BEC-TERO TV

အရင်ကသားသမီးရှိခဲ့ဖူးတယ်လို့ တိုက်ခိုက်ပြောဆိုမှုတွေအပေါ် တုန့်ပြန်လိုက်တဲ့ မယ်လိုဒီ

17 Jun 2020     2,088 Views


ရုပ်ရည်ချောချော မျက်ခုံးမျက်လုံးလှလှနဲ့ နုဖတ်စိုပြည်တဲ့အသားအရည်ပိုင်ရှင်မို့ မိန်းမလှတစ်ယောက်အဖြစ် ပရိသတ်တွေက အားကျချစ်ခင်ရတဲ့ သရုပ်ဆောင်မယ်လိုဒီကတော့ သားချောလေးတစ်ယောက်နဲ့အတူ ၆ နှစ်တာတည်ဆောက်ထားတဲ့ သူမရဲ့အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

မယ်လိုဒီတစ်ယောက် ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းလိုက်ခြင်းအပေါ် ပရိသတ်တွေက လူမှုကွန်ယက်တွင် အမျိုးမျိုးဝေဖန်ရေးသား ပြောဆိုနေကြတာကို တွေ့ရပါတယ်။ အမျိုးမျိုးသောဝေဖန်ရေးသားမှုထဲတွင် မယ်လိုဒီမှာ အရင်က ကလေးတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုသည့် တိုက်ခိုက်ပြောဆိုချက်များပါ ထွက်ပေါ်လာခဲ့ပါတယ်။

အရင်က သားသမီးရှိခဲ့ဖူးတယ်လို့ တိုက်ခိုက်ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး မယ်လိုဒီက ချက်ကျလက်ကျနဲ့ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ မယ်လိုဒီက သူမတွင် သားသမီးတွင်ရှိခဲ့ပါက ယခုလို တည်ငြိမ်သူမေမေမျိုးအဖြစ် လှနေနိုင်မည်မဟုတ်ကြောင်းနှင့် သားသမီးဆိုလို့ သူမရဲ့သားချောလေး သိဒ္ဓိစစ်တစ်ယောက်သာရှိကြောင်း တုန့်ပြန်ရေးသားထားပါတယ်။

“အကောင့်တုတွေနဲ့pageမှာ မကောင်းတာတွေ ဝင်မရေးပါနဲ့ရှင်.. ကျွန်မမှာ အရင်က သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် ဖုံးဖိထားလို့ရမယ်ထင်လား…ကျွန်မရဲ့လှပမှုကြောင့် သရုပ်ဆောင်အလုပ်ကိုလုပ်ဖို့ အားလုံးကတိုက်တွန်းလို့လုပ်ဖြစ်ခဲ့တာပါ.. အဲ့ဒီအတွက် အကောင်းအဆိုးမျှတပါတယ်.. ကျွန်မ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်မွေးထားခဲ့ရင် အသားရည်ရဲ့လှပမှု၊ မျက်ဝန်းရဲ့ဆွဲဆောင်မှု၊ ကျစ်လစ်တင်းရင်းသော ခြေတံ လက်တံ၊ သွယ်လျပေမယ့် ကျန်းမာသန်စွမ်း ရေသန့်ဗူးကြီးတောင်အသာလေး မနိုင်တဲ့ လက်ချောင်ကလေးများ၊ ပုံသေနည်းမရှိပေမယ့် နှလုံးသားနဲ့ချက်လို့ အမြဲစားကောင်းတဲ့အစားအသောက်များ၊ သိပ်ချစ်တတ်ပြီး အချစ်ကိုတန်ဖိုးထား ချစ်တဲ့သူကိုဖူးဖူးမှုတ်ထားတတ်ပြီး ချစ်ခြင်းကိုစော်ကားရင်တော့ လွှတ်ချလိုက်ဖို့ ဝန်မလေးသူ၊ ကိုယ်မကြိုက်မချစ်ရင် ဘာဘဲအမ်းအမ်းမယူဘဲ ချစ်ကြိုက်မိလို့ကတော့ စည်းစိမ်မက ချော်ကီးအိမ်ပါထုတ်အမ်းချင်သူ”

“အမေနဲ့မက နောက်ဆက်တွဲတွေကိုပါ ရေမီးစုံလေထီးခုန်လို့ရအောင်ထားနိုင်သူ၊ တစ်အိမ်တည်းအတူတူနေတာတောင် စားပြီးသောက်ပြီးတစ်လ ၅သိန်းလစဉ်ကန်တော့တဲ့သူ၊ ဘုရားဖူး ခရီးထွက်ရင်ထပ်ပေးသူ၊ စေတနာဆရာမအဖြစ် တောကျောင်းလေးမှာ စာသင်ပေးခဲ့သူ၊ အဒေါ်အပျိုကြီးတွေဆုံးမမှုအောက်မှာ ယဉ်ကျေးလိမ္မာပြီး အဒေါ်တွေလက်ကလွတ်တာနဲ့ မီးကုန်ယမ်းကုန် ကဲတဲ့သူ.. မိဘမဲ့ကလေး HIV ဖြစ်နေတဲ့သူတွေအတွက် အိမ်ထောင်မပြုခင်ထိ လှူတန်း လုပ်အားပေးရန် အမြဲရှိနေခဲ့သူ… ဘုရား တရား သံဃာကို လဘ်လာဘအတွက်ကိုးကွယ်ဖို့မဟုတ်ဘဲ ကောင်းမွန်သောလမ်းစဉ်ကို လိုက်နာကျင့်ကြံကြိုးစားနေသူလေး…ထက်မြတ်ပြီး စိတ်ထားမြင့်မြတ်တဲ့အမျိုးသမီးကောင်းတွေဆီက အကြင်နာ မေတ္တာနဲ့ မြတ်စွာဘုရားရဲ့တရားတော်များအား သင်ယူနေသူလေး…(ဆိုးတာက အစ်မတွေနဲ့မဆိုင်ဘူး အော်ဆိုးလေး)”

“ဆက်ဖေါ်ရင် ကိုယ့်ကိုကိုယ်ဖေါ်မသူတော်ဖြစ်တော့မယ်… ကဲ အဲ့လိုကလေးမျိုးလေးဘဲဖြစ်နေမယ့်သူကို ဖွက်ထားလို့ရပါ့မလား.. ကျွန်မကမွေးရင် ၅၀%တော့ ကျွန်မနဲ့တူမှာသေချာတယ်… အလကားနေ game ကစား online ပေါ်တတ် စကားဖွ အကုသိုလ်ပေးတဲ့အလုပ်မလုပ်သူ… ကျွန်မသာတကယ်မွေးထားခဲ့ရင် ကျွန်မကလေးက ကျွန်မတင်မကဘူး ကျွန်မနဲ့ပက်သတ်တဲ့သူကိုပါ ထမင်းစားပွဲရှေ့ရောက် ထမင်းမအေး ဟင်းမအေး ပူပူနွေးနွေး ကျန်းမာရေးနဲ့ညီညွှတ်အောင်ထားတဲ့ သားသမီးဖြစ်နေမှာ.. ဒါကြောင့် စိတ်ကူးယဉ်အကုသိုလ်ဇာတ်လမ်းတွဲထဲမှာဘဲ စီးမြောမနေကြပါနဲ့… အနာဂတ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့လေးစားတန်ဖိုးထား ချစ်တတ်မယ့် သိဒ္ဓိစစ် Siddhi Sitt လေးကိုဘဲ မျှော်မှန်းမေတ္တာပို့ကာ အချစ်တွေစုထားကြပါနော်.. မေမေရှာသမျှ သားချစ်တဲ့ သမီး ဒါမှမဟုတ် အချောလေး အတွက်ပါဘဲ လိမ်မာရင် အိမ်ပါ အပိုင်ပေးမှာပါ…အပျင်းပြေစာရေးခြင်း ခဏနားပါရစေရှင်… ၇ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်” ဆိုကာ တုန့်ပြန်ပြောဆိုရေးသားထားပါတယ်။

ပရိသတ်ကြီးရေ မယ်လိုဒီကတော့  သူမမှာ သားသမီးရှိခဲ့တယ်ဆိုပြီး ဝေဖန်တိုက်ခိုက် ပြောဆိုနေမှုတွေဟာ မမှန်ကန်ကြောင်း ရှင်းလင်းရေးသားလိုက်ပါပြီနော်…

(ပိုပိုလေး)

Source_Melody's FB


17 Jun 2020     2,088 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment