယ့်အစွမ်းနဲ့ကိုယ်ပဲ ကြိုးစားယူကြပါလို့ အကြံပြုသတိပေးသွား ခဲ့ပါတယ်။ နောက်ထပ် ဇိမ်ခံကား Mercedes ကားဝယ်ရန် ငွေထပ်စုသွားဦးမယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

 


04 Jun 2020     1,656 Views




RELATED

Most Popular of Special or Others

Most Popular of NEWS