BEC-TERO TV

အာတိတ်စက်ဝိုင်းမှ မြစ်တစ်စင်းထဲ ဒီဇယ်များဖိတ်စင်မှု ရုရှား အရေးပေါ်အခြေအနေကြေငြာ

05 Jun 2020     1,748 Views


အာတိတ်စက်ဝိုင်း ဧရိယာထဲက မြစ်တစ်စင်းထဲသို့ ဒီဇယ်ဆီများ တန်နှစ်သောင်း ယိုစိမ့်မှုဖြစ်ပွားသွားတဲ့အတွက် ရုရှားသမ္မတ ပူတင်က အရေးပေါ်အခြေအနေ ကြေငြာလိုက်တယ်လို့သိရပါတယ်။

၎င်းဒီဇယ်များ  ဖိတ်စင်မှုဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နာရိစ်ခ် (Norilsk) မြို့နားက ဓာတ်ကအားပေးစက်ရုံတစ်ရုံရဲ့ လောင်စာဆီကန် ပြိုလဲကျမှုကနေ ဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဖိတ်ကျ ယိုစိမ့်သွားတဲ့ လောင်စာဆီတွေဟာ မတော်တဆဖြစ်ခဲ့တဲ့နေရာမှ ၇ မိုင်ခွဲခန့်အထိမျောပါနေခဲ့တာပဲဖြစ်ပါတယ်။ ထို့ ကြောင့်ဆီတွေမျောပါနေခဲ့တဲ့ အမ်ဘန်နာယာ (Ambarnaya) မြစ်မှာ ကြက်သွေးရောင် စီးကြောင်းများ ဖြစ်ပေါ်လာပါတယ်။

ထိုနေရာတွက် ကူညီရှင်းလင်း​ရေး လုပ်ငန်းအတွက် တပ်ဖွဲ့များထပ်ပို့ရန်အတွက် အရေးပေါ်အခြေအနေ ကြေငြာလိုက်ရခြင်းဖြစ်ပါတယ်။ ထိုအဖြစ်အပျက်အား ၂ ရက်မြောက်ကြာပြီးမှသိရှိရတဲ့ အတွက် တာဝန်ရှိသာများအား ရုရှားသမ္မတ ပူတင်က လွန်စွာ စိတ်ဆိုး ဒေါသထွက်လျက်ရှိနေပါတယ်။

အဆိုပါ စက်ရုံအား နာရိစ်ခ် နစ်ကယ် (Norilsk Nickel) လုပ်ငန်းမှပိုင်ဆိုင်တာဖြစ်ပြီး ၎င်းလုပ်ငန်းဟာ ကမ္ဘာ့ထိပ်တန်း နီကယ်နဲ့ ပလေဒီယမ် သတ္ထုထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ဗီဒီယို ကွန်ဖရင့် အစည်းအဝေးတွင် ကုမ္ပဏီရဲပ တုံ့ပြန်ဆောင်ရွက်များနဲ့ပတ်သတ်ပြီး ကုမ္ပဏီအကြီးအဲကို သမ္မတ ပူတင်က အပြင်းအထန် ဝေဖန်အပြစ်တင်ခဲ့ပါတယ်။

“ ဒီအခြေအနေ တွေကို ဘာလို့ နှစ်ရက်ကြာမှ အစိုးရဌာနတွေက သိရတာလဲ… ဒီလောက်အရေးပေါ်အခြေအနေတွေဖြစ်နေတာကို Social Media ကနေမှသိရတော့မှာလား… ” ဟု ထိုအရာရှိ ဆာဂေးလီပင်း (Sergei Linpin) ကို ပူတင်က မေးခွန်းထုတ်ခဲ့ပါတယ်။

၎င်း ဒီဇယ်ဆီယိုဖိတ်မှုကို (Social Media) များမှာသတိပေးတဲ့ သတင်းများတက်လာပြီးနောက်ပိုင်း တနင်္ဂနွေနေ့ကျမှ သိရတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး အက်စ်စ် (Alexander Uss) က သမ္မတ ပူတင်ကို စောစီးစွာပြောခဲ့ပါတယ်။

ထိုဆီများယိုဖိတ်မှုကြောင့် စတုရန်းမိုင် ၁၃၅ မိုင် ညစ်ညမ်းကုန်ပါတယ်လို့ အစိုးရမီဒီယာက ထုတ်ပြန်ချကအရ သိရှိရပါတယ်။

မတော်တဆမှုကို စုံစမ်းစစ်ဆေးရန်အတွက် သမ္မတပူတင်က အမိန့်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံမန်နေဂျာကို ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

နာရိစ်ခ် နစ်ကယ် (Norilsk Nickel) ၏ ထုတ်ပြန်ချက်မှာတော့ ဒီဖြစ်စဉ်ကို အချိန်နဲ့တပြေးညီ မှန်ကန်စွာ တင်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒီမတော်တဆမှုဟာ လောင်စာဆီသိုလှောင်ကန်တစ်ခုရဲ့ ထောက်တိုင်များ ကျွံဝင်သွားရာကနေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ထိုနေရာဟာ ရေခဲမှတ်အောက်ထိ အမြဲအေးနေတဲ့ မြေလွှာပေါ်မှာတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုပူနွေးလာတာနဲ့ အမျှ မြေလွှာများပျော်ကျနေတဲ့နေရာပဲ ဖြစ်ပါတယ်။

ယခုအဖြစ်အပျက်ဟာ ခေတ်သစ်ရုရှားသမိုင်းတစ်လျှောက် ပမာဏအားဖြင့် ဒုတိယအကြီးမားဆုံး မတော်တဆမှု ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့တော့ရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲရဲ့ ပညာရှင်တစ်ယောက်က AFP သတင်း အေဂျင်စီကို ပြောပြခဲ့ပါတယ်။

 

ဘယ်လိုရှင်းလို့ရနိုင်မလဲ..

ဒီဖြစ်စဉ်အပေါ် ‘ မှောက်ကျခဲ့တဲ့ ပမာဏနဲ့ မြစ်ရဲ့ ပထဝီဝင်အနေအထားအရ သန့်ရှင်းရေးလုပ်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်တယ်.. ’ လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက ကြီးကြီးမားမားသတိပေးလိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကို ဂရင်းပိ့စ် (Greenpeace) အဖွဲ့က ၁၉၈၉ ခုနှစ်က အလက်စကာ (Alaska) မျာဖြစ်ခဲ့တဲ့ အက်စန် ဗယ်လ်ဒီးဇ် (Exxon Valdez) ​ဘေးအန္တရာယ်ကျရောက်မှုနဲ့ နှိုင်ယှဉ်ခဲ့ပါတယ်။

ရုရှားသဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်​ေ့း အဖွဲ့ (Rosprirodnadzor) ရဲ့ ဒုတိယခေါင်းဆောင်ဟောင်းကလည်း အာတိတ်ဇုန်ထဲမှာ ဒီလိုမတော်တဆမှုမျိုးမဖြစ်ဖူးဘူး လို့ ပြောခဲ့ပါသေးတယ်။

၎င်းယိုစိမ့်မှုကို ရှင်းလင်းနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ လောက်ကုန်ကျမှာဖြစ်ပြီး အချိန်အားဖြင့် ၅ နှစ်မှ ၁၀ နှစ်လောက်အထိ ကြာမြင့်လိမ့်မယ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။

ဒါပေမယ့် ခုလိုလောင်စာဆီယိုစိမ့်မှုဟာ နာရိစ်ခ် နစ်ကယ် (Norilsk Nickel) အတွက်ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း စက်ရုံအနီးနားက မြစ်ရေတွေ နီကုန်တာကို သူတို့စက်ရုံတစ်ရုံက မတော်တဆမှုလို့ ဝန်ခံခဲ့ဖူးပါသေးတယ်။

ဖိတ်ကျနေတဲ့ လောင်စာများကို ရှင်းသွားစေရန် မီးရှို့ဖျက်ဆိးပစ်တဲ့ နည်းကိုလည်းသဘောမတူဘူးလို့ ရုရှားသဘာဝရင်းမြစ် ဝန်ကြီး Dmitry Kobylkin ကပြောခဲ့ပြီး ဓာတုပစ္စည်းသုံး အားပျော့ ဖြိုခွဲတဲ့ နည်းလမ်းကို သုံးဖို့ အဆိုပြုထားပါတယ်။ အဆိုပါနည်းလမ်းကို သုံးမယ်ဆိုလျှင် စစ်တပ်အကူအညီနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဌာနကပဲ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

နောက်ပြီး အမ်ဘာနာယာ (Ambarnaya) မြစ်ဟာတိမ်လွန်းတဲ့အတွက် ရေယာဉ်တွေနဲ့ လိုက်ခပ်ပြီး ဆယ်ယူဖို့လည်းမဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပြီး အနီးနားက လွင်ပြင်တွေပေါ်ကို ဆီများစုပ်ထုတ်ဖို့ အကြံပေးခဲ့ပါတယ်။

အဲ့ဒီနေရာက မြေကြီးတွေဟာ လောင်စာတွေနဲ့ပျော်ဝင်ပြီး နေလောက်ပြီလို့ လည်း သမ္မတ ပူတင်ကပြောပါတယ်။

(ပိုပိုလေး)

 


05 Jun 2020     1,748 Views




RELATED

Most Popular of International News

Most Popular of NEWS