BEC-TERO TV

သြစတြေးလျရဲ့ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းကို ၆ ပတ်ကြာ lockdown ထပ်ချ

08 Jul 2020     1,299 Views


သြစတြေးလျရဲ့ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းကို ၆ ပတ်ကြာ lockdown ထပ်ချလိုက်ရပါပြီ။ လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ မဲလ်ဘုန်းမြို့မှာ ၂၄ နာရီအတွင်း လူ ၁၉၁ ယောက်အကူးစက်ခံခဲ့ရအပြီး ခုလို အာဏာပိုင်တွေက ကြေငြာလိုက်ရတာပါ။ ကိုဗစ်ကင်းစင်ပြီလို့ကြွားခဲ့တဲ့ နယူးဇီလန်မှာလည်း ပြည်တော်ပြန်တွေကြောင့် လူနာအသစ်တွေထပ်တွေ့နေလို့ လေကြောင်းလက်မှတ်တွေကို ၃ ပါတ်ကြာမရောင်းပေးတော့ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ စစ်တပ်အကူအညီကို ချက်ချင်းတောင်းပြီး နယ်စပ်ဝင်ပေါက်တွေကို စောင့်ကြပ်သွားဖို့ အမိန့်ပေးလိုက်ရပါတယ်။ ကိုဗစ်ဟာ လျှော့တွက်လို့မရသေးလို့ အားလုံးသတိဝီရိယ ရှိနိုင်ကြပါစေ။

Credit : Zin Min Nyein

#popolay #popolaytv #news #Australia #Melbourne #covid


08 Jul 2020     1,299 Views




RELATED

Most Popular of International News

Most Popular of NEWS