BEC-TERO TV

အမျိုးသမီးများနှင့်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေသောတရားခံများ

20 Jun 2020     1,854 Views


တိုးတက်လာတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေအမျိုးမျိုးအံ့မခန်းတိုးတက်လာတာနဲ့အမျှ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာအောင် ပြောင်းလဲလုပ်ဆောင်လာကြတယ် ။ အဲဒီလို အရာရာပြောင်းလဲလာကြတဲ့ အထဲမှာ အလှအပရေးရာဟာလည်း လူသားတွေကြားထဲမှာ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုအခန်းကဏ္ဍအနေနဲ့ပါဝင်လာပါတယ် ။

အလှအပရေးရာဆိုတာဟာလည်း အရင်တုန်းကဆိုရင် အမျိုးသမီးများအတွက်သာ သီးသန့်လို့ မှတ်ထင်ခဲ့ကြပေမယ့်အခုတော့ အမျိုးသားများပါ အသားအရည်ထိမ်းသိမ်းကြဖို့ ဂရုစိုက်လာကြတာတွေ့ရတယ် ။ အထူးသဖြင့် ခန္ဓာကိုယ်မှ ဇီဝကမ္မဖြစ်စဉ်တွေအတွက် Oxidation reaction လို့ခေါ်တဲ့ ဓါတု ဓါတ်ပြုခြင်းတွေဖြစ်တဲ့နေရာမှာ ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်မှုတွေဖြစ်စေတဲ့ free radical တွေထွက်လာပါတယ် အဲဒီ free radical တွေက ခန္ဓာကိုယ်ရဲ့ အပြင်ပန်းသဏ္ဍာန်ကို ရုပ်ရင့်စေတယ် အရေးအကြောင်းတွေဖြစ်စေယုံသာမက အသားအရည်ကိုပျက်ဆီးမှုတွေလည်းဖြစ်စေတတ်တယ် ။ ဒီတော့ အခုနောက်ပိုင်းမှာ လူတွေဟာ free radical တွေကို တိုက်ထုတ်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ဂုဏ်သတ္တိပါဝင်တဲ့ product တွေ skin care တွေ lotion တွေ supplement တွေကို ရွေးချယ်သုံးစွဲလာခဲ့ကြတယ် ။

အမျိုးသမီး တစ်ဦးရဲ့ဘဝမှာ ကြီးသည်ဖြစ်စေ ငယ်သည် ဖြစ်စေ အလှအပကို မမက်မောတဲ့သူ မလှချင်တဲ့သူရယ်လို့မရှိပါဘူး ။ ဒီတော့ သူများတကာတွေနဲ့ယှဉ်တဲ့အခါ ကိုယ်ကပိုလှနေစေဖို့အတွက် ကိုယ့်ရဲ့အသားအရည် skin complexion ကို ထိမ်းသိမ်းထားဖို့လိုပါတယ် ။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ အသားအရည်ကို ပျက်ဆီးစေတဲ့အကြောင်းအရင်း‌တွေကိုသိထားကြဖို့လိုသလို အသားအရည်ကို ထိမ်းသိမ်းဖို့ မိမိနဲ့သင့်တော်တဲ့ ဘယ်လို skin care မျိုး ရွေးချယ်သုံးစွဲမလဲ ဆိုတာ သိကြဖို့ဟာ အရေးကြီးလာပြီဖြစ်ပါတယ် ။ အကြမ်းဖျဉ်းကြည့်မယ်ဆိုရင် အမျိုးသမီးအသားအရည်ကို အဓိက ပျက်ဆီးစေနိုင်တဲ့ တရားခံတွေက? အသားအရည်ပျက်ဆီးခြင်းကိုဖြစ်ပေါ်စေတဲ့ အဓိက တရားခံတွေအကြောင်းဖြစ်ပါတယ် ။


၁ ။ အသက်အရွယ်

အသက်အရွယ်ဆိုတာကြီး ကျွန်တော်တို့ ကြုံကိုကြုံတွေ့ရမယ့်အပိုင်း ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်တဲ့အပိုင်းဖြစ်ပါတယ် ။ ဥပမာ လူဟာ အသက်ငယ်ရွယ်စဉ် ပျိုဖော်ဝင်စ လှသွေးကြွယ်နေတဲ့အချိန်မှာ အသားအရည်လေးတွေ စိုစိုပြည်ပြည် လှလှပပ နဲ့ အသက်ကလေး ၃၀ ကျော်လာတော့ နည်းနည်းအရေးအကြောင်းလေးတွေ အစက်အပျောက်လေးတွေပေါ်လာကြပြီ ။ ဒီတော့ မှန်ကန်တဲ့ skin care ကို သာမသုံးစွဲဖြစ်ခဲ့ရင် skin treatment ကိုသာ မယူဖြစ်ခဲ့ရင် အသက် ၃၀ ကျော်အရွယ်မှစပြီး အသားအရည်ပျက်ဆီးမှုတွေနဲ့စတင်ကြုံတွေ့ရတော့မှာဖြစ်ပါတယ် ။ အသက်အရွယ်ကြောင့်အရေးအကြောင်းဖြစ်တာခြင်းအတူတူ အစက်အပျောက်ဖြစ်တာခြင်း အတူတူ အရေပြားအသားအရည်ကို ဂရုတစိုက်ကာကွယ်စောင့်ရှောက်နေသူက ရေရှည်မှာ အသားအရည်ပျက်ဆီးမှုနည်းပြီး ပျိုရွယ်နုပျိုမှုအတိုင်း အကျိုးဆက်ကို ခံစားရရှိမှာဖြစ်ပါတယ် ။


 

၂ ။ နေရောင်ခြည်

နေရောင်ခြည်ကလည်းတကယ့်ကို အသားအရည်ကို အဓိကပျက်ဆီးစေတဲ့တရားခံဖြစ်ပါတယ် ။ Sun ray တွေနဲ့ ခရမ်းလွန်ရောင်ခြည်လို့ခေါ်တဲ့ UV Rays တွေက အသားအရည်ရဲ့ cells တွေကို ပျက်ဆီးစေယုံသာမက ဆဲလ်အသစ်ဖြစ်ပေါ်စေခြင်း Cell renewell ကို ပါ နှောင့်နှေးစေပါတယ် ။ ဒါကြောင့်အခုနောက်ပိုင်း skin care တွေထုတ်လုပ်ကြတဲ့အခါ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်တဲ့ SPF လို့ခေါ်တဲ့ Sun protection factor ပါဝင်တဲ့ လိုးရှင်းတွေ skin care တွေကို ထုတ်လုပ်လာကြတာတွေ့ရပါတယ် ။ ပူပြင်းတဲ့နေရာခြည်အောက်ထွက်တဲ့အခါ sun block ဖြစ်စေ skin care ဖြစ်စေ ဂရုတစိုက်လိမ်းရပါမယ် အကျီလက်ရှည် ဖြူဖျော့ဖျော့ချည်သားကိုဝတ်ဆင်ရပါမယ် အဖြူရောင်ဟာ အလင်းပြန်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ကို သက်သာစေပါတယ် ။


 

၃ ။ chemical (မိတ်ကပ် ၊ အရည်အသွေးညံ့ skin care များ ၊ ဆေးဝါးများ ဟော်မုန်းဆေးများ)

အထူးသတိထားရမှာပါ အပေါစားမိတ်ကပ်တွေ အသားရည်ပျက်ဆီးစေတဲ့အရည်အသွေးညံ့ skin care တွေနဲ့ တချို့သော ဟော်မုန်းဆေးတွေဟာ ခန္ဓာကိုယ်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေနိုင်ပါတယ် ။


 

၄ ။ ဓါတ်မတည့်ခြင်း allergy ( ဆေးဝါး ၊ အစားအသောက် )

နံပတ် ၃ အချက်ကို မူတည်ပြီး နံပတ်လေးအချက် ဓါတ်မတည့်တဲ့အလာ့ဂျစ်တွေဖြစ်လာတဲ့အခါ အသားအရည်ဟာ ပိုမိုးဆိုးရွားစွာ ပျက်ဆီးလာစေတတ်ပါတယ် ။ ဒါကြောင့် ကိုယ်သုံးမယ့် skin care တွေ လိုးရှင်းတွေ မိတ်ကပ်တွေဟာ အရည်အသွေးပြည့်မှီရမယ့်အပြင် လူကို ဥပါဒ်မဖြစ်စေတဲ့ chemical တွေဖြစ်ရင်အကောင်းဆုံးပါပဲ ။ တခါတလေ ဈေးနှုန်းသက်သာတာကိုရွေးချယ်ရင်းရွေးချယ်ရင်းအရည်အသွေးမပြည့်မှီတဲ့အခါ လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ အရာတွေပါလာတဲ့အခါ ဓါတ်မတည့်တဲ့အခါ ပြင်းထန်စွာ အသားအရည်ပျက်ဆီးမှုကိုဖြစ်စေတတ်ပါတယ် ။ ဒါကြောင့် ကိုယ်ဟာ ဘယ်လို အသားအရည်မျိုးကိုပိုင်ဆိုင်တယ် ဘယ်လို အရာတွေနဲ့ဓါတ်တည့်တယ်မတည့်ဘူးဆိုတာ သိထားဖို့လိုသလို ဆေးဝါတွေသောက်သုံးနေရသူဆိုရင်လည်း အဲဒီဆေးဝါးတွေက အသားအရည်ပျက်ဆီးမှုကိုဖြစ်စေခြင်းရှိမရှိ ဆရာဝန်နဲ့တိုင်ပင်ရမှာဖြစ်ပါတယ် ။


 

၅ ။ Environmental factors ( လေ ၊ ရေ ၊ ဖုန်မှုန့် )

Environmental factors ကိုတော့လူတိုင်းကြုံဖူးကြမှာပါ ။ ရေခြားမြေခြား ခရီးသွားတဲ့သူတွေ အညာဒေသကို သွားဖူးတဲ့သူတွေ လေဒါဏ်ရေဒါဏ် ဖုန်မှုန့်ဒါဏ်တွေကြောင့် အသားမည်းတာတွေ အသားအရည်ပျက်ဆီးတာတွေတွေ့ကြုံရမှာပါ ။ ဒီတော့ ဒီလို ပတ်ဝန်းကျင် ရိုက်ခတ်မှုကို ကြုံတွေ့လာခဲ့ရင် ဘယ်လိုကာကွယ်မလဲဆိုတာ သိထားဖို့လိုတာပေါ့ ။ ဥပမာ လေပူတွေအတိုက်ခံရရင်လည်း အသားအရည်ပျက်ဆီးတာပါပဲ ဒီတော့ ပတ်ဝန်းကျင် က နေ လေ ရေ စတာတွေကလည်း အသားအရည်ပျက်ဆီးစေမှုထဲပါဝင်နေတယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ် ။


 

၆ ။ Intrinsic factor ( ကိုယ်တွင်းဟော်မုန်းဓါတ်မညီမျှ ခြင်း )

အချက်ဖြစ်တဲ့ ကိုယ်တွင်း ဟော်မုန်းဓါတ်မညီမျှခြင်း Intrinsic factor ဆိုတာ တကယ်တော့ အမျိုးသမီးတွေ လစဉ်ကြုံနေကြ Menstrual Cycle ကို ရည်ညွှန်းတာပါ ။ Menstruation နည်းခြင်း များခြင်း မမှန်ခြင်းစတာတွေဟာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းပြောင်းလဲမှုတွေနဲ့တိုက်ရိုက်ပတ်သတ်နေပါတယ် ။ ဒီတော့ ဒီလိုမျိုးတွေကြုံတွေ့ရပြီဆိုရင် အသားအရည်မွဲခြောက်ခြောက်နဲ့ မစိုမပြည်ဖြစ်တာကို ကြုံဖူးသူတိုင်းသိမှာဖြစ်ပါတယ် ။ ဒီတော့ ဒီလိုပြဿနာတွေကြုံလာရပြီဆိုရင် ပေါ့ဆမနေပဲ သက်ဆိုင်ရာ မီးယပ်ဆရာဝန်တွေနဲ့ ပြသဖို့အကြံပေးချင်ပါတယ် ။ ဆေးမြီးတိုတွေနဲ့ မကုသပဲရောဂါဇစ်မြစ်ကိုကုသနိုင်မှသာ ရေရှည်မှာ အကျိုးကျေးဇူးရရှိမှာဖြစ်ပါတယ် ။


 

၇ ။ စိတ်ဖိစီးမှုများခြင်း

နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုပါပဲ ။ စိတ်ဖိစီးမှုများတဲ့ ၂၁ ရာစုခေတ်ကြီးမှာ လူတွေဟာ ခန္ဓာကိုယ်ကြီးကိုသာအစာကျွေးနေကြတယ် စိတ်ကိုတော့အစာကျွေးဖို့မေ့နေတတ်ကြပါတယ် ။ စိတ်ဖိစီးမှုကို အကောင်းဆုံးလျော့ချစေနိုင်တဲ့ နည်းတွေကို ရှာဖွေရမှာဖြစ်ပါတယ် ။ စိတ်ဖိစီးမှုများခြင်းက အသားအရည်ပျက်ဆီးမှုကိုများစေတတ်တယ် ဒီတော့ စာများများဖတ်ပါ အပေါ့စားကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ပါ အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ပါ ခေါင်းအေအေးထားပြီး ပြဿနာကိုရှင်းပါ တရားထိုင်ခြင်းတို့က စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်ပါတယ် ။

 

 

၈ ။ အာဟာရဓါတ်နှင့်ရေဓါတ်ချိုတဲ့ခြင်း ( Micronutrient deficiency and dehydration )

နောက်အချက်တစ်ခုဖြစ်တဲ့ အာဟာရဓါတ်ချို့တဲ့ခြင်း နှင့်ရေဓါတ်ချို့တဲ့ခြင်းကလည်းအရေးကြီးပါတယ် ။ တစ်နေ့တာသတ်မှတ်ထားတဲ့ RDA လို့ခေါ်တဲ့ Recommended Daily Allowance ကိုပြည့်မှီအောင် အာဟာရဓါတ်တွေကိုစားသုံးဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး ။ ဒီတော့ အသားအရည် အရေပြား ကျန်းမာသန်စွမ်းတောက်ပြောင်ရှင်းသန့်နေဖို့လိုတဲ့ အာဟာရဓါတ်နဲ့ ရေဓါတ်ဟာ အလွန်အရေးကြီးပါတယ် ။ ဒါကြောင့်လည်း အခုနောက်ပိုင်မှာ supplement တွေ အမျိုးမျိုးထွက်ပေါ်လာတာဖြစ်ပါတယ် ။ ရေဓါတ်ဆိုရင်လည်း ဝမ်းချုပ်တာကိုကာကွယ်နိုင်တဲ့အပြင် အသားအရည်စိုပြည်ဖို့အတွက်မရှိမဖြစ် လိုအပ်ပါတယ် ဒါကြောင့်ရေကို ပုံမှန်သောက်နိုင်သလောက်သောက်ခြင်းအားဖြင့် အသားအရည်ထိမ်းသိမ်းခြင်းကို များစွာ အထောက်အကူပေးပါတယ် ။


 

 

၉ ။ ရောဂါတစ်ခုခုဖြစ်နေခြင်း ( အရေပြားကင်ဆာ )

နောက်ဆုံးအချက်ဖြစ်တဲ့ ရောဂါတစ်ခုခုဥပမာ အရေပြားရောဂါခံစားနေရလို့ အသားအရည်ကို များစွာ ပျက်ဆီးမှုဖြစ်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ကုသရမှာဖြစ်ပါတယ် ။ ဒါ့အပြင် တခြားရောဂါတစ်ခုခုကြောင့် အရေပြားကို လာရောက်ထိခိုက်စေတာမျိုးလည်းရှိပါတယ် ။ ဒီတော့ Skin Care အကြောင်းကိုတော့ နောက်မှာ ထပ်ပြောမယ့်သူတွေရှိပါတယ် ။ အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ လှပလိုသော အမျိုးသမီးတိုင်းလိုလိုသည် လှချင်စိတ်ရှိယုံလေးတစ်ခုတည်းသာမကပဲ ဘယ်လို အရာတွေက အသားအရည်ကိုပျက်ဆီးစေနိုင်သလဲ ဘယ်လိုကာကွယ်ရမလဲ စတာတွေကို ဗဟုသုတအဖြစ်သိထားသင့်ပြီး လက်တွေ့ ဆောင်ရန်ရှောင်ရန်တွေကို လေ့လာမှတ်သားနိုင်ကြပါစေလို့ ဆန္ဒပြုရင်းအဆုံးသတ်လိုက်ပါတယ် ။


 

 

 

 


20 Jun 2020     1,854 Views




RELATED

Most Popular of Special or Others

Most Popular of Life Style