BEC-TERO TV

ဦးသန်းရွှေနှင့် ဆင်တူသောဆင်းတုကို ကျမ်းဂန်နှင့်အညီဆောင်ရွက်မည်

08 Jul 2020     1,559 Views


ထိုဘုရားဆင်းတုကို ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ ကုလလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂမ်ဘာရီနှင့် တရုတ်သမ္မတဟောင်း ဟူဂျင်းတောင်တို့ ဖူးမြော်ခဲ့ကြဖူးသည်။ ==========================

ရန်ကုန်မြို့ ရွှေတိဂုံစေတီ တော် တောင်ဘက်မျက်နှာစာရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာ နှင့်ဆင်တူသော ကျောက်စိမ်းဘု ရားဆင်းတုတော် အပါအဝင် ထေရဝါဒဗုဒ္ဓသာသနာနှင့် မလျော်ညီသည့် ရုပ်ပွားတော်များ ကို ကျမ်းဂန်နှင့်အညီ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဆောင် ရွက်ရန် ဆုံးဖြတ်ထားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန တာဝန်ရှိသူက ပြော ကြားလိုက်သည်။ အဆိုပါ ကျောက်စိမ်းဆင်း တုတော်ကို ရွှေတိဂုံဘုရားရင်ပြင် ရှိ ပုညကုသလဗဟုကာရ တန် ဆောင်းအတွင်း ထုလုပ်ကိုးကွယ် ထားခြင်းဖြစ်သည်။ ယတြာသ ဘောဖြင့် ပြုလုပ်ထားသည်ဟု ဝေဖန်ခံနေရသည့် အဆိုပါဆင်း တုတော်အပါအဝင် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် မလျော်ညီသည့် ရုပ်ပွားတော်များကို ဖြေရှင်းမည် ဖြစ်သည်။ ‘‘ကျွန်တော်တို့က အနာဂတ် မှာ ကျမ်းဂန်နဲ့မညီညွတ်တာတွေ၊ ဘယ်ဘုရားပဲဖြစ်ဖြစ်ပေါ့နော်။

သိတဲ့အခါကျရင် ညီညွတ်အောင် ဘယ်လိုလုပ်မလဲ၊ လုံးဝလုပ်မရ ရင်တော့ ဖယ်ရှားရှင်းလင်းရမှာ ဖြစ်ပါတယ်’’ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည် ဝင်းက Myanmar Now ကို ပြော သည်။ အဆိုပါ ကျောက်စိမ်းဆင်း တုကို မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် နိုင်ငံတကာခေါင်းဆောင် များလည်း ဖူးမြော်ခဲ့ဖူးပြီး ထိုအ ထဲတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘန် ကီမွန်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၊ လက်ရှိ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့လည်း ပါဝင်သည်။ ကုလအထွေထွေအတွင်းရေးမှူး ချုပ် ဘန်ကီမွန်း ၂၀၀၈ ခုနှစ်အ တွင်း လာရောက်ခဲ့သည့် ခရီးစဉ် နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေး အခင်းအပြီး တပ်မတော်ခေါင်း ဆောင်များနှင့် လာရောက်တွေ့ ဆုံခဲ့သည့် ကုလအထူးကိုယ်စား လှယ် အီဘရာဟင်ဂမ်ဘာရီ၏ ခရီးစဉ်အတွင်း ရွှေတိဂုံစေတီ တော်သို့ သွားရောက်ခဲ့ရာတွင် ထိုဆင်းတုကို ဖူးမြော်ခဲ့ကြောင်း ထိုခေတ် အစိုးရသတင်းစာများ တွင် ဖော်ပြခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုသမ္မတအဖြစ်ရှိနေချိန် ၎င်း၏ ဒီဇင်ဘာ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံ သို့လာရောက်သည့် ခရီးအတွင်း ကျောက်စိမ်းရုပ်တုအား ဖူးမြော်ခဲ့ ကြောင်း အစိုးရထုတ် မြန်မာ့အ လင်းသတင်းစာတွင် ဖော်ပြခဲ့သည်။ အငြင်းပွားဖွယ်ရာ ထို ကျောက်စိမ်းဆင်းတုကို ဖားကန့် ခရိုင်၊ လုံးခင်းမြို့နယ်မှ ရရှိသည့် ကျောက်စိမ်းတုံးဖြင့် ထုလုပ်ထား ပြီး အောက်ခံအပါအဝင်အလေး ချိန် ၃၂၄ ကီလိုဂရမ် (၁၅၃ ဒသမ ၀၉ ကျပ်သား) ပတ္တမြား ၉၁ ပွင့်၊ စိန်ကိုးပွင့်နှင့် ရွှေ ၂,၅၀၀ ဂရမ် ထည့်သွင်းပူဇော်ထားကြောင်း ဆင်းတုတော်ရှိရာ တန်ဆောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။ ၁၉၉၉ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကို အကြီးစားပြင်ဆင် မွမ်းမံချိန်တွင် ထိုကျောက်စိမ်းရုပ် ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ ခြင်းဖြစ်ကာ ရွှေတိဂုံဘုရားသို့ နိုင်ငံတကာ ခေါင်းဆောင်များ လာရောက်သည့်အခါတိုင်း ထို ဆင်းတုကို ဝင်ရောက်ဖူးမြော် လေ့ရှိသည်။ ထိုဆင်းတုကို စာပေကျမ်းဂန်နှင့်အညီ ဆောင်ရွက်ရန် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုံး ဖြတ်ထားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သာသနာ ရေးဦးစီးမှူး ဦးစိန်မော်ထံ ဆက် သွယ်မေးမြန်းရာတွင် မသိရှိသေး ကြောင်းပြောသည်။ ထို့ပြင် ဆင်းတုတော်နှင့်ပတ်သက်၍ ညွှန်ကြားချက်တစ်စုံတစ်ရာ ရှိ၊ မရှိ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံ MyanmarNow က ယနေ့ (ဇူလိုင် ၇ ရက်) တွင် သွားရောက်မေးမြန်းရာ၌လည်း ‘‘အဲ့စာကိစ္စတော့ မကြားမိသေးဘူး။

သာသနာရေးဘက်က ဘာစာမှမဝင်ပါဘူး’’ ဟု ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ပြောသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် လုပ်ငန်းတာ ဝန်များကို သိမ်မွေ့နူးညံ့စွာ ဆောင်ရွက်ရပြီး ထိလွယ်ရှလွယ် သည့်ကိစ္စများ ကိုင်တွယ်ဖြေရှင်း ရသည်ဖြစ်သဖြင့် အသေးစိတ် ထုတ်ဖော်မပြောဆိုနိုင်ကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။ ‘‘လက်လွတ်စပယ်ဆောင် ရွက်လို့မရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်ခဲ့ရင်လည်း ဖြည့်စွက်နားလည်ပေးဖို့ ပန်ကြား လိုပါတယ်’’ ဟု ၎င်းကပြောသည်။ စစ်အာဏာရှင်အသိုင်းအဝိုင်းက ပြုလုပ်ကိုးကွယ်ထားသည့် ‘အာဏာတည်စေ’၊ ‘ပလ္လင်မြဲစေ’ စေတီများရှိရာ နေပြည်တော် ပျဉ်းမနားအနီး မင်းဝင်တောင်ရှိ စိန္တာမုနိကျောင်းတိုက်အတွင်းမှ ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက် ညီခြင်းမရှိသည့် ပုံပျက်ပန်းပျက် ဆင်းတုများဖယ်ရှားရန် ညွှန်ကြား ချက်ကို ဝန်ကြီးဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ဗေဒင်နှင့် နတ်ဆရာများ၏ အခါတော်ပေးချက်အရ မကြာခဏ ယတြာများ စီရင်ဆောင်ရွက် လေ့ရှိပြီး အထူးသဖြင့် အာဏာ တည်မြဲရေးအတွက် ထိုသို့စေခိုင်း သမျှ လိုက်လံဆောင်ရွက်လေ့ရှိ ကြောင်း စာရေးဆရာ တင်ညွန့် ရေးသားသည့် ‘ဦးသန်းရွှေ၏ ယတြာများနှင့် အခြားစိတ်ဝင်စားဖွယ်အဖြစ်အပျက်များ’ စာအုပ် တွင် ဖော်ပြထားသည်။ ‘ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား ကြီးပေါ်တွင် သူ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) နှင့် မျက်နှာချင်းတူသော ကျောက်စိမ်းရုပ်ပွားတော်ကြီးကို ထုလုပ်ကိုးကွယ်ခြင်းမှာ အထင် ရှားဆုံးယတြာဖြစ်သည်’ ဟု ထို စာအုပ်တွင် ရေးသားဖော်ပြထား သည်။

Credit : Myanmar Now

 

#popolay #popolaytv #news


08 Jul 2020     1,559 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS