BEC-TERO TV

ယောက်ျားလေးများ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်၍ ဂရုစိုက်သင့်သည့် အချက်(၅)ချက်

19 Jun 2020     1,782 Views


ယောက်ျားလေးတွေ တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းနဲ့ပတ်သတ်ပြီး လျစ်လျူရှု့တက်ကြပါတယ်။ အရေးကြီးတဲ့ တွေ့ဆုံမှုတွေ၊ အစည်းအဝေးသွားတဲ့အခါမှာ ကိုယ့်ရဲ့ပုံစံကြောင့် အခွင့်အရေးဟာ ဒုတိယအကြိမ်အနေနဲ့တောင် ပေါ်လာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ ယောက်ျားလေးတွေလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်၍ ဂရုစိုက်သင့်သည့် အချက်(၅)ချက် ကို ပြောပြလိုက်ပါတယ်။


၁။ လိုက်ဖက်တဲ့ ရေမွှေးကိုရွေးချယ်ပါ

 

၂။ လက်သည်း၊ ခြေသည်းတွေကို ဂရုစိုက်ပါ

လက်သည်းလေးတွေကို ညှပ်ပေးပြီး တိပေးဖို့ လိုအပ်ပါတယ်

 

၃။ အသားအရေကို ထိန်းသိမ်းပါ။

ယောက်ျားလေးတော်တော်များများဟာ အသားရည်ထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သတ်လို့ အားနည်းတက်ကြပါတယ်။ အခြေခံအသားအရေထိန်းသိမ်းမှုတွေကို လျစ်လျူရှု့ထားမယ်ဆိုရင် အရွယ်မြန်မြန်ရင့်လာမှာဖြစ်ပါတယ်။ ကိုယ့်အသားအရေအမျိုးအစားနဲ့ သင့်တော်မည့် သန့်စင်ဆေးကို အသုံးပြုသင့်ပါတယ်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့ကိုလည်း ရှင်းလင်းသင့်ပါတယ်

 

၄။ သွားများကို ဂရုစိုက်ပေးပါ

သင့်သွား တောင်မှ လှပမှုမရှိဘူးဆိုရင် ပုံစံက ကြည့်ရတာမကောင်းတော့တာ အသေအချာပါပဲ။ ဒါကြောင့်မို့ သွားနဲ့ ပတ်သတ်လာရင် သွားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ကိုယ့်ရဲ့အိမ်မှာလည်း သွားသန့်စင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူထားပါ။ ကျိုးပဲ့နေတဲ့ သွားတွေရှိရင် ဖာထေးပြုပြင်ပါ။ 

 

၅။ ဆံပင်ပုံစံ စတိုင်လ်ကျပါစေ

ဆံပင်ပါးလာတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းစေနိုင်ပါတယ်။ ဆံပင်ပါးလာတဲ့အစောပိုင်း ကာလတွေမှာ ဆံပင်စတိုင်လ်ကောင်းကောင်းနဲ့ ဖီးလိမ်းပြင်ဆင်မယ်ဆိုရင်တော့ သင့်ရဲ့ ဆံပင် မရှိတဲ့နေရာကို ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်ပေမဲ့ လုံးဝကို ဖုံးထားလို့မရတဲ့အခြေအနေကို ရောက်သွားတာဆိုရင်တော့ ရိတ်လိုက်တာမျိုး၊ ဒါမှမဟုတ် ရှိတဲ့ဆံပင်နဲ့ပဲ ယုံကြည်မှုရှိရှိ လျှောက်လှမ်းလိုက်ပါ။

ဒီအချက်ငါးချက်ကို ပိုင်ဆိုင်ထားနိုင်ပြီဆိုရင်တော့ လူရည်လူသန့်ဖြစ်ပြီပေါ့...

(ပိုပိုလေး)

 


19 Jun 2020     1,782 Views




RELATED

Most Popular of Special or Others

Most Popular of Life Style