BEC-TERO TV

TikTok၊ WeChat နဲ့ တရုတ်အက်ပလီကေးရှင်း ၆၀ နီးပါးကို အိန္ဒိယပိတ်ပစ်

01 Jul 2020     1,337 Views


အိန္ဒိယအစိုးရဟာ TikTok အပါအဝင် တရုတ်နိုင်ငံလုပ် ဒါဇင်နဲ့ချီတဲ့ အက်ပလီကေးရှင်း တွေကို တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုပြီး တားမြစ်လိုက်ပါတယ်။ အဲ့ဒီ့ အက်ပလီကေးရှင်းတွေဟာ အိန္ဒိယရဲ့အချုပ်အခြာအာဏာနဲ့ တည်တံ့ခိုင်မြဲမှု၊ အိန္ဒိယကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးနဲ့ အများပြည်သူလုံခြုံမှုကိုထိခိုက်စေတယ်လို့လည်း ​​ေကေချက်မှာ ဖော်ပြထားပါတယ်။

စုစုပေါင်း အက်ပလီကေးရှင်း ၅၉ ခုကို ပိတ်ပင်လိုက်ပြီး အဲဒီထဲမှာ အိန္ဒိယမှာ လူသုံးများတဲ့ WeChat အက်ပလီကေးရှင်းလည်း ပါဝင်ပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ အကြားအငြင်းပွားနေတဲ့ နယ်စပ်တလျှောက် တင်းမာမှုတွေမြင့်လာပြီးနောက် အခုလို ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံလုံးဟာ အဲ့ဒီအငြင်းပွားနေတဲ့ ကက်ရှမီးယားနယ်မြေက လာဒါ့ခ်ဒေသမှာ ဒီလထဲမှာ တပ်တွေ ထပ်တိုးချခဲ့ပါတယ်။ ဂယ်ဝမ်တောင်ကြားမှာဖြစ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

ဟိမဝန္တာနယ်စပ်ဒေသကို အပေါ်စီးကကြည့်နိုင်တဲ့ အဆောက်အအုံသစ်တွေကို တရုတ်နိုင်ငံက တည်ဆောက်ခဲ့ကြောင်း ဂြိုဟ်တုက ရိုက်တဲ့ပုံရိပ်တွေမှာ မြင်ရတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီတရုတ်နိုင်ငံလုပ် အက်ပလီကေးရှင်းတွေဟာ သတင်းအချက်အလက်တွေကို ခိုးယူတဲ့အပြင် အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရဘဲ အချက်အလက်တွေကို တစ်ဆင့်ထုတ်လွှင့်တယ် ဆိုပြီး တိုင်ကြားချက်အများအပြား လက်ခံရရှိပြီးနောက် တရုတ်အက်ပလီကေးရှင်း ၅၉ ခုကို ပိတ်လိုက်တာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက ပြောပါတယ်။

အဲဒီလို အချက်အလက် စုဆောင်းမှုတွေ လုပ်လာတာဟာ အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကို ဆန့်ကျင်ပြီး နိုင်ငံရဲ့ အချုပ်အခြာနဲ့ တည်ငြိမ်မှုအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်လာတဲ့ အတွက် အခုလို ဆောင်ရွက်ရတာလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ ဘေကျင်းမြို့မှာ အခြေစိုက်ပါတယ်။ ကမ္ဘာအနှံ့ မဖြန့်ခင် အဲ့ဒီ TikTok အက်ပလီကေးရှင်းဟာ တရုတ်စျေးကွက်မှာ ပထမဆုံး လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယဟာ TikTok ရဲ့ အကြီးဆုံးနိုင်ငံခြားစျေးကွက်ဖြစ်ပြီး သုံးစွဲသူသန်း ၁၂၀ ရှိလောက် ရှိပါတယ်။

နောက်ပိုင်း လူကြိုက်များလာတာနဲ့အမျှ တရုတ်ပြည်နဲ့ ချိတ်ဆက်မှုတွေရှိတယ်၊ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်နိုင်ငံကို ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ TikTok ကို အပြင်းထန်ဝေဖန်မှုအများစု ကတော့ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတာတွေလည်း ရှိပါတယ်။ TikTok ကတော့ အဲ့ဒီတောင်းဆိုမှုတွေကို အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။ အိန္ဒိယမှာ အခု အပိတ်ခံလိုက်ရတဲ့ အက်ပလီကေးရှင်းတွေစာရင်းမှာ Weibo၊ Clash of Kings ဂိမ်း၊ အလီဘာဘာ ရဲ့ UC Browser နဲ့ အွန်းလိုင်းအရောင်းအဝယ်လုပ်တဲ့ Club Factory နဲ့ Shein တို့ ပါ၀ င်ပါတယ်။


01 Jul 2020     1,337 Views




RELATED

Most Popular of International News

Most Popular of NEWS