BEC-TERO TV

လေလည်အနံ့ဆိုးများကိုသက်သာစေသောနည်းလမ်းများ

04 Jun 2020     2,351 Views


လေလည်တာက သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် တကယ်လို့သာ မခံစားနိုင်လောက်အောင် အနံ့အရမ်းနံလျှင် လူကြားသူကြားမှာ အရှက်ကွဲစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ထိုလေလည်ရတဲ့အကြောင်းရင်းနှင့် ဖြေရှင်းနည်း တို့အပြင် ဂျပန်လူမျိုးတွေအကြံပြုထားတဲ့လေလည်အနံ့သက်သာစေတဲ့အစားအစာများအကြောင်း ပြောပြပေးမှာ ဖြစ်ပါတယ်။

အစာစားခြင်းမှ ခန္ဓာကိုယ်အတွင်းရောက်ရှိသွားသောအစားအစာများကို အစာအိမ်ကချေဖျက်ပြီး ခန္ဓာကိုယ်သို့ အာဟာရဓါတ်များစုပ်ယူရန် အူသိမ်သို့ပို့ဆောင်ပေးတယ်။ ထို့နောက် စွန့်ပစ်ရန်အစားအစာအကြွင်းအကျန်များသည် အူမကြီးသို့တစ်ဆင့်ရာက်သွားကာ ထိုအူမကြီး၌ အစာကြွင်းအစာကျန်များကို ဖြိုခွဲစေတဲ့ ဘက်တီးရီးယားများရှိပြီး၊ ထိုမှ ဂက်စ်အဖြစ်ဖြင့် လေလည်ခြင်းကို ဖြစ်ပွားစေတာပါ။

သာမန်အားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် ဟိုက်ဒရိုဂျင် ကဲ့သို့ဓါတ်ငွေ့ပါသော အနံ့မရှိသော ကျန်းမာရေးမထိခိုက်သော ကောင်းသော သာမန် လေလည်ခြင်းနှင့် ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ အမိုးနီးယားနှင့် အင်ဒိုး ကဲ့သို့ဓါတ်ငွေ့ပါဝင်သော မကောင်းသောလေလည်ခြင်း ဆိုပြီးတော့ နှစ်မျိုးနှစ်စား ရှိပါတယ်။

 

လေလည်အနံ့နံတဲ့အကြောင်းရင်း

ပုံမှန်အားဖြင့် တစ်နေ့တွင် လူတစ်ဦးသည် ပျမ်းမျှ ၅ ကြိမ်ခန့်လေလည်ပါတယ်။ သို့သော် ဒီထက် ပိုသွားတတ်တဲ့ရက်တွေမှာတော့ ဂက်စ်ဖြစ်စေသောအစားအစာများ စားမိလို့ပဲဖြစ်ပါတယ်။ နောက်ထပ် ​လေလည်အနံ့ဆိုးပိုဖြစ်စေတဲ့ အရေးကြီးတဲ့အကြောင်းရင်းတွေကတော့……။

 

1. ဝမ်းချုပ်ခြင်း

ဝမ်းချုပ်နေလျှင် အစာများက အူအတွင်း၌ ရက်ပေါင်းများစွာ တည်ရှိနေတတ်ပြီး၊ ကျန်ရှိနေတဲ့ အစားအစာအကြွင်းအကျန်များကို ကစော်ဖောက်ခြင်းဖြစ်ပွားကာလေလည်အနံ့ဆိုးခြင်းကိုဖြစ်ပေါ်စေပါတယ်။ အပြန်အလှန်အားဖြင့် ဝမ်းလျှောမှုဖြစ်ပွားလျှင်လည်း ကောင်းသောဘက်တီးရီးယားများသည် အူမှစွန့်ပစ်ထုတ်ခံရပြီး၊ မကောင်းသောဘက်တီးရီးယားများက ဆက်လက်ကျန်ရှိနေတတ်၍ ထိုနည်းတူစွာ လေလည်အနံ့နံ စေပါတယ်။

 

2. အသားများနှင့်ဥ အလွန်အကျွံစားခြင်း

၎င်းသည်လည်းလေလည်အနံ့ဆိုးဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အူသိမ်၌ ပရိုတင်းနှင့် အဆီများ​ချေဖျက်စုပ်ယူသည့်အဆင့်မှာ သေချာမပြီးဆုံးသေးဘဲ အူမကြီးသို့ ဆက်လက်ပို့ဆာင်လိုက်ကာ ဘက်တီးရီးယားများကျန်ရှိနေတဲ့အစားအစာများကို ချေဖျက်ရခြင်းဖြင့် အနံ့ဆိုးများ ဖြစ်ပွားစေပါတော့တယ်။

 

3. အူသိမ်မူမမှန်သောလက္ခဏာဖြစ်ခြင်း

အူအတွင်း၌မကောင်းသောဘက်တီးရီးယားများစွာရှိနေနိုင်ပြီး လေလည်အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။ ဒါဟာခန္ဓာကိုယ်အားနည်းစေတဲ့အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

လေလည်အနံ့ဆိုးသက်သာစေသောနည်းများ

 

1. ဝမ်းမချုပ်အောင်နေထိုင်ပါ၊ ဝမ်းချုပ်ခြင်းသည်လည်း လေလည်အနံ့ဆိုးစေသည့်အပြင် အူ၌မကောင်းသောဘက်တီးရီးယားများကိုလည်း တိုးပွားစေတတ်ပါတယ်။ ဝမ်းချုပ်ခြင်းမှ ကာကွယ်ဖြေရှင်းနိုင်သောနည်းလမ်းမှာ မနက်အိပ်ယာထတိုင်းရေတစ်ခွက်သောက်ပါ၊ တစ်နေ့တာအတွက် ရေလုံလုံလောက်လောက်သောက်ပါ၊ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာများစားပါ၊ အူထဲမှ မကောင်းသောဘက်တီးရီးယားများကို ဖယ်ရှားပေးတဲ့ ဘက်တီးရီးယားအကောင်းများပါဝင်တဲ့ လက်တစ်အက်စစ်ဘက်တီးရီးယားများကြွယ်ဝသောအစားအသောက်များ စားပါ။

 

2. နေ့စဉ်နေထိုင်မှုပုံစံများကိုပြောင်းလဲပါ၊ မနက်စာပုံမှန်စားပါ၊ အုတ်ဆန်တို့ ဆန်လုံးညိုတို့ စသော ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓါတ် ပါတဲ့အစားအစာများကိုမျှတအောင် စားပါ၊ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ ဒါတွေဟာ အူလမ်းကြောင်းလှုပ်ရှားမှုများကာင်းမွန်စွာဖြစ်စေပြီး၊ ဝမ်းမှန် စေပါတယ်။

 

3. ဆာလဖာများတဲ့အစားအစာများကို တတ်နိုင်သလောက်ရှောင်ကျဉ်ပါ။ အူလမ်းကြောင်းအတွက် အထောက်အကူပြုတဲ့အစားအစာများကိုရွေးချယ်စားသောက်ပါ။ အထူးသဖြင့် ရုံးပတီသီး၊ ရေညှိ၊ ဒိန်ချဉ်၊ မီဆိုစွပ်၊ ကင်ဂျီ အစရှိတဲ့အစားအစာများဖြစ်ပြီး၊ တရိစ္ဆာန်အသား၊ ဥ၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နို့၊ ​ကော်ဖီ၊ အရက်သေစာများ အစရှိတဲ့အစားအစာများသည် ဆာလဖာနှင့်ပရိုတင်းများသောကြောင့် တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

 

အူလမ်းကြောင်းအတွင်းကောင်းသောဘက်တီးရီးယားများ တိုးပွားစေသောအစားအစာများကို စားသုံးပါ၊ ဆာလဖာများသောအစားအစာများလျှာ့စားပါ၊ အစရှိသော အထက်မှာဖော်ပြခဲ့တဲ့ စားသောက်​နေထိုင်မှုပုံစံများပြောင်းလဲပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းမှကင်းဝေးပြီး လေလည်အနံ့ဆိုးများလည်း သက်သာစေမှာ ဖြစ်ပါတယ်။

 

 

 


04 Jun 2020     2,351 Views




RELATED

Most Popular of Special or Others

Most Popular of Life Style