BEC-TERO TV

နေမကောင်းဖြစ်တဲ့အချိန် စားရန်မသင့်တော်တဲ့ အစားအစာများ

04 Jul 2020     1,423 Views


ကျွန်တော်တို့ နေမကောင်းဖြစ်တဲ့အခါမှာ သင်သာပျောက်ကင်းဖို့ ဆေးတွေသောက်ရသည့်အပြင် အားအင်တွေရှိပြီး မြန်မြန်နေပြန်ကောင်းလာအောင် အကျိုးရှိတဲ့အစားအစာများတွေ စားပေးကြရတယ်။ သို့သော်လည်း တချို့အစားအစာတွေမှာ နေမကောင်းတဲ့အချိန်တွေမှာ စားရန်မသင့်တော်တဲ့အစားအစာများလည်း ရှိပါတယ်။ အဲ့ဒါ ဘာအစားအစာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ကြရအောင်။
 

အအေးမိဖျားနာတဲ့ချိန် မစားသင့်တဲ့အစားအစာများမှာ.... 

 
• ဟင်းနုနယ်
 
ဟင်းနုနယ်တွင် ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ဓါတ်ပစ္စည်းတစ်ခုပါဝင်၍ အအေးမိဖျားနာတဲ့အချိန် လက္ခဏာကို ပိုဆိုးသွားစေနိုင်တယ်။
 
• ပဲအမျိုးမျိုး
 
ပဲတွေမှာ ဇင့်ဓါတ်နှင့်ဗီတာမင်အီး ကြွယ်ဝတယ်။ သို့သော်လည်း တစ်နည်းအားဖြင့်ကြည့်ရရင် အဆီပါဝင်မှုလည်းများနေတယ်။ အအေးမိဖျားနာနေတဲ့ချိန် ပဲစားတာ ခန္ဓာကိုယ်အလုပ်ပိုလုပ်ရပြီး ဗိုက်မအီမသာ၊ ဗိက်နာတာတွေ ပိုဖြစ်နိုင်တယ်။
 
• ပန်းပွင့်စိမ်း (Brocoli)
 
ပန်းပွင့်စိမ်းမှာ ဗီတာမင်အေနှင့်စီတို့ကြွယ်ဝတယ်။ သို့သော်လည်း အမျှင်ဓါတ်များစွာပါဝင်တဲ့အတွက်ကြောင့် နေမကောင်းနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်ချေဖျက်ရန်နည်းနည်းခက်ခဲလိမ့်မယ်။ ဤအချိန်မှာ အူအား အလုပ်ပိုမိုမလုပ်ရအောင် အမျှင်ဓါတ်နည်းတဲ့အစားအစာတွေကိုသာစားပေးရန် အူလမ်းကြောင်းဆိုင်ရာပညာရှင်များက အကြံပြုထားပါတယ်။
 

ခေါင်းကိုက်တဲ့ချိန် မစားသင့်တဲ့အစားအစာများမှာ.....

 
• အချိန်ကြာမြင့်စွာနှပ်ထားတဲ့ဒိန်ခဲ (Aged Cheese)
 
ဒိန်ခဲများ ကြာကြာပိုနှပ်ထားလေလေ (Histamine) ဓါတ်ပိုများလေလေပါ။ သွေးကြောများ ပိုချဲ့ကားနိုင်ပြီး ခေါင်းပိုကိုက်စေနိုင်တယ်။ 
 
• အချဉ်ဖေါက်အစားအစာများ
 
အချဉ်ဖေါက်ထားတဲ့အစားအစာများမှာ ခေါင်းကိုကိုက်စေတဲ့ လှုံ့ဆာ်ပေးတဲ့ ဓါတ်တစ်ခုရှိနေတယ်။ ခေါင်းကိုက်နေစဉ် ဤအစားအစာများစားရင် သွေးကြောများချဲ့တာ၊ ကျုံ့တာ ပိုဖြစ်စေပြီး ခေါင်းပိုကိုက်စေတဲ့အကြောင်းရင်းတစ်ခု ဖြစ်တယ်။
 

ချောင်းဆိုး (သို့) လည်ချောင်းနာတဲ့ချိန် မစားသင့်တဲ့အစားအစာများမှာ.....

 
• ဟင်းရွက်အစိမ်းများစားခြင်း
 
တကယ်မှာ ဟင်းသီးဟင်းရွက်များသည် အစိမ်းပဲစားစား၊ ချက်ပြီးမှပဲစားစား ကောင်းပါတယ်။ သို့သော် ဟင်းရွက်အစိမ်းတွေမှာ ကြမ်းပြီးမညီမညာတဲ့အပိုင်းတွေရှိတာကြောင့် မျိုချတဲ့အခါမှာ လည်ချောင်းကိုယားယံစေနိုင်ပြီး ချောင်းပိုဆိုးတာ၊ လည်ချောင်းပိုနာတာတွေ ပိုဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဒီအချိန်မျိုးမှာ ခဏရှောင်ပေးဖို့လိုအပ်ပါတယ်။
 
• အရသာချဉ်တဲ့အသီးများ
 
အရသာချဉ်တဲ့အသီးတွေမှာ ဗီတာမင်စီ များစွာပါဝင်ပေမယ့်လည်း သူ့မှာပါတဲ့အက်ဆစ်ဓါတ်တွေကြောင့် လည်ချောင်းကိုပိုပြီးယားယံစေနိုင်တယ်။
 

ဗိုက်အောင့်ဗိုက်နာ၊ ပျို့အန် (သို့) ဝမ်းလျှောနေတဲ့ချိန် မစားသင့်တဲ့အစားအစာများမှာ....

 
• နို့ထွက်ပစ္စည်းများ
 
နို့ထွက်ပစ္စည်းများမှာ ပါဝင်တဲ့ လက်တို့စ်သကြားတွင် တချို့လူတွေနဲ့ ဓါတ်မတည့်တာရှိတတ်တယ်။ သူက အစာအိမ်ကို အစာကြေခက်စေနိုင်သောကြောင့် ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းပိုလျှောတာ ပိုဖြစ်စေနိုင်တယ်။
 
• ဖွဲနုဆီ (Rice bran oil)
 
ဖွဲနုဆီတွင် ရေထဲမပျော်ဝင်တဲ့အအမျှင်ဓါတ်များတယ်။ ထို့ကြောင့် စားလိုက်ရင် အူလမ်းကြောင်းတို့တွင် တိုက်ရိုက်ရောက်သွားတတ်တယ်။ ကရာနိုလာ၊ ဆန်ကြမ်း၊ ပါစတာ၊ ဂျုံ အစရှိကဲ့သို့လည်း အတူတူပင်။
 
• ပဲအမျိုးမျိုး
 
ပဲတွေမှာပါဝင်တဲ့ သကြားဟာ အစာအိမ်ကိုယားယံစေနိုင်ပြီး ဝမ်းဗိုက်ထဲ ဂက်စ်ဖြစ်တာ၊ လေထိုးလေအောင့်တာ၊ ဝမ်းသွားတာ ပိုဖြစ်စေနိုင်တယ်။
 
(ပိုပိုလေး)

04 Jul 2020     1,423 Views




RELATED

Most Popular of Health Fix

Most Popular of Life Style