BEC-TERO TV

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အထက်တန်းအဆင့် ကျောင်းအပ်နှံရေးကို ဇူလိုင် ၁၃ ရက်တွင် လက်ခံမည်

06 Jul 2020     1,313 Views


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အထက်တန်းဆင့်ကျောင်းအပ်နှံရေးကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ Grade 11 (ဒသမတန်း) စနစ်ဟောင်းနှင့် Grade (10) စနစ်သစ် အထက်တန်းဆင့် အတန်း ၂ မျိုးကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီးဖြစ်၍ ကျောင်းအပ်နှံသည့်အခါ မိဘ/အုပ်ထိန်းသူကိုယ်တိုင် အပ်နှံကြပါရန်၊ ကျောင်းအပ်နှံလာသည့်အခါ Mask တပ်ကြရန်၊ လက်ဆေးကြရန်၊ Social Distancing လိုက်နာ ကြပါရန်၊ မထိရ/မကိုင်ရနေရာများကို လက်ဖြင့် လုံး၀ ထိတွေ့ကိုင်ခြင်း မပြုကြပါရန်၊ (လှေခါး/လက်ရမ်း/ဝါရံတာစသည့်နေရာများ)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်လမ်းညွှန်ထားရှိသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး ထုတ်ပြန်ချက်များကို သိရှိပြီး လိုက်နာကြပါရန် ကျောင်းအုပ်ဆရာကြီး ဦးဝင်းညွန့်၏ ပြောပြချက်အရသိရသည်။

ထို့နောက် ကျောင်းရှေ့နှင့် ကျောင်းဝန်းအတွင်း ကျန်းမာရေးဆိုင်ရာ သိရှိလိုက်နာရန် နှိုးဆော်အသိပေး လမ်းညွှန်ချက်များကို ချိတ်ဆွဲထားရှိပြီး စနစ်သစ် Grade-10 ကျောင်းအပ်နှံမည့်ကျောင်းသား၊ ကျောင်းသူများသည် ဘာသာတွဲ ၄ မျိုးမှ နှစ်သက်ရာ ဘာသာတွဲကို ရွေးချယ်ပြီး ဖြည့်သွင်းပါရန်၊ အမှတ်စဉ် ၁၀ မှ ဖွံ့ဖြိုးရေးဘာသာရပ် ကာယ(သို့) ပန်းချီ(သို့) ဂီတအနုပညာ (၃) မျိုးမှ (၁)မျိုးကိုရွေးချယ်၍ ဖြည့်သွင်းကြပါရန်၊ သို့ပါ၍ ကြိုတင်ရွေးချယ်ခြင်း၊ မိမိတို့၏အမှန်တကယ်ဝါသနာကို မိဘ/အုပ်ထိန်းသူများနှင့် ဆွေးနွေးခြင်းများကို ကြိုတင်ပြုလုပ် ထားရှိကြပါရန် ကျောင်းအုပ်ဆရာကြီး ဦးဝင်းညွန့်က ဆက်လက်ပြောကြားခဲ့သည်။

----------------

 


06 Jul 2020     1,313 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS