BEC-TERO TV

ပြောင်းလဲသွားခဲ့တဲ့ “ဟင်းရွက်တန်း”

08 Jun 2020     1,511 Views


ကိုဗစ်ကာလသည် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ယိုင်နဲ့နဲ့ဖြစ်သွားစေခဲ့သည်  သာမက စားသောက်ဆိုင်များ၊ ဈေးဆိုင် စတိုးဆိုင်များကို အကြီးအကျယ်ထိခိုက်နစ်နာမှု ရှိစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မစ္စူရီပြည်နယ် (Missouri) ချက်စတာဖီးလ်မြို့ (Chesterfield) ရှိ ဒီးယားဘတ်စ် (Dierbergs Markets) စူပါမားကတ်၏ဖြစ်ရပ် ကဲ့သို့ပင် သိသိသာသာလျှော့နည်းသွားတဲ့ ဈေးဝယ်သူများကို ပြန်လည်ဆွဲဆောင်ရန်အတွက် ဟင်းသီးဟင်းရွက်ရောင်းတဲ့တန်းတွေမှာ အရက်ယမကာများ အစားထိုးထည့်သွင်းရောင်းချရန်ဆုံးဖြတ်ခဲ့ ကြပါတယ်။

စူပါမားကတ်တာဝန်ရှိသူ၏ပြောကြားချက်အရ ကိုဗစ်၁၉ ဖြစ်ပွားပြီးတဲ့နောက် ရောဂါကူးစက်ရန်စိုးရိမ် ကြောင့်ကြမှုတွေကြောင့် ဈေးဝယ်သူများသိသိသာသာလျှော့ကျသွားတာတွေ့ရပြီး၊ ကျွန်ုပ်တို့ရဲ့ “ဆလပ်ဘား” (ဟင်းသီးဟင်းရွက်တန်း) တွေမှာ ဝယ်သူများလုံးဝမရှိသလောက်ဖြစ်သွားခဲ့တယ်။ လတ်လတ်ဆတ်ဆတ် အခြားအစားအစာအမျိုးမျိုးကို ပြောင်းတင်ရောင်းခဲ့သော်ငြားလည်း မအောင်မြင်ခဲ့ပါ။ ထို့နောက် အရက်ယမကာများအစားထိုးထည့်ရောင်းကြည့်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘီယာဗူးတွေအစမ်းစတင်ရောင်းချခဲ့ပြီးမှ ဝိုင်တွေကိုနောက်ထပ် ထပ်တင်လိုက်ပါတယ်။

ရလဒ်ကတော့ အောင်မြင်တယ်လို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဝယ်သူပါးခဲ့တဲ့ “ဆလပ်ဘား” တန်းတွေမှာ အခုက လူနည်းနည်းပိုစည်လာတာတွေ့ရတယ်။ အခြားဆိုင်ခွဲတွေမှာလည်း ဤနည်းပင်အသုံးပြုလာကြတယ်။ သို့သော် အရက်ယမကာများအနက် အခြားမုန့်ပဲသရေစာများကိုလည်း ထည့်ရောင်းထားပါတယ်ဟုသူက ဆိုပါတယ်။

နောက်တစ်ချက်ကတော့ ဆိုင်းဘုတ်မှာရေးထားတဲ့ “ဆလပ်ဘား” ဆိုတဲ့စကားလုံးကို အရှေ့စကားလုံးများဖြတ်ပြီး “ဘား” ဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတဲ့အချိန်မှာ ဝယ်သူများရဲ့စိတ်ခံစားမှုထူးခြားလာတာကို ပိုတွေ့ရတယ်။ ဒီအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ဘားဆိုင်၊အရက်ဆိုင်တို့ဟာ ဒီအချိန်မျိုးမှာ လူတချို့အတွက် အရမ်းတမ်းတနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…ဟုတ်တယ်မလား သငယ်ချင်းတို့ရေ…။

(ပိုပိုလေး)


 

 


08 Jun 2020     1,511 Views




RELATED

Most Popular of Special or Others

Most Popular of NEWS