BEC-TERO TV

၅ နှစ်ပြည့် Anniversary နေ့မှာ ခင်ပွန်းဖြစ်သူရဲ့အကြောင်းတွေကို ချီးမွမ်းခန်းဖွဲ့လိုက်တဲ့ သန္တာလှိုင်

08 Jul 2020     1,410 Views


မော်ဒယ်သန္တာလှိုင်ကတော့ အသက်အရွယ်ရနေပြီဖြစ်တဲ့ ကလေးနှစ်ယောက်မိခင်ပေမယ့် ကျန်းမာလှပပြီး သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူပါ။ အလှပအကို ဂရုတစိုက်ထိန်းသိမ်းရင်း သူမလိုလှပကျန်းမာအောင် အမြဲတမ်းဂရုတစိုက်ထိန်းသိမ်းနေထိုင်ကြဖို့ အမျိုးသမီးထုကြီးကို ဆော်ဩပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူများအတွက် နည်းလမ်းကောင်းများကို အမြဲမျှ​ဝေပေးရင်း အလှအပရေးရာသာမက လူမှုဘ၀နေထိုင်နည်းတွေကိုပါ လက်ဆင့်ကမ်းဝေမျှပေးတတ်တဲ့ မော်ဒယ်သန္တာလှိုင်ကတော့ အမျိုးသမီးထုကြီးက လေးစားချစ်ခင်နေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် အိမ်ထောင်ရေးမှာလည်း ကံကောင်းသူအမျိုးသမီးတစ်ယောက်အဖြစ် ခင်ပွန်းဖြစ်သူရဲ့လေးစားယုံကြည်မှုနဲ့ အချစ်တွေကို အပြည့်အ၀ရရှိထားသူပါ။

ယနေ့မှာဆိုရင် မော်ဒယ်သန္တာလှိုင်တစ်ယောက် သူမရဲ့ခင်ပွန်းဖြစ်သူနဲ့လက်တွဲခဲ့ကာ (၅) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ အသက်ငယ်တဲ့ခင်ပွန်းကို ရထားပေမယ့် မိန်းမလုပ်သမျှကို နောက်ကွယ်ကနေ အစွမ်းကုန်ပံ့ပိုးကူညီပေးနေသူတစ်ယောက်၊ ယုံကြည်အားကိုးရတဲ့ ခင်ပွန်းကောင်းတစ်ယောက်၊ သူမရဲ့ကလေးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်အဖြစ် ချစ်ခင်ကြင်နာပေးတတ်တဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းတွေကို ချီးမွမ်းခန်းဖွင့်ထားတာကို တွေ့မြင်ရပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်က စိတ်ဓါတ်တွေကျနေသော single mother တစ်ယောက်ကို အမေချင်းကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ ကလေးကိုချီပြီး ကားထဲကိုလိုက်ပို့ပေးတာကို မတော်ရသေးတဲ့ ယောက်ဖက ယောက်ဖလို့နောက်ပြီးခေါ်လိုက်ရာကနေ တကယ်ကြီး ယောက်ဖတော်သွားတဲ့ ကောင်လေး....

ကျွန်မဘာလုပ်လုပ် အထင်ကြီးတဲ့မျက်ဝန်းတစ်စုံနဲ့ ကြည့်ပြီး ဘာလုပ်လုပ် အစွမ်းကုန်ပံ့ပိုးခဲ့တဲ့ကောင်လေး... ကလေးမချစ်တတ်ဘူးဆိုပြီး ကလေးတွေရဲ့အသဲဖြစ်နေတဲ့ ကောင်လေး.... အချိန် ၅ နှစ်အတွင်းမှာ သူဟာ ချီစရာ ကလေးလဲမရှိတော့ပေမယ့် အရွယ်ရောက်လာကြတဲ့ သားနဲ့ သမီး ၂ယောက်စလုံးရဲ့ စံပြယောက်ကျားအနေနဲ့ အထင်ကြီးခြင်းတွေကို သိမ်းပိုက်ထားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်.. ယောက်ဖက သူရှာပေးထားတာလို့ ဂုဏ်ယူစွာပြောယူရတဲ့ မိသားစုဝင် ယောကျာ်းကောင်း...

မိန်းမလုပ်သမျှကို အထင်ကြီးတဲ့မျက်ဝန်းတစ်စုံကနေ မိန်းမကို အမျိုးသမီးတွေအတွက် ကျန်းမာရေး နဲ့ပတ်သက်လာရင် စံပြနေရာကနေ မျှဝေပြီးရပ်တည်နိုင်အောင် သူက အနောက်ကနေဉီးဆောင်ပြီး ဖန်တီပေးထားတဲ့လမ်းကြောင်းတွေကြောင့် ကုသိုလ်လဲရ ဝမ်းလဲဝတဲ့ အင်ပါယာကြီးတစ်ခုလုံးကို ကြိုးကိုင်ထားတဲ့ ဦးနှောက်တစ်လုံးနဲ့ လက်တစ်စုံလို့ သူ့လက်အောက်ငယ်သားတွေက တင်စားကြရတဲ့ တည်ကြည်သော လူလတ်တစ်ဉီး… ခြုံပြီးပြောရရင်တော့ ကျွန်မအထင်ကြီးသော ယောက်ကျားတစ်ယောက်.. ကြွေဆဲ.....Happy Anniversary baby” ဆိုကာ သူမနဲ့ကလေးတွေအပေါ်မှာ အကောင်းဆုံးချစ်ခင်စောင့်ရှောက်ပေးတဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းတွေကို ချီးမွမ်းခန်းဖွင့်​ ရေးသားထားတာဖြစ်ပါတယ်။

 

(ပိုပိုလေး)


08 Jul 2020     1,410 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment