BEC-TERO TV

ပဲပင်ပေါက်အစိမ်းစားခြင်းနှင့်ကျန်းမာရေး

05 Jun 2020     1,982 Views


ဟင်းသီးဟင်းရွက်များထဲမှ ပဲပင်ပေါက်ကို ဟင်းလျာတစ်ခုအဖြင့် မကြာခဏဆိုသလို ချက်စားကြလေ့ရှိပါတယ်။ သို့သော် ပဲပင်ပေါက်ကို အစိမ်းစားတာမျိုးကို သိပ်ပြီးအကြံမပြုချင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှုများ ရှိနေလို့ပါပဲ။

 

ပဲပင်ပေါက်အစိမ်းစားခြင်းနှင့်ကျန်းမာရေး အန္တရာယ်

ပဲပင်ပေါက်၌ Salmonella (သို့) E. coli ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားများ ပါဝင်နေသည်ကို တွေ့ရှိရတယ်။ ဒါဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ အခြားနိုင်ငံများ၌လည်း တွေ့ရတယ်။ ပဲပင်ပေါက် အပင်ဖောက်ရန် ပဲပင်ပေါက်ပင်ကြီးထွားမှုအတွက် စိုထိုင်းဆနှင့်အပူချိန်သည် ပိုးမွှားများ၏ကြီးထွားမှုအတွက်သင့်လျော်စေတယ်။

ထို့အပြင် အရောင်ချွတ်ဆေးပမာဏမြင့်မားစွာပါဝင်နေတာကို တွေ့ရှိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချို့သောထုတ်လုပ်သူများက ပဲပင်ပေါက်များ စားချင်စဖွယ်လေးဖြစ်အောင် နှင့် တာရှည်ခံအောင် အရောင်ချွတ်ဆေးကို အသုံးပြုထားပါတယ်။

အစားအစာများတွင် အသုံးပြုရန်ခွင့်ပြုထားသော ဆိုဒီယမ်ဆာလဖိုက်ကဲ့သို့ အရောင်ချွတ်ဆေးအချို့ရှိသော်လည်း သူက အရောင်ချွတ်စွမ်းအားနည်းတဲ့အတွက်ကြောင့် ထုတ်လုပ်သူများက အစားအစာ၌ ခွင့်မပြုသည့်အရောင်ချွတ်ဆေး ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက်ကိုသာ အသုံးပြုခဲ့ကြတယ်။ ဤပစ္စည်းသည် ပထမအမျိုးအစားထက် ၂-၃ ဆ ပိုမိုအရောင်ချွတ်နိုင်စွမ်းရှိပြီး ပိုးမွားများကိုလည်း သတ်နိုင်တယ်။

သို့သော် များများစားပါက ခန္ဓာကိုယ်အတွက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အသက်ရှူခက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှိသူများ (သို့) ဓါတ်မတည့်ဖြစ်သူများမှာက လက္ခဏာပြင်းပြင်းထန်ထန်ခံစားနိုင်တတ်ပြီး သတိလစ်ခြင်း အဆိုးဆုံးက အသက်အန္တရာယ်အထိပါ ထိခိုက်စေနိုင်တယ်။

 

ပဲပင်ပေါက်မှ အန္တရာယ်များနည်းပါးရန်စားသောက်နည်း

1. တိကျသေချာတဲ့ ထုတ်လုပ်မှု မသိပါက ပဲပင်ပေါက်အစိမ်းများစားသုံးခြင်းကို ရှောင်ကြဉ်ပါ။

2. ပဲပင်ပေါက်မှာပါတဲ့ ဓါတုဆေးပစ္စည်းများသည် မီးအပူပေးခြင်းမှ ပျက်ပြယ်သွားတာကြောင့် အစိမ်းစားတာထက် ကျက်အောင်သေချာချက်ပြီးမှ စားပေးသင့်ပါတယ်။

3. သာမှန်ထက် အရောင်ပိုဖြူနေတဲ့ ပဲပင်ပေါက်များကို မရွေးချယ်ပေးသင့်ပါ။

4. အကယ်လို့ ပဲပင်ပေါက်အစိမ်းစားမယ်ဆိုလို့ရှိရင် မည်းနေတဲ့နေရာနှင့် ပုပ်တဲ့နေရာလေးတွေကို ဖယ်ပေးပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(ပိုပိုလေး)

 

 


05 Jun 2020     1,982 Views




RELATED

Most Popular of Special or Others

Most Popular of Life Style