BEC-TERO TV

နေပြည်တော်မှ ဖယ်ရှားခံရသည့် ယတြာအစီအရင် ဆင်းတုများကို မန္တလေး၌ပြင်ဆင်နေ

09 Jul 2020     1,501 Views


စစ်အာဏာရှင်အသိုင်းအဝိုင်းက ယတြာသဘောဖြင့် ထုလုပ်ကိုးကွယ်ခဲ့သည့် ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက်ညီခြင်းမရှိသော ရုပ်ပွားဆင်းတု ၁၀၉ ဆူကို ဖယ်ရှားရန် သာသနာရေးဦးစီးဌာနက ညွှန်ကြားခဲ့ပြီးနောက် မန္တလေးမြို့ရှိ ကျောက်ဆစ်တန်းတွင် ပြန်လည်ပြုပြင်လျက်ရှိသည်။

အစိုးရအဆက်ဆက် အပြောင်းအလဲတွင် အာဏာ လက်မလွှတ်လိုသူများ ထုလုပ်ကိုးကွယ်ခဲ့ကြသည့် နေ ပြည်တော် ပျဉ်းမနားအနီး မင်းဝင်တောင် စိန္တာမုနိကျောင်း တိုက်အတွင်းရှိ ဆင်းတုများသည် ထေရဝါဒဗုဒ္ဓ သာသနာ နှင့် မကိုက်ညီသောကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်သည်။ မုဒြာ ၅၅ မျိုးတွင် မပါဝင် ဟုဆိုကာ သာသနာရေးဝန်ကြီး ဌာနက အဆိုပါဆင်းတုများကို ဇူလိုင် ၆ တွင် လာရောက်ဖယ်ရှား ခိုင်းပြီးနောက် ပြင်ဆင်ရန်ဆုံး ဖြတ်ကာ မန္တလေးသို့ သယ်ယူခဲ့ သည်ဟု မင်းဝင်တောင်စိန္တာမုနိ ကျောင်း အကျိုးတော်ဆောင်အ ဖွဲ့ဝင်ဖြစ်သူ ဒေါ်ပိုင်က ဆိုသည်။

ပြန်လည်ပြင်ဆင်မည့် ဆင်း တုပေါင်း ၁၀၉ ဆူရှိပြီး မဟာမုနိ ဘုရားကြီးအနောက်မုခ် ကျောက် ဆစ်တန်းရှိ ရွှေစင်ရတနာဆိုင် တွင် ၅၃ ဆူနှင့် အောင်သီဟ ကျောက်ဆစ်ဆိုင်တွင် ဆင်းတု အကြီး ၁၆ ဆူနှင့် အသေး ၄၀ ဆူ ပြင်ဆင်ရန် အပ်နှံထားရှိကြောင်းသိရပါတယ်။ ဆင်းတုတစ်ဆူလျှင် ငွေ ကျပ်ခုနစ်သောင်းနှုန်းဖြင့် ကျပ် သိန်း ၇၀ ကျော် အကုန်အကျခံပြင် ဆင်မည်ဖြစ်ပြီး စိန္တာမုနိမင်းဝင် တောင်သို့ လာရောက်လည်ပတ် သည့် အလှူရှင်များ၏ လှူဒါန်း ငွေဖြင့် ပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

‘‘ဒီရုပ်ပွားတော်တွေလှူတဲ့ အထဲမှာ စစ်မင်းစစ်ကဲတွေက များပါတယ်။ ဆေးနဲ့စီရင်တာ တော့ မဟုတ်ပါဘူ။ ရှေ့ကလာဘ် ပွင့်၊ နောက်ကရန်ကာဆိုတဲ့ မာရ် နတ်မင်းရဲ့ မိုးကိုးမိုးနိုင်တဲ့ကျင့်စဉ် ရုပ်ပွားတော်လို့ ခေါ်ပါတယ်။ ဘုရားအဖြစ်နဲ့ပဲ ပူဇော်ခဲ့ပါတယ်။ ပုံတော်ကို ဂုဏ်တော်နဲ့မှန်းပြီး ပူ ဇော်ရင် ဘုရားမဖြစ်ဘူးလား’’ ဟု လည်း ဒေါ်ပိုင်က ပြောသည်။ အဆိုပါဆင်းတုများကို ပြင် ဆင်နေသည့် ရွှေစင်ရတနာ ကျောက်ဆင်းတု ထုလုပ်သည့် ဆိုင်သို့ Myanmar Now က သွားရောက်မေးမြန်းရာတွင် အ ဆိုပါဆင်းတုများကို လာဘမုနိ ရုပ်ပွားတော်ပုံသဏ္ဌာန် ပြင်ဆင် ပေးရန် အပ်နှံထားသည်ဟု သိရ သည်။

အသက် (၇၃)နှစ်အရွယ် ဆိုင်ပိုင်ရှင် ဦးသိန်းရွှေ ပြောပြ သည်မှာ ၎င်း၏လုပ်ငန်းအတွေ့ အကြုံအရ အဆိုပါဆင်းတုများ သည် ဓာတ်ရိုက်ဓာတ်ဆင်ပြုလုပ် ထားသည့် ရုပ်တုများဖြစ်သည်ဟု ဆိုသည်။ ‘‘ဘုရားမဟုတ်လို့ပြင်တာ။ ဘုရားဆိုရင် မလုပ်ကောင်းဘူး၊ ခိုက်တတ်တယ်။ သေတတ် တယ်။ မလုပ်ကောင်းဘူး။ အခု လာဘမုနိပုံသဏ္ဌာန်ပြင်ရမှာ။ အ တော်ပြင်ရမှာ၊ ဦးခေါင်းကစပြီးအ ကုန်ပဲ’’ ဟု ဦးသိန်းရွှေက ပြော သည်။ ဆင်းတုတော်များတွင် ဗုဒ္ဓ မြတ်စွာဘုရား၏ မျက်နှာတော်၊ နှာခေါင်းတော်ကို ချွန်ချွန်သွယ် သွယ်ပြုလုပ်ထားပြီး နှုတ်ခမ်း တော် စူနေသည့်အသွင်၊ ဆံတော် သင်းကျစ်သည်လည်း အစဉ်အ လာဆင်းတုများနှင့်မတူဘဲ အ ချွန်အတက်ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဘယ်ဘက်လက် တော်ကို နောက်ပြန်အနေအထား ဖြင့် ကပြောင်းကပြန် ထုလုပ်ထား သည့် ရုပ်ပွားတော်ကိုလည်း တွေ့ရသည်။ ‘‘ရှေ့ကလည်း လာဘ်ဝင် မယ်၊ နောက်ကလည်း လာဘ်ဝင် မယ်ဆိုတဲ့သဘောပေါ့။ ဝိဇ္ဇာနည်း အစီအရင်ပေါ့’’ဟု ဦးသိန်းရွှေက ပြောသည်။ အဆိုပါ ပုံပျက်ပန်းပျက် ဆင်းတုများကို မျက်နှာ၊ လက်နှင့် ကိုယ်လုံးတော်အထိ အားလုံးနီး ပါးကို ကျောက်ဖြတ်စက်ဖြင့်ဖြတ် ပစ်ကာ၊ ပွတ်တိုက်ကာ ပြင်ဆင် နေသည်ကို တွေ့ရှိရသည်။

အဆိုပါဆင်းတုများသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီ မှုမရှိခြင်း၊ လောကီအကျိုးစီးပွား အတွက် ဗေဒင်ယတြာအစီအမံ များနှင့် ပေါင်းစပ်ပြုလုပ်ထား ခြင်း၊ အခြားဘာသာအယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည် ညိုဖွယ်မဆောင်ခြင်း၊ မြင်ရသူ တို့၏ ကြည်ညိုစိတ်ကို ထိခိုက် စေခြင်းကြောင့် မြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဝေနေယျ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့သော အေးချမ်းသည့်ပုံရိပ်တို့ နှင့် ဆန့်ကျင်နေသည်ဟု သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အပြင် စိန္တာမုနိကျောင်း တိုက်ဆရာတော် ဦးစန္ဒိမာသာရ (၈၁ နှစ်၊ ၃၃ ဝါ) သည် တော ထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋ ကတ်စာပေတတ်ကျွမ်းမှု မရှိ ခြင်း၊ အလှူရှင်များ၏ ကိုယ်ကျိုး စီးပွားအတွက် စီးပွားဥစ္စာအာဏာ များရရှိစေရန် လောကီအစီအမံ များပေါင်းစပ်၍ ရုပ်ပွားတော်များ ပြုလုပ်စေခြင်းဖြစ်သည်ဟု အဆို ပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ မင်းဝင်တောင် စိန္တာမုနိ ကျောင်းတိုက်အတွင်း ထိုသို့သော ညာတင်ကုပ်ဆင်းတု ထုလုပ် ကိုးကွယ်သည့် အလှူရှင်များတွင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ မိသားစုအပြင် ဒုတိယဗိုလ်ချုပ် ကြီးဟောင်း မောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိန် အောင်၏ သမီးဖြစ်သူစန္ဒာအောင်မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း ဒွေးမိသားစု၊အဂတိမှုဖြင့် တရားရင်ဆိုင်နေရသည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဟောင်း ဦးသန်းထွဋ် မိသားစု၊ လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးမိသားစု၊ ရဲမှူးချုပ်သန်း တင်အောင်မိသားစုနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော် မိသားစု နာမည်များလည်း ပါရှိ သည်။ စစ်ဗိုလ်ချုပ်ကြီးများက ယတြာဆောင်သည့် သဘောဖြင့် တည်ထားခဲ့သည့် ‘အာဏာတည် စေ’၊ ‘လွှတ်တော်မြဲစေ’၊ ‘ပလ္လင်မြဲ စေ’၊ ‘ရာထူးတိုးစေ’ ဟူသော ဗုဒ္ဓ ဘာသာသမိုင်းတွင် တစ်ကြိမ်တစ် ခါမျှ မရှိဖူးသည့် စေတီများမှာမူ အဆိုပါကျောင်းတိုက်အတွင်း တည်ရှိနေဆဲဖြစ်သည်။

Crd : 7 Day News

#popolay #popolaytv #news


09 Jul 2020     1,501 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS