BEC-TERO TV

ရာသီသွေးစွန်းနေသော ဗီဒီယိုဖိုင်ထဲမှအမျိုးသမီးက ပို့စ်တင်သူအား တရားစွဲ

25 Jun 2020     1,376 Views


လွန်ခဲ့တဲ့ရက်အနည်းငယ်၌ ထိုင်းနိုင်ငံရှိ မင်္ဂလာဆောင်တစ်ခုကို တက်ရောက်လာတဲ့ ဧည့်သည်အမျိုးသမီးတစ်ဦးသည် သူမကိုယ်တိုင်မသိလိုက်ပဲ စကပ်မှာဓမ္မတာရာသီသွေးတွေစွန်းနေတဲ့သူမရဲ့အဖြစ်ကို အနားရှိစားပွဲဝိုင်းမှ ထိုင်နေသောလူငယ်တစ်စုက လှောင်ပြောင်ကာ အမိအရဗီဒီယိုမှတ်တမ်းတင်ထား၍ အွန်လိုင်းမှာ အပျော်တမ်းတင်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာဘဲ အွန်လိုင်းမှာလျင်မြန်စွာပလူပျံသွားခဲ့ပြီး သူတစ်ပါးရဲ့ကျန်းမာရေးပြသာနာကို လှောင်ပြောင်ကျီစယ်စရာလား၊ ဒါဟာ မပြုလုပ်သင့်တဲ့ ဖြစ်ရပ်ပါဆိုပြီး ဗီဒီယိုဖိုင်တင်တဲ့သူတွေကို အများအပြားဝေဖန်ရှုံ့ချမှုတွေ ရှိလာခဲ့ပါတယ်။ ကာယကံရှင်အမျိုးသမီးမှာ ရှက်လို့ဆိုပြီး အစပိုင်းမှာ တရားစွဲဖို့ မစဉ်းစားခဲ့ပါ။ ပို့စ်တင်တဲ့သူထံ ပို့စ်ဖျက်ပေးရန်တောင်းဆိုခဲ့သော်လည်း ချက်ချင်းမဖျက်ပေးဘဲ အချိန်အကြာကြီးထားခဲ့ပါတယ်။ စစတင်ချင်းတုန်းကတော့ ဝင်ရောက်ကြည့်ရှုသူ တစ်သိန်းကျော်သာရှိခဲ့ပြီး ရက်အနည်းငယ်ကြာလာသော်အခါ ငါးသိန်းသုံးသောင်းကျော်အထိ လျင်မြန်စွာရောက်ရှိသွားခဲ့ပါတယ်။ ဝင်ရောက်ကြည့်ရှုသူများဆီကနေ အမြတ်ထုတ်ခံနေရတယ်လို့ သူမခံစားလာရပြီး နောက်ဆုံး၌ ပို့စ်တင်တဲ့သူတွေကို သူမအား တောင်းပန်ရန် ဆက်သွယ်လိုက်ပါတော့တယ်။ ထို့နောက် သူမသည် သူမ၏မိဘနှစ်ပါးနှင့် သူမရဲ့ဂုဏ်သိက္ခာကိုထိပါးစော်ကားစေတယ်၊ သူမကို အွန်လိုင်းမှာအရှက်ကွဲစေတယ်၊ သူမရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီး ပို့စ်တင်တဲ့သူတို့အား ဗီဒီယိုဖိုင်မှာ ဝင်ရောက်ကြည့်ရှုသွားတဲ့အကြိမ်အရေအတွက်နှင့်တူညီသော (ငါးသိန်းသုံးသောင်ကျော်) လျော်ကြေးကို သူမအား ပေးရန် သက်ဆိုင်ရာရဲဌာနမှာ အမှုဖွင့်တိုင်ကြားထားခဲ့ပါတယ်။ ဤကဲ့သို့ဖြစ်ရပ်မျိုး နောက်ထပ်လူတွေလိုက်လံမပြုလုပ်ကြရန် နမူနာတစ်ခုလို သင်ခန်းစာပေးချင်တဲ့ သဘောမျိုးဆိုပြီး၊ လျော်ကြေးမှရရှိသွားမယ့် ငွေများအားလုံးကို မိဘမဲ့ကလေးများနှင့် မသန်စွမ်းကလေးဂေဟာတွေမှာ ပရဟိတအလှူများပြုလုပ်လှူဒါန်းပေးသွားမည်ဟု သူမကဆိုပါတယ်။ ဤအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ၎င်းလူငယ်အဖွဲ့သည် သူတို့ရဲ့ဖေ့ဘုတ်စာမျက်နှာကို ပိတ်လိုက်ကာ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများကို ဖြေရှင်းဖို့ အဆင်သင့်မဖြစ်သေးဟု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ #popolay #popolaytv #news

25 Jun 2020     1,376 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS