BEC-TERO TV

သူမကိုချစ်လို့ သာသနာ့ဘောင်ထဲ လိုက်ဝင်ခဲ့ကြတဲ့ ပရိသတ်တွေကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ စမိုင်းလ်

08 Jul 2020     1,482 Views


ပရိသတ်ရဲ့အချစ်တွေကို အပြည့်အ၀ရရှိထားတဲ့ သရုပ်ဆောင်စမိုင်းလ်ကတော့ လတ်တလောမှာ သူမရဲ့မွေးနေ့အတွက် ရည်စူးကာ ခင်ပွန်းဖြစ်သူနဲ့အတူ သာသနာ့ဘောင်ထဲကို ခေတ္တဝင်ရောက်နေတာဖြစ်ပါတယ်။ သူမအနေဖြင့် သာသနာ့ဘောင်ထဲသို့ ဝင်ရောက်တာ ယခုဆိုရင် သုံးကြိမ်မြောက်ရှိပြီလို့လဲ သိရပါတယ်။

စမိုင်းလ်ကတော့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူပီပီ ဘုရားတရားအလုပ်တွေကို မပြတ်လုပ်ဆောင်နေတာဖြစ်ပြီး ကြီးငယ်မဆို ကုသိုလ်ကောင်းမှု အလှူအတန်းများစွာကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာကို တွေ့မြင်ရပါတယ်။

ဘာသာရေးအလုပ်များလုပ်သည့်အခါ သူမတစ်ယောက်တည်းမဟုတ်ပဲ သူမနဲ့အတူတူလိုက်လုပ်ကြဖို့ တိုက်တွန်းဆော်ဩတတ်သလို ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ပရိသတ်အယောက် ၁၅၀၀ ကိုဦးစီးပြီး ရွှေတိဂုံနှင့် ကျိုက်ထီးရိုးကို အခမဲ့အဓိဌာန်ဘုရားဖူးပို့ပေးခဲ့ပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကျိုက်ငါးကျိုက်၊ ညောင်ဆယ်ပင်အဓိဌာန်တွေဟာဆိုရင်လည်း လူပေါင်းထောင်ချီ ပါဝင်ပြုလုပ်ခဲ့ကြတဲ့ အဓိဌာန်တွေဖြစ်ပါတယ်။

ယခုတစ်ခါမှာလည်း အေးချမ်းတဲ့ သာသနာ့ဘောင်ထဲကိုဝင်ရောက်သွားတဲ့ စမိုင်းလ်က သူမလိုမျိုး သာသနာ့ရိပ်ကိုခိုလှုံပြီး ကုသိုလ်ယူကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပြန်ပါတယ်။ စမိုင်းလ်ကို ချစ်ခင်ကြသူပရိသတ်တစ်ချို့က သူမနဲ့အတူတူ ကုသိုလ်ယူကာ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

သူမကိုချစ်လို့ သူမကိုအတုယူပြီး သာသနာ့ဘောင်ထဲ လိုက်လံဝင်ရောက် ကုသိုလ်ယူခဲ့ကြသူများကြောင့် စမိုင်းလ်တစ်ယောက်ကတော့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

ကိုယ့်ကြောင့်သူတစ်ပါးကောင်းတာလုပ်ရင် သူတို့ပြုတဲ့ကုသိုလ်ကိုယ်လည်းထပ်တူရတယ်တဲ့။ ဆရာလေးကိုချစ်ပြီး ဆရာလေးအတိုင်းသာသနာဘောင်ထဲဝင်ပြီး သာသနာအကျိုးပြုနေသော Smiley များအားလေးစားဂုဏ်ပြုလျှက် သာဓု သာဓု သာဓုပါ” ဆိုပြီး ဝမ်းသာပီတိဖြင့် သာဓုခေါ်ဆိုကာ မျှဝေရေးသားထားပါတယ်။

 

 (ပိုပိုလေး)


08 Jul 2020     1,482 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment