BEC-TERO TV

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကားထုတ်လုပ်သူဖြစ်လာတဲ့ Tesla

06 Jul 2020     1,305 Views


အော်တိုလျှပ်စစ်ကားတွေရဲ့ ရှေ့ဆောင်လို့တောင် တင်စားကြတဲ့ Tesla ကားကုမ္ပဏီဟာ Toyota ကုမ္ပဏီ ကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံးကား ထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။ ပထမနေရာမှာရပ်တည်နေတဲ့ Toyota ကို ကျော်လွန်သွားပြီး ဇူလိုင်စတော့ဈေးကွက်အဝင်မှာ တန်ဖိုးမြင့်တက်သွားတာပါ။ လျှပ်စစ်ကားထုတ်လုပ်နေတဲ့ Tesla က မနှစ်က စတော့တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၀ သာရှိခဲ့ရာက တနှစ် အတွင်း ဇူလိုင် ၁ ရက် စတော့ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ ၁,၁၀၀ ထိ ထိုးတက်သွားတာကြောင့် ကုမ္ပဏီတန်ဖိုးငွေ ၂၀၅ ဘီလီယံထိရှိသွားပြီဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး Toyota ကုမ္ပဏီကြီးက တနှစ်ကို ကားစီးရေ ၁၀ သန်းကျော် ထုတ်လုပ်နေပေမယ့် ဂျပန်နိုင်ငံက ရှယ်ယာဈေးကွက် ၁ ဒဿမ ၅ ရာခိုင်နှုန်းကျဆင်းအပြီးမှာ ကုမ္ပဏီတန်ဖိုးငွေ ၂၀၀ ဘီလီယံထိ ကျဆင်းသွားခဲ့ရပါတယ်။ Tesla ကားကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေ မရပ်မနားတိုးတက်တာလာကို ဈေးကွက်လေ့လာသူတွေ ဝေခွဲမရ ဖြစ်ခဲ့ရပြီး ဒီနှစ်အတွင်း ကားအစီးရေ ၅ သိန်းသာ ထုတ်လုပ်နိုင်ခဲ့ပေမယ့် ကုမ္ပဏီတန်ဖိုးမြင့်တက်သွားခြင်းကို နားမလည်အောင် ဖြစ်မိကြောင်း ဆိုပါတယ်။

၂၀၂၀ အစပိုင်းမှာပဲ Tesla ရဲ့ ရှယ်ယာတွေမြင့်တက်လာတာဟာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အနာဂတ်မှာ လျှပ်စစ်ကား တွေနဲ့ပတ်သက်လို့ ပိုမိုယုံကြည်လက်ခံလာတာကို ပြသနေပါတယ်။ Toyota ကုမ္ပဏီကတော့ လက်ရှိ မှာ ဈေးကွက်ထဲ အရောင်းရဆုံးအဖြစ် ကျန်ရှိနေပါသေးတယ်။ ဂျပန်ကားကုမ္ပဏီဟာ မတ်လအထိ ကားအစီးရေ ၁၀ ဒဿမ ၄၆ သန်းကျော်ရောင်းရပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၈၁ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Tesla ကတော့ ၂၀၁၉ ခုနှစ်အကုန်မှာ ကားအစီးရေ ၃၆၇,၂၀၀ သာရောင်းချနိုင်ခဲ့ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဒဿမ ၆ ဘီလီယံသာရှိ ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်လျှပ်စစ်ကားကုမ္ပဏီဘက်ကို ပိုမိုစိတ်ဝင်စားလာကြပြီး အနာဂတ်ရဲ့ လျှပ်စစ်ကားဈေးကွက်ကို လွှမ်းမိုးလာနိုင်ဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။ အခုဆိုရင် တော့ Tesla ရဲ့ တန်ဖိုးဟာ အမေရိကန်ပြိုင်ဘက် ကားကုမ္ပဏီတွေဖြစ်တဲ့ General Motors နဲ့ Ford တို့စုစု ပေါင်းထက် ၃ဆမြင့်တက်သွားခဲ့ပါပြီ။ Tesla ပိုင်ရှင် Elon Musk ကတော့ COVID-19 ကပ်ရောဂါဖြစ်ပွားနေပေမယ့် ကားထုတ်လုပ်မှုကို အာရုံစိုက်လုပ် ဆောင်သွားမှာ ဖြစ်ပြီး ၂၀၂၀ အတွင်း အနည်းဆုံးလျှပ်စစ်ကားစီးရေ ၅၀၀,၀၀၀ လောက်ထုတ်လုပ်နိုင်ဖို့ကို မျှော်မှန်းနေပါတယ်။


06 Jul 2020     1,305 Views




RELATED

Most Popular of International News

Most Popular of NEWS