BEC-TERO TV

အင်းစိန်-ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့

03 Jul 2020     1,274 Views


၂.၇.၂၀၂၀ရက်နေ့၊ ၂၃ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြိုကုန်းအနောက်ရပ်ကွက်၊ အင်းစိန်-ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဉီးတို့ဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ၂၃ ၂၂ အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး လူနာ(၂) ဦးအား လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်နှင့် ညှပ်နေသော လူနာ(၁)ဉီးအား အင်းစိန်မီးသတ်စခန်းမှ လူနာတင်ယာဉ်တို့ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Source : MFSD

#popolay #popolaytv #ယာဉ်တိုက်မှု


03 Jul 2020     1,274 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS