BEC-TERO TV

ဆုံးရှုံးသွားသောစိတ်ဓါတ်ခွန်အားများကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ

15 Jun 2020     1,565 Views


လူသားတိုင်း၏ ဘဝမှာ တစ်ကြိမ်တစ်ခါထက် (သို့) ခဏခဏ ဆိုသလို ဝမ်းနည်းကြေကွဲသောအကြောင်းအရာများ၊ အဖြစ်ဆိုးများနှင့် ကြုံတွေ့နေကြစမြဲပါ။ မည်သူမှ ဘဝမှာ ဒီလိုအခိုက်အတန့်တွေ မကြုံတွေ့ချင်တာ အမှန်ပါ။ ဒါပေမယ့် ဒါတွေဟာ လက်တွေ့ဘဝမှာ ရှောင်လွဲလို့မရတဲ့ လောကဓံတရားတွေပါ။ ဘဝမှာ အကောင်းနဲ့အဆိုးဆိုတာက ဒွန်တွဲမြဲပါ။ ဒါပေမယ့် ကြုံတွေ့လာခဲ့ရင် သတိရှိရှိနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ၊ ဘယ်လိုကျော်ဖြတ်မလဲ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဆုံးရှုံးသွားသောစိတ်ဓါတ်ခွန်အားတွေကို ဘယ်လိုပြန်လည်တည်ဆောက်ပေးရမလဲ၊ ဒီကနေ့မှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နည်းလမ်းကောင်းများကို တင်ဆက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

1. ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို အရှိအတိုင်း ရင်ဖွင့်ပါ၊ ခံစားချက်တွေကို ပိတ်လှောင်မထားနှင့်၊ ငိုချင်ငိုချလိုက်ပါ၊ အချင်းချင်းအားပေးစကားတွေ ပြောပါ၊ အကောင်းမြင်စကားတွေ ပြောပါ၊ စိတ်အားထက်သန်စေတဲ့အရာတွေကို ပြုလုပ်ပါ။

2. သတိရှိရှိနေထိုင်ပေးပါ၊ မိမိကိုယ်ကိုယ်ရော ကိုယ့်ရဲ့နီးနားက လူတွေရဲ့အခြေအနေရော အမြဲအကဲခတ်သတိထားပေးပါ၊ ဥပမာ - အသံတစ်ခုခုကြားနေသလို အကြားအာရုံမမှန်ုတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ဓါတ်တွေကျလွန်းတာ၊ ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်တွေဖြစ်ပေါ်တာ၊ အစရှိတဲ့ မူမမှန်လက္ခဏာတွေ စသဖြင့်…။

3. နာတာရှည်ရောဂါခံစားရသူ၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အိုများ၊ စိတ်ပိုင်းဆိုင်ရာဝေဒနာသည်များ၊ အစရှိတဲ့ ဤလူနာတွေရှိပါက အထူးဂရုစိုက်ပေးပါ၊ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးပါ၊ သူတို့ကို စိတ်ချမ်းသာအောင် အထီးကျန်နေသလို မခံစားရအောင် ထားပေးပါ။

4. အများကို ဆွဲဆောင်တိုက်တွန်းမှု (Inducer) ဖြစ်စေတဲ့အရာတွေကို ရှောင်ပေးပါ၊ ဥပမာ - အသံကျယ်ကျယ်လောင်လောင်အော်ဟစ်ငိုကြွေးတတ်တဲ့သူတွေကို သူတို့နဲ့ သင့်လျော်တဲ့ အခြားတစ်နေရာမှာ သက်သက်ဖယ်ပေးပါ၊ အတက်ရောဂါရှိတဲ့သူတွေရှိရင်လည်း ထိုနည်းတူစွာပါ။ ဒါဟာ လူထုလိုက်ပြုယောင်ခြင်းမဖြစ်အောင် ကာကွယ်ခြင်းဖြစ်ပါ။

5. စိတ်ဖိစီးမှုတွေ များနေတဲ့ကြားမှ ပိုဆိုးမသွားအောင် အဆက်မပြတ် ဆက်တိုက်ထွက်လာနေတဲ့ သတင်းအချက်အလက်များဖတ်တာ ခဏရပ်ပါ၊ အရေးကြီးတဲ့ အချက်အလက်တွေကိုသာ နားစွင့်ပါ။

6. စိတ်ဖိစီးမှုတွေ အရမ်းများပြီး၊ တအားခံစားရတဲ့အချိန်ဆိုရင် ကိုယ်ကိုးကွယ်ရာဘာသာရေးအရ ဘုရားရှိခိုးတာ၊ ဘုရားစာရွတ်တာ၊ တရားထိုင်တာ၊ ကုသိုလ်လုပ်တာ အစရှိတဲ့အရာတွေ ပြုလုပ်ပေးခြင်းတွင် စိတ်ချမ်းသာရာရောက်စေပြီး၊ စိတ်ဖိစီးမှုများကို လျှော့နည်းစေတယ်။

7. ကုသမှုခံယူနေသော အခံရောဂါရှိတဲ့ဝေဒနာရှင်များတွေ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာလိုက်နာပေးပါ။အကယ်၍ လက်ရှိ ကိုယ်ကြုံတွေ့နေသောအကြောင်းအရာအပေါ် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ အရမ်းခံစားရပြီး ညဘက်အိပ်မပျော်ဖြစ်ရင် တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသရန် တိုက်တွန်းချင်ပါတယ်။

 


15 Jun 2020     1,565 Views




RELATED

Most Popular of Special or Others

Most Popular of Life Style