BEC-TERO TV

သင့်ရဲ့မီးဖိုချောင်မှပေးနိုင်တဲ့ အလှတရားများ

09 Jul 2020     1,783 Views


လူတစ်ယောက်ရဲ့ မျက်နှာတစ်ခုဟာဆိုရင်လည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်းတွေက ကြည်လင်နေမယ်။ ရှင်းသန့်သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့်နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။
 

၁။သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလိုသွားလေးတွေဖွေးသန့်ဖို့ဈေးကြီးတဲ့သွားတိုက်ဆေးတွေ ဝယ်မသုံးနိုင်ရင် ဝမ်းမနည်းပါနဲ့။ သံပုရာရည်တစ်ဇွန်း၊ ဆိုဒါတစ်ဇွန်း၊ ဆား ဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေးကို ရရှိနိုင်ပါတယ်။ ဒီပစ္စည်းသုံးမျိုးကို ရောမွှေပြီးရင် မနက်၊ ည နှစ်ကြိမ် တိုက်ပါ။ ဒီအကုန်အကျ သက်သာတဲ့နည်းကို မယုံရင် စမ်းကြည့်လိုက်ပါ ဖြူဖွေးတောက်ပ နေစေရမယ်လို့ အာမခံပါတယ်။
 

၂။အသားမာတက်ပြီး အမည်းစွဲနေရင်

ဒူး၊ တံတောင်ဆစ်၊ ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို့
ကောင်းပါတယ်... လို့ ညည်းနေမယ့်အစား ဒီနည်းလေးကိုလုပ်ကြည့် လွယ်လွယ်လေးပါ။ သံပုရာသီးပဲလိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပုရာခြမ်းနဲ့နေ့စဉ် ပုံမှန်ပွတ်တိုက်ပေးပါ။ ထူးခြား ၏သိသာစွာ အညိုအမည်း၊ အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။
 

၃။မျက်ကွင်းညိုရင်

မျက်ဝန်းတဝိုက် ညိုပြီး အကြည့်ရဆိုးနေလို့ မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်းထင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေ အတွက်
မျက်ကွင်းညို၊ မျက်အိတ်တွဲ တာတွေ ပျောက်ဖို့ ဈေးကြီးတာတွေ ဝယ်မသုံးပါနဲ။ မီးဖိုထဲက အာလူးတစ်လုံးနဲ့တင် ကိစ္စပြီးပါတယ်။ အာလူးကိုအခွံနွာ၊ အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း၊ ပြီးရင် လက်နဲ့ ဆုပ်ပြီး အရည် ညှစ်၊ ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတဝိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ကြာအောင်ထားပါ။ အဲဒါကို နေ့စဉ် (သို့) ရက်ခြား ဆိုသလို အုံပေးရင်မျက်ကွင်းညိုခြင်းကနေ ကင်းဝေးပါလိမ့်မယ်။
 

၄။ရင်းနေတဲ့ ဝက်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အနာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ဝက်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့ တို့ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့အလို လို အဆံ ထွက်သွားပါလိမ့်မယ်။
 

၅။အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံး၀ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ်ချည်း သီးသန့်နဲ့ မျက်နှာကိုပွတ်တိုက် လိမ်းကျံပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့သွားပါလိမ့်မယ်။
 

၆။နေလောင်ရင် နွားနို့သုံး

နွားနို့နဲ့ ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာရှိခဲ့ပါတယ်။ နွားနို့နဲ့ရေချိုးပါလို့တော့ မတိုက်တွန်း ချင်ပါဘူး။ အကုန်အကျ မားလို့ ချောက်တွန်းတယ် ထင်မှာစိုးလို့ပါ။ ဒါပေမယ့်
ပင်လယ်ကမ်းစပ် သွားလို့ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ပဲ အသားမဲမဲ နွားနို့ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင်အအေးခံထားပြီး မလိုင်ကို စားပစ်ပါ။(မလိမ်းပါနဲ့ နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့ နေလောင်တဲ့ နေရာကိုပွတ်သပ် လိမ်းကျံပေးပါ။ မိနစ်အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။
 
(ပိုပိုလေး)

09 Jul 2020     1,783 Views




RELATED

Most Popular of Health Fix

Most Popular of Life Style