BEC-TERO TV

ပညာရေးဝန်ထမ်းများအား ငွေကြေး၊ လက်ဆောင်ပစ္စည်းမပေးရန် ဝန်ကြီးဌာန မေတ္တာရပ်ခံ ကျောင်းအပ်စဉ် ငွေကြေးကောက်ခံပါက ဝန်ကြီးရုံးသို့ တိုင်ကြားနိုင်

06 Jul 2020     1,541 Views


ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ငွေ ကြေး၊ လက်ဆောင်ပစ္စည်းများ မပေးရန် ကျောင်းအပ်နှံရေးသီ တင်းပတ်ဆိုင်ရာ မိဘ၊ အုပ်ထိန်း သူ၊ပြည်သူသို့  အသိပေးချက်တွင် ပညာရေးဝန်ကြီးဌာနက မေတ္တာ ရပ်ခံထားသည်။၂၀၂၀-၂၁ ပညာသင်နှစ်အ ခြေခံပညာ အထက်တန်းအဆင့်  အတန်းများ ဖြစ်သည့် သင်ရိုးသစ်  ဒသမတန်း Grade-10(ယခင် ပညာသင်နှစ်က အဋ္ဌမတန်း-Grade 9 တက်ရောက်အောင်မြင် ခဲ့သူများ တက်ရမည်)နှင့် သင်ရိုး ဟောင်း ဒသမတန်း Grade-11 (ယခင်ပညာသင်နှစ်က နဝမ တန်း Grade-10 တက်ရောက် အောင်မြင်ခဲ့သူများ တက်ရမည်)တို့၏ ကျောင်းအပ်နှံရေးသီတင်း ပတ်ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားသည်။

ထိုအတန်းနှစ်တန်းကို ဇူ လိုင် ၂၁ ရက်တွင်  ကျောင်းစတင် ဖွင့်လှစ်မည်ဖြစ်သည်။ COVID-19 ကြောင့် ယခင်နှစ်များကဲ့ သို့ အခြေခံပညာအတန်းအား လုံးကို တစ်ပြိုင်တည်း ကျောင်း အပ်လက်ခံမည်မဟုတ်ဘဲ  အထက်တန်းအဆင့် အတန်းနှစ် တန်းကို ဦးစွာကျောင်းအပ်လက်ခံ မည်ဖြစ်သည်။

ကျောင်းအပ်နှံရာတွင် လူစု လူဝေးမဖြစ်စေရန် ကျောင်းတစ် ကျောင်းချင်းအလိုက် စီမံဆောင် ရွက်မည့်အစီအစဉ်ကိုလည်း အ ခြေခံပညာကျောင်းများက အခြေ ခံပညာဦးစီးဌာနသို့ တင်ပြရန် ဇွန် လ ၃၀ ရက်က ညွှန်ကြားထား သည်။ကျောင်းသားဦးရေ များလာ ခြင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မား လာခြင်း၊ ထပ်ကျော့ ကျောင်းအပ် နှံခြင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များကို လုံလောက်စွာ ဖြန့်ဝေပေး လိုခြင်းတို့ကြောင့် မြို့နယ်အ လိုက် သတ်မှတ်နယ်မြေတွင်သာ ကျောင်းအပ်နှံကြရန် ပညာရေး ဝန်ကြီးဌာနက အသိပေးထား သည်။

မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူ များအနေဖြင့် ငွေကြေး၊ လက် ဆောင်ပစ္စည်းများကို ပညာရေး ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန်နှင့်  ပညာရေးဝန်ထမ်းများ ကလည်း မည်သည့် အခကြေး ငွေမျှ ကောက်ခံခြင်းမပြုရန်၊ ငွေ ကြေး၊ လက်ဆောင်ပစ္စည်း လက် ခံခြင်းမပြုရန်၊ ကျောင်းဝတ်စုံအ တွက် အတန်းတံဆိပ်နှင့် ကျောင်း တံဆိပ်များ ရောင်းချခြင်းမပြုရန်၊ အခြား မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ကျောင်း အုပ်၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများကိုလည်း ညွှန်ကြား ထားသည်။‘‘မိဘတွေကလည်း မပေး ဖို့လိုတယ်။ ပေးရကမ်းရတာရှိရင် လည်း အချိန်မရွေးတိုင်လို့ရ တယ်။ တိုင်တာနဲ့ ဌာနဆိုင်ရာ စုံ စမ်းစစ်ဆေးပြီး ဝန်ထမ်းမှာအပြစ် ရှိရင် တစ်ခါတည်း အရေးယူမှာ’’ ဟု အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျောင်းအပ်နှံရေး ကိစ္စများနှင့် ပတ်သက်၍ ပြောကြားထား သည်။

အခြေခံပညာကျောင်းများ တွင် အခကြေးငွေကောက်ခံခြင်း၊  ပစ္စည်း ရောင်းချခြင်းများရှိပါက  ပညာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃) နေပြည်တော် (သို့ မဟုတ်) [email protected] သို့ တိုင်ကြားနိုင်သည်ဟု ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်ရာ အသိပေးချက်တွင် ကြေ ညာထားသည်။

ယခုပညာသင်နှစ်အတွက် ကျောင်းလခ၊ မိဘဆရာအသင်း ကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေး ငွေမှ မကောက်ခံကြောင်းလည်း ပညာရေးဝန်ကြီးဌာနက အသိ ပေးထားသည်။

Credit : ဆုဆက်

 


06 Jul 2020     1,541 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS