BEC-TERO TV

အိပ်ယာခင်းနှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာ

01 Jul 2020     1,862 Views


အိပ်ယာခင်းသည် ကျွန်ုပ်တို့နေ့စဉ်ဘဝမှာ နာရီပေါင်းများစွာထိတွေ့နေရသော နေရာတစ်နေရာဖြစ်ပါတယ်။ သန့်ရှင်းမှုဂရုစိုက်တဲ့အပိုင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ တချို့က တစ်ပါတ်တစ်ခါလဲပြီး၊ တချို့ကတော့ တစ်လမှတစ်ခါလဲတာလည်း ရှိပါတယ်။ သို့သော် အိပ်ယာခင်းတွေဟာ ရောဂါပိုးမွှားများ ကောင်းမွန်စွာရှင်သန်ပေါက်ဖွားနိုင်တဲ့ နေရာတစ်နေရာဖြစ်တယ်ဆိုတာရော သင်သိပါသလား။ ဒီကနေ့မှာ အိပ်ယာခင်းနှင့် ကျန်းမာရေးဗဟုသုတဆိုင်ရာအကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
 
အိပ်စက်ခြင်းသည် ကျွန်ုပ်တို့ကို အားအင်တွေဖြည့်တင်းပေးတဲ့အပြင်၊ အိပ်ယာသည်တစ်နေ့တာအပန်းဖြေရာနေရာ၊ သက်တောင့်သက်သာအရှိဆုံးနေရာလည်း ဖြစ်ပါတယ်။ အစကပြောသွားသလို အိပ်ယာခင်းတွေဟာ ဘက်တီးရီးယားပိုးမွှားများ စုဆောင်းရာနေရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့အိပ်စက်နေချိန်ဟာ ကျွန်ုပ်တို့၏အရေပြားတွင် ဆဲလ်သေများနှင့်ဆဲလ်အသစ်များ ပြောင်းလဲဖြစ်ပေါ်နေသောအချိန်ဖြစ်ပြီး ၎င်းသည် ထောင်ပေါင်းများစွာသော ဆဲလ်သေများနှင့် ခန္ဓာကိုယ်မှထွက်ရှိလာသော အဆီများ၊ အရည်အရွဲများကနေ အိပ်ယာခင်းတွေမှာ ကျကျန်ကပ်တွယ်သွားတတ်ပါတယ်။
 
ထို့အပြင် အိပ်ယာတွေမှာ ချွေးများနှင့်စိုထှိုင်းဆထိတွေ့သောအခါ မှိုပိုးကူးစက်မှုဖြစ်ပေါ်စေတယ်။ ထို့ကြောင့် အကယ်၍ သင့်ခန္ဓာကိုယ်မှာ အနာစိမ်းတွေ၊ ဒဏ်ရာတွေရှိနေရင် ပိုးဝင်တာတွေ အလွယ်တကူဖြစ်စေနိုင်တယ်။ ထို့အပြင် အရေပြားဆဲလ်သေများနှင့် အိပ်ယာပေါ်ကဖုန်မှုန့်တွေကြောင့် အင်းဆက်ပိုးမွှားတွေ ပိုမိုပေါက်ဖွားစေနိုင်ပြီး ဓါတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်၊ နှင်းခူ အစရှိသော ဝေဒနာတို့ကိုဖြစ်ပေါ်ခံစားစေနိုင်ပါတယ်။
ဒါ့အပြင် ခေါင်းအုံးစွပ်တွေမှာ မျက်နှာနှင့်မကြာခဏထိတွေ့မှုကြောင့် ဝက်ခြံပေါက်တာတွေ၊ ဝက်ခြံလွယ်လွယ်နဲ့မပျောက်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ တချို့တွေမှာဆိုရင် အိမ်မွေးတိရိစ္ဆာန်တွေကို အိပ်ယာပေါ်တင်အိပ်တတ်ကြတယ်။ ဒါတွေကလည်း အရေပြားဆိုင်ရာရောဂါကူးစက်မှုတွေ ဖြစ်နိုင်ပါတယ်။ 
 
ထို့ကြောင့် ဖြစ်ပေါ်နိုင်သောကျန်းမာရေးပြဿနာများကနေ ကာကွယ်နိုင်ရန်အတွက် အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ မွေ့ယာ၊ စောင် တို့ကို တစ်ပါတ်တစ်ကြိမ် (သို့) အမြဲတမ်းသန့်ရှင်းနေအောင် မကြာခဏလျှော်ဖွတ်လဲလှယ်ပေးသင့်ပါတယ် လိို့ အကြံပြုလိုပါတယ်။
 
(ပိုပိုလေး)
 

01 Jul 2020     1,862 Views




RELATED

Most Popular of Health Fix

Most Popular of Life Style