BEC-TERO TV

ပူပြင်းလွန်းသောရာသီဥတုကြောင့်လယ်ယာအလုပ်တွေကိုညဘက်တွေမှာပြောင်းလုပ်

08 Jul 2020     1,321 Views


လူသားများသည် ရှင်သန်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေးစွာ နေထိုင်ပေးတတ်ရန် လိုအပ်ပါတယ်။ ဗီယက်နမ်နိုင်ငံရှိ လယ်သမားများကဲ့သို့သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ပုံမှန်ပြုလုပ်နေကြသည့် နေ့ဘက်တွေအစား ညဘက်သို့ ပြောင်းလုပ်ပေးလိုက်ရတယ်။

ဘာလို့လဲဆိုတော့ ဗီယက်နမ်မှာ ရာသီဥတုတစ်နေ့တခြားပိုမိုတိုးမြှင့်လာလို့ တချို့နေ့တွေမှာဆိုရင် ပူပြင်းလွန်းလို့ နေထိုင်မကောင်းတဲ့အထိ ဖြစ်စေတယ်။ မနှစ်ကဆိုရင် အလယ်ပိုင်းဒေသရှိ ဟာထင်းခရိုင်သည် အပူချိန် ၄၃.၄ ဒီဂရီဆဲလ်စီယပ်စ်အထိ စံချိန်ချိုးသွားခဲ့တယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလည်း အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတွေမှာ အပူချိန် ၃၅-၄၀ ဒီဂရီဆဲလ်စီယပ်စ်အထိ မြင့်မားခဲ့ပါတယ်။

ထို့ကြောင့် မြို့တော်ဟနွိုင်းအစွန်အဖျားရှိ ထန်းသန်းရပ်ကွက်တစ်ခုမှ လယ်သမားများသည် လယ်ယာလုပ်ငန်းများကို ညဘက်တွေမှာ ပြောင်းလုပ်လိုက်ကြတယ်။ အသက် ၄၀ အရွယ်လယ်သမားတစ်ဦး၏ပြောဆိုချက်အရ မနက်အစောကြီး ၂ နာရီအချိန်မှာ အိပ်ယာကနိုးရပြီး အလုပ်တွေစဝင်ကာ မနက်မိုးလင်း နေပြင်းတဲ့အချိန်မှ နားကြတယ်။ နေ့ဘက်တွေမှာလုပ်တာထက် အလုပ်ရနည်းပေမယ့်လည်း နေ့ပိုင်းရဲ့အပူဒဏ်ကိုမှ မခံစားနိုင်တာ။

ဒါဟာ သစ်တောပြုန်းတီးမှုကြောင့် ဗီယက်နမ်အား အပူချိန်တိုးမြှင့်တာဖြစ်ကြောင်း ထောက်ပြသွားပြီး၊ သူ့ရဲ့ ကလေးများကို ဤလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြင့် ဆက်မလုပ်ကိုင်စေချင်တော့ဘူးလို့ ဆိုသွားခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိ အခြားလယ်သမားတစ်ဦးကတော့ ညအချိန်၌ လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်းသည်လည်း အားသာချက်ရှိပါတယ်။

စပါးပင်များကို အလွယ်တကူမညှိုးနွမ်းစေဘူး၊ ပြီးတော့ ကံကောင်းတာတစ်ခုက ဒီခေတ်မှာ နည်းပညာမြင့်ခေတ်မီသော စပါးရိတ်စက်များရှိလို့၊ မဟုတ်လို့ရှိရင် စပါးရိတ်သိမ်းတဲ့အလုပ်ကို လက်လျှော့ချင်ပါပြီ၊ ဘာလို့လဲဆိုတော့ မခံစားနိုင်လောက်အောင် နေအရမ်းပူပြင်းလို့ပဲလို့ ဆိုသွားခဲ့ပါတယ်။


08 Jul 2020     1,321 Views




RELATED

Most Popular of International News

Most Popular of NEWS