BEC-TERO TV

အသစ်ထွက်ရှိထားတဲ့ “လူပျို” သီချင်း MTV နှင့်ပတ်သက်ပြီး တောင်းပန်လိုက်တဲ့ အဆိုတော်မနော

02 Jul 2020     1,652 Views


သရုပ်ဆောင်အိချောပိုနှင့်တွဲရိုက်ထားပြီး လတ်တလောမှာ အသစ်ထွက်ရှိထားတဲ့ “လူပျို”ဆိုသည့် သီချင်းMTV နှင့်ပတ်သက်ပြီး အဆိုတော်မနောကတော့ ပရိသတ်တွေရဲ့ဝိုင်းဝန်ပြစ်တင်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ထိုသီချင်းကတော့ ၁၈ နှစ်အရွယ် လူပျိုယောကျာ်းလေးတို့ရဲ့သဘာ၀ကို သီဆိုထားတာဖြစ်ပြီး မန္တလေးရတနာပုံ တက္ကသိုလ်ကြီးထဲမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။

သီချင်းကိုရိုက်ကူးပုံဖော် ပြသမှုတွေဟာ တက္ကသိုလ်အတွင်းရှိ ကျောင်းသားကျောင်းသူများ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုကြောင့် ဝေဖန်ပြစ်တင်ခံနေရတာဖြစ်ပါတယ်။ အားလုံးက ဝေဖန်ရှုံချနေကြတဲ့ သူ့ရဲ့သီချင်း MTV နှင့်ပတ်သက်ပြီး မနောက ရတနာပုံတက္ကသိုလ်ကြီးက ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့်တကွ ပရိသတ်များအားလုံးကို တလေးတစား တောင်းပန်စကားဆိုထားပါတယ်။

မင်္ဂလာပါ လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ်ခင်ဗျာ…အခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်..ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာထိခိုက်နစ်နာခဲ့လျှင် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ

တောင်းပန်ရသည့် ရည်ရွယ်ချက်များမှာ

၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့)
ထင်ပေါ်ကျော်ကြားသူတစ်ဦးဟာ အရာရာသတိထားရပါမယ် မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင်မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ

၂။ ကျနော် ကိုးကွယ် ဆည်းကပ်သောဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကိုကျနော်ကြောင့်မထိခိုက်စေလိုပါ

၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ ကျနော့်ကိုချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ

၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ် 

ဒါကြောင့် ကျနော့်ရဲ့အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည်အထိတောင်းပန်ပါ့မယ်.. ဒီကျနော့်ရဲ့ မနော Manaaw Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက်တောင်းပန်ဆိုလည်း ကျနော် တောင်းပန်ပါ့မယ်ခင်ဗျား..အားလုံးသာယာချမ်းမြေ့ပါစေ”လို့ မနောက အနူးအညွတ်တောင်းပန်စကားဆိုထားတာ တွေ့မြင်ရပါတယ်။

(ပိုပိုလေး)

Source_Ma Naw


02 Jul 2020     1,652 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS