BEC-TERO TV

ကြို့ထိုးခြင်းကို သက်သာစေမည့် သဘာဝနည်းလမ်းကောင်းများ

06 Jul 2020     1,675 Views


ကြို့ထိုးခြင်းဖြစ်ပါက ရုတ်တရက်ထိတ်လန့်အောင်ပြုလုပ်ပေးရင် သက်သာစေတယ်လို့ ပြောတာကြားဖူးကြမှာပါ။ ဒါဟာ အမှန်တကယ်တော့ ခဏတာထိတ်လန့်သွားသောအချိန်မှာ အာရုံကိုလွှဲလိုက်တာကြောင့် ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အကြိမ်တိုင်း (သို့) လူတိုင်းအတွက် အကျိုးသက်ရောက်မှု ရှိချင်မှလည်းရှိမှာပါ။ ဒီကနေ့မှာ ရိုးရှင်းလွယ်ကူပြီး သဘာဝနည်းလမ်းနှင့်ပြုလုပ်ပေးနိုင်သော ကြို့ထိုးသက်သာစေသော နည်းလမ်းကောင်းများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

1.         သကြားမျိုချခြင်း

(New England Journal of Medicine; NEJM) ၏သုတေသနလေ့လာချက်အရ အလွန်သေးငယ်သောမော်လီကျူးအချိုးရှိသော သကြားတစ်ဇွန်းကို မျိုချခြင်းတွင် ကြို့ထိုးသူအယောက် ၂၀ ထဲက ၁၉ ယောက်သည် သက်သာလျော့ပါးသွားတာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ သကြားသည် အာရုံကြောကိုသွားလှုံ့ဆော်၍ ကြို့ထိုး၏လုပ်ဆောင်ချက်ကို သက်သာလျော့ပါးစေသော တုံ့ပြန်မှုတစ်စုံတစ်ခုဖြစ်ပေါ်စေသောကြောင့်ဖြစ်ပါတယ်။

2.         အသက်ရှူမှတ်ခြင်း

သက်တောင့်သက်သာရှိသောအနေအထားတွင် လှဲလိုက်ပြီး (သို့) ခါးမတ်မတ်ထိုင်ပြီး ၁၀ စက္ကန့်လောက် အသက်ရှူအောင့်ထားပေးပါ။ ပြည့်သွားရင် ဖြေးဖြေးချင်း အသက်ရှူထုတ်ပါ။ ဤနည်းဖြင့် မိနစ် ၂၀ ခြားပြီး၊ ၃-၄ ကြိမ်လောက်ပြုလုပ်ပေးလို့ရပါတယ်။ 

3.         ရေသောက်နေစဉ်နားပိတ်ထားခြင်း

နည်းနည်းထူးဆန်းနေပေမယ့် တကယ်အသုံးပြုနိုင်သော နောက်ထပ်နည်းလမ်းလေးတစ်ခုပါ။ နားနှစ်ဖက်ကို နားကြပ် (သို့) အဆို့တစ်ခုခုဖြင့် ပိတ်ထားပြီး ရေတစ်ခွက်သောက်လိုက်ပါ။ ၎င်းနည်းလမ်းသည် ထိရောက်သောသဘာဝနည်းလမ်းတစ်ခုဖြစ်ကြောင်း ကနေဒါဆေးပညာရှင်များက အကြံပြုထားပါတယ်။

4.         အရသာချဉ်သောအစားအစားများစားခြင်း

ရှာလကာရည်အနည်းငယ်လျှာပေါ်တို့ခြင်း (သို့) သံပုရာရည်စစ်စစ်စုပ်ခြင်း တို့ကိုပြုလုပ်ပေးလို့ရပါတယ်။ ၎င်းနည်းလမ်းသည်လည်းတကယ့်ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း ဗြိတိသျှဆေးပညာရှင်များက ပြောကြားထားပါတယ်။

5.         ဒူးခေါင်းနှစ်ဖက်ကိုရင်ဘတ်နှင့် တပြေးညီဖက်ထားခြင်း

အဆင်ပြေတဲ့အနေအထားမှာ ခါးမတ်ပြီးထိုင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ရင်ဘတ်ထိကွေးပြီး လက်နှင့်ဖက်ထားလိုက်ပါ။ ၂ မိနစ်လောက်ထားပါ။ ၎င်းနည်းလမ်းသည် ကြို့ထိုးစေသော ရင်ဝမ်းခြားကြွက်သား၏ ကျုံ့တင်းမှုများကိုရပ်တန့်စေနိုင်ပြီး သက်သာသွားစေနိုင်ပါတယ်။

အထက်ဖော်ပြသောနည်းလမ်းများသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးဆိုင်ရာအခြေအနေပေါ်မူတည်ပြီး ရလဒ်များ ကွဲပြားခြားနားသွားနိုင်ပါတယ်။ အကယ်၍ မြန်မြန်နဲ့မသက်သာဘဲ ပုံမှန်ထက်ပိုမိုဖြစ်နေလျှင်တော့ သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသပေးရန် လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ တခါတရံမှာ တချို့သူတွေအတွက် သာမန်ကြို့ထိုးခြင်းမဟုတ်ဘဲ သင်မသိတဲ့ အခြားရောဂါများနှင့်ဆက်စပ်မှုရှိနေသော အခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

(ပိုပိုလေး)


06 Jul 2020     1,675 Views




RELATED

Most Popular of Health Fix

Most Popular of Life Style