BEC-TERO TV

ဗီယက်နမ်တွင် ကပ်ရောဂါအပြီး ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်ရန် ကမ္ဘာ့ပထမဆုံးရွှေဟိုတယ်ဖွင့်လှစ်

07 Jul 2020     1,329 Views


ဗီယက်နမ်တွင် ၃ လကျော်ကြာသော ကိုဗစ် ၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးအစီအမံများ အာဏာပိုင်များ ဖြေလျှော့လိုက်ပြီးနောက် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ရန် ကမ္ဘာ့ပထမဦးဆုံး ရွှေဖြင့်အလှဆင်ထားသော ဇိမ်ခံဟိုတယ်ကြီးကို ဖွင့်လှစ်လိုက်ပြီ။

ရွှေအိုရောင်များဖြင့် တောက်ပနေသော Dolce Hanoi Golden Lake ကြယ်ငါးပွင့်ဟိုတယ်ကြီးသည် ဟနွိုင်းမြို့၏ အချက်အချာကျသောအလယ်ဗဟိုတွင် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပါတယ်။ အတွင်းပိုင်းပြင်ဆင်မှုများမှာ ရွှေဖြင့်ပြုလုပ်ထားသော ကြွေပြားများ၊ ၂၄ ကာရက်ရှိ ရွှေအိမ်သာများ၊ မျက်နှာဆေးဘေစင်၊ ရေချိုးကန်နှင့် ကော်ဖီခွက်များကအစ ရွှေပြားများကပ်လောင်းထားခဲ့ပါတယ်။

အချိန် ၁၁ နှစ်ကြာ တည်ဆောက်ခဲ့ပြီး၊ အထပ်ပေါင်း ၂၅ ထပ်ရှိပါတယ်။ တစ်ညတည်းခိုခကို ဒေါ်လာ ၂၅၀ မှ စတင်ထားပါတယ်။ ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု အောင်မြင်စွာထိန်းချုပ်နိုင်သည့်နိုင်ငံများထဲမှ တစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်၌ ကိုဗစ် ၁၉ ရောဂါကူးစက်မှု ၃၅၅ ဦးသာရှိပြီး၊ အသေအပျောက်ဦးရေ မရှိကြောင်း ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ ဗီယက်နမ်တွင် ကူးစက်ရောဂါများ ထိန်းချုပ်ရန်နှင့် တင်းကြပ်သောလိုက်နာဆောင်ရွက်မှုများအား စောစီးစွာစတင်လုပ်ဆောင်ခဲ့သောကြောင့် အခြားနိုင်ငံများကဲ့သို့ ရောဂါပျံ့ပွားမှုနှုန်းလျှော့နည်းရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

#popolay #popolaytv #news #Vietnam #Dolce_Hanoi_Golden_Lake #Hotel


07 Jul 2020     1,329 Views




RELATED

Most Popular of International News

Most Popular of NEWS